ၾကားသိရသမွ်

မြန်မာပြည်ကထွက်တဲ့ ကမ္ဘာ့မှာ အရှားဆုံးကျောက်

မြန်မာပြည်ကထွက်တဲ့ ကမ္ဘာ့မှာ အရှားဆုံးကျောက် (တကမ္ဘာလုံးမှာ ၂၆ လုံးပဲရှိပါတယ်)

မြန်မာပြည်ကထွက်တဲ့ ကမ္ဘာ့မှာ အရှားဆုံးကျောက်… ကမ္ဘာမှာအရှားဆုံး ကျောက်မျက်ရတနာဟာ မြန်မာပြည်ကထွက်တဲ့ ပိန်းနိုက် Painite ပါ။ 2016 ခုနှစ်ကရေးခဲ့တာမို့ အချက်အလက် အပြောင်းအလဲရှိနိုင်ပါတယ်။ memory တက်လာတာတွေ့လို့ ပြန်ရှယ်လိုက်တာပါ။

ဘာကြောင့်အရှားဆုံးလဲဆိုရင် ၁၉၇၉ အထိ တကမ္ဘာလုံးမှာ ၂ လုံးပဲရှိပါသတဲ့။ အခုအထိ ရှားမှန်းသိလို့ ရှာတာတောင်မှ တကမ္ဘာလုံးမှာ ၂၆ လုံးပဲရှာတွေ့သေးပါတယ်။ ဘယ်ကထွက်သလဲဆိုရင် မြန်မာပြည်ကပဲထွက်တယ်လို့ယူဆထားပါတယ်။ ဘာကြောင့် ပိန်းနိုက်လို့ခေါ်သလဲ။ မစ္စတာပိန်း A.C.D. Pain ဟာ မြန်မာပြည်ကဝယ်ခဲ့ပြီး ၁၉၅၄ မှာ British Museum ကိုလှုတော့မှ ကမ္ဘာမှာ အရှားဆုံးကျောက်အဖြစ်စသိပြီး Painite လို့ Mr. Pain ကိုဂုဏ်ပြုခေါ်တာပါ။

ပိန်းနိုက်တခုခြင်း ရာဇဝင်ပြောရင်ရှည်မှာစိုးလို့ အနည်းအကျဉ်းပဲပြောပါရစေ။ ပိန်းနိုက် ၄ ဟာ ၂၀၀၁ မှာတွေ့ပြီး အခု US National Museum, Smithsonian Institute မှာရှိပါတယ်။ ပိန်းနိုက် ၅ က ထိုင်းက ဓါတ်ခွဲခန်းမှာ ပိန်းနိုက်မှန်းအဖြေထုတ်ပေးတဲ့အခါမှာ စတွေ့ပါတယ်။ မြန်မာပိုင်ရှင်က မရောင်းပဲမြန်မာပြည်ပြန်ယူသွားပါတယ်။ ကျနော်ထင်တာတော့ အန်ကယ်ဂျွန်ရဲ့စာအုပ်ထဲမှာပါလို့ ရှားမှန်းသိပြီး သိမ်းထားတယ်ထင်ပါတယ်။ ပိန်းနိုက် ၆ နဲ့ ၇ ဟာ နန်းမြ (နန်းရာဆိပ်) မြန်မာပြည်မြောက်ပိုင်းက တွေ့ပါသတဲ့။

ပိန်းနိုက် ၈ နဲ့ ၁၀ ဟာ မိုးကုတ် အုန်းကိုင်းကတွေ့ပါသတဲ့။ ကျန်ပိန်းနိုက်တွေဟာလည်း မိုးကုတ်ပတ်ဝန်းကျင်က တွေ့တာပါတဲ့။ ပိန်းနိုက် ၉ ဟာ ရန်ကုန်မှာ ဂျပန်တယောက်က စျေးခေါ်ရောင်းတာတွေ့ပြီး အခု ဆွစ်စလန်မှာတဲ့။ ပိန်းနိုက် ၂၅ ဟာ မိုးကုတ်အနောက်ဘက် ကျောက်ပြဿဒ်၊ ဝက်လူးမှော်က ထွက်သတဲ့။ မိုးကုတ်အရှေ့ဘက် သူရိန်တောင်မှာလည်းတွေ့ရတယ် ဆိုပါတယ်။

မှတ်သားစရာက ပန်းနိုက်ဟာ လိမ္မော်၊ ပန်းနု၊ အညို စသဖြင့် အရောင်ကွဲပြီးတွေ့ရတယ်တဲ့။ ကျနော်ဟာ မိုးကုတ်ဒေသခံမဟုတ်လို့ အချက်အလက် နေရာ အခေါ်အဝေါ်ကို ပြင်သင့်လျှင် ပြင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ကျနော့ရည်ရွယ်ရင်းက အားလုံးဗဟုသုတရဖို့။ ကမ္ဘာမှာ အရှားဆုံးကျောက်ဟာ မြန်မာကပဲထွက်တာ သိဖို့၊ ကိုယ့်မြေကိုယ့်ရေ တန်ဖိုးကို စျေးပေါပေါနဲ့ အချောင်နှိုက်တာ မခံမိကြဖို့ပါပဲ။

