ၾကားသိရသမွ်

ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ…

ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ” သမီး ၊ ဒီကိုလာစမ်း ။ လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ ”မိခင်မေးလိုက်သည့်

စကားကြာင့် မသန္တာစိုး အထိတ်တလန့် ဖြစ်သွားရသည် ။အသေအချာ ဖုံးကွယ်ထားပါလျက်နှင့် မြင်ဖြစ်အောင်မြင်သေးသည် ။” သမီးလည်း မသိဘူး

မေမေ ”” ဟဲ့ ၊ စန်းတင် ။ စုန်းစုပ်တာနေမှာပေါ့ ”အဘွား ဝင်ပြောလိုက်တာကြောင့် မိခင် မျက်မှောင် တစ်ချက် ကုတ်သွားသည်ကို မြင်လိုက်ရသည် ။”

ဟုတ် …ဟုတ်မယ် မေမေ ။ စုန်းစုပ်တာဖြစ်မယ် ”” ဒီခေတ်ကြီးမှာ စုန်းတွေ ကဝေတွေ မရှိတော့ဘူး ။ မေမေ့ကို မှန်မှန်ပြောစမ်း ”” တကယ်ပြောတာပါ

မေမေရာ ။ မေမေကသာ စုန်းမရှိဘူးပြောတာ ၊ စုန်းစုပ်ခံရတဲ့ ကောင်မလေးတွေ အများကြီးပဲ ။သမီးရဲ့ သူငယ်ချင်းတွေဆို လည်ပင်းမှာ အညိုကွက်ေ

တွဖြစ်နေလို့ သနပ်ခါးနဲ့တောင် ဖို့ထားရတာ ”” ဟင်း…ဟင်း….”ခနဲ့ပြီး ရယ်လိုက်တဲ့ မိခင်ရဲ့ ရယ်သံကြောင့် မသန္တာစိုး နေရထိုင်ရ ခက်သွားမိသည် ။”

စန်းတင် ၊ စုန်း ကဝေဆိုတာ ရှိတယ်ဟဲ့ ။ ရွာတည်ရင် စုန်းမရှိလို့ မရဘူး ”” အမေ မသိရင် ဝင်မပြောပါနဲ့ အမေရာ ။သမီး ညည်း မေမေက ငယ်ရာက ကြီးလာ

တာနော် ။ မှန်မှန်ပြောစမ်း ”” သမီး မညာပါဘူး မေမေရယ် ”” စုန်းက ဘယ်အချိန် စုပ်သွားရတာလဲ ”” သမီးလည်း ဘယ်သိပါ့မလဲ ”” လည်ပင်းကိုပဲ စုပ်တာ

လား ။ ပြစမ်းပါဦး ”” ဘာကို ပြရမှာလဲ မေမေ ”” ရင်ဘတ်တွေ ၊ ရင်သားတွေကို မေမေကြည့်ချင်တယ် ”” ဟာ…မေမေကလည်း ”” ဟင်း…ဟင်း ။ အမေကို

ညာဖို့ မကြိုးစားနဲ့ သမီး ”” ဟဲ့ ၊ စန်းတင် ။ နင့်တုန်းကလည်း စုန်းစုပ်ခံရတာ မမှတ်မိဘူးလား ။လည်ပင်းရော ၊ ရင်ဘတ်ရော ပေါင်မှာရောလေ ”” အမေ

………”” အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ် ”” အမေ…..မဆိုင်

ရင် ဝင်မပြောပါနဲ့လား ”” ဘာလို့ မဆိုင်ရမှာလဲ ။ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ ”” ဟာ…….အမေ……””

ငါတို့တုန်းက စုန်းစုပ်တာ သိပ်မရှိဘူးဟဲ့ ။ သနပ်ခါး ပျက်ရုံလေးပဲ ။နင်တို့လက်ထက်ကျမှ စုန်းက တစ်ကိုယ်လုံးကို စုပ်တော့တာ ။စန်းတင် ၊ နင် စုန်းစုပ်ခံရတုန်းကလို

နနွင်းလေး လူးပေးလိုက်စမ်းပါ ”” အမေရာ…..။ သမီး…မေမေ့ရှေ့က မြန်မြန် ထွက်သွားတော့ ”မိခင်ရှေ့က အမြန်ထွက်ရင်း အဘွား လှမ်းအော်လို

က်တဲ့စကားကြောင့် …မသန္တာစိုးတစ်ယောက် မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချလိုက်မိပါတော့တယ် ။” မြေးရေ ၊ ရေချိုးရင် ကြေးသေချာတွန်းကွယ့် ။ တော်ကြာ

စုန်း စိတ်ပျက်သွားမယ်”စကားချပ် ကိုယ်တေလဲငယ်ငယ်က အပျိုကြီးတော်တော်များများ စုန်းကိုက်ခံရတာမြင်ဖူးပါတယ်။ဆန်စေ့တွေ ဝါးပြီးလဲကပ်ပေးဖူးပါ

တယ်။ ကြီးမှသိတော့တယ် စုန်းတကယ်ရှိတာပဲပေါ့…။ဘဝအမောဖြေနိုင်ကြပါစေ……။

Credit

===========

Umicode

ကောင်မလေး လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ” သမီး ၊ ဒီကိုလာစမ်း ။ လည်ပင်းက အညိုကွက်က ဘာဖြစ်တာလဲ ”မိခင်မေးလိုက်သည့်

စကားကြာင့် မသန္တာစိုး အထိတ်တလန့် ဖြစ်သွားရသည် ။အသေအချာ ဖုံးကွယ်ထားပါလျက်နှင့် မြင်ဖြစ်အောင်မြင်သေးသည် ။” သမီးလည်း မသိဘူး

မေမေ ”” ဟဲ့ ၊ စန်းတင် ။ စုန်းစုပ်တာနေမှာပေါ့ ”အဘွား ဝင်ပြောလိုက်တာကြောင့် မိခင် မျက်မှောင် တစ်ချက် ကုတ်သွားသည်ကို မြင်လိုက်ရသည် ။”

ဟုတ် …ဟုတ်မယ် မေမေ ။ စုန်းစုပ်တာဖြစ်မယ် ”” ဒီခေတ်ကြီးမှာ စုန်းတွေ ကဝေတွေ မရှိတော့ဘူး ။ မေမေ့ကို မှန်မှန်ပြောစမ်း ”” တကယ်ပြောတာပါ

မေမေရာ ။