Richard Myo Thant

ျမန္မာျပည္ကထြက္တဲ့ ကမၻာ့မွာ အရွားဆုံးေက်ာက္ (တကမၻာလုံးမွာ ၂၆ လုံးပဲရွိပါတယ္)

ျမန္မာျပည္ကထြက္တဲ့ ကမၻာ့မွာ အရွားဆုံးေက်ာက္… ကမၻာမွာအရွားဆုံး ေက်ာက္မ်က္ရတနာဟာ ျမန္မာျပည္ကထြက္တဲ့ ပိန္းနိုက္ Painite ပါ။ 2016 ခုႏွစ္ကေရးခဲ့တာမို႔ အခ်က္အလက္ အေျပာင္းအလဲရွိနိုင္ပါတယ္။ memory တက္လာတာေတြ႕လို႔ ျပန္ရွယ္လိုက္တာပါ။

ဘာေၾကာင့္အရွားဆုံးလဲဆိုရင္ ၁၉၇၉ အထိ တကမၻာလုံးမွာ ၂ လုံးပဲရွိပါသတဲ့။ အခုအထိ ရွားမွန္းသိလို႔ ရွာတာေတာင္မွ တကမၻာလုံးမွာ ၂၆ လုံးပဲရွာေတြ႕ေသးပါတယ္။ ဘယ္ကထြက္သလဲဆိုရင္ ျမန္မာျပည္ကပဲထြက္တယ္လို႔ယူဆထားပါတယ္။ ဘာေၾကာင့္ ပိန္းနိုက္လို႔ေခၚသလဲ။ မစၥတာပိန္း A.C.D. Pain ဟာ ျမန္မာျပည္ကဝယ္ခဲ့ၿပီး ၁၉၅၄ မွာ British Museum ကိုလႈေတာ့မွ ကမၻာမွာ အရွားဆုံးေက်ာက္အျဖစ္စသိၿပီး Painite လို႔ Mr. Pain ကိုဂုဏ္ျပဳေခၚတာပါ။

ပိန္းနိုက္တခုျခင္း ရာဇဝင္ေျပာရင္ရွည္မွာစိုးလို႔ အနည္းအက်ဥ္းပဲေျပာပါရေစ။ ပိန္းနိုက္ ၄ ဟာ ၂၀၀၁ မွာေတြ႕ၿပီး အခု US National Museum, Smithsonian Institute မွာရွိပါတယ္။ ပိန္းနိုက္ ၅ က ထိုင္းက ဓါတ္ခြဲခန္းမွာ ပိန္းနိုက္မွန္းအေျဖထုတ္ေပးတဲ့အခါမွာ စေတြ႕ပါတယ္။ ျမန္မာပိုင္ရွင္က မေရာင္းပဲျမန္မာျပည္ျပန္ယူသြားပါတယ္။ က်ေနာ္ထင္တာေတာ့ အန္ကယ္ဂၽြန္ရဲ့စာအုပ္ထဲမွာပါလို႔ ရွားမွန္းသိၿပီး သိမ္းထားတယ္ထင္ပါတယ္။ ပိန္းနိုက္ ၆ နဲ႔ ၇ ဟာ နန္းၿမ (နန္းရာဆိပ္) ျမန္မာျပည္ေျမာက္ပိုင္းက ေတြ႕ပါသတဲ့။

ပိန္းနိုက္ ၈ နဲ႔ ၁၀ ဟာ မိုးကုတ္ အုန္းကိုင္းကေတြ႕ပါသတဲ့။ က်န္ပိန္းနိုက္ေတြဟာလည္း မိုးကုတ္ပတ္ဝန္းက်င္က ေတြ႕တာပါတဲ့။ ပိန္းနိုက္ ၉ ဟာ ရန္ကုန္မွာ ဂ်ပန္တေယာက္က ေစ်းေခၚေရာင္းတာေတြ႕ၿပီး အခု ဆြစ္စလန္မွာတဲ့။ ပိန္းနိုက္ ၂၅ ဟာ မိုးကုတ္အေနာက္ဘက္ ေက်ာက္ျပႆဒ္၊ ဝက္လူးေမွာ္က ထြက္သတဲ့။ မိုးကုတ္အေရွ႕ဘက္ သူရိန္ေတာင္မွာလည္းေတြ႕ရတယ္ ဆိုပါတယ္။

မွတ္သားစရာက ပန္းနိုက္ဟာ လိေမၼာ္၊ ပန္းႏု၊ အညိဳ စသျဖင့္ အေရာင္ကြဲၿပီးေတြ႕ရတယ္တဲ့။ က်ေနာ္ဟာ မိုးကုတ္ေဒသခံမဟုတ္လို႔ အခ်က္အလက္ ေနရာ အေခၚအေဝၚကို ျပင္သင့္လၽွင္ ျပင္ေပးၾကဖို႔ ဖိတ္ေခၚပါတယ္။ က်ေနာ့ရည္ရြယ္ရင္းက အားလုံးဗဟုသုတရဖို႔။ ကမၻာမွာ အရွားဆုံးေက်ာက္ဟာ ျမန္မာကပဲထြက္တာ သိဖို႔၊ ကိုယ့္ေျမကိုယ့္ေရ တန္ဖိုးကို ေစ်းေပါေပါနဲ႔ အေခ်ာင္ႏွိုက္တာ မခံမိၾကဖို႔ပါပဲ။

Richard Myo Thant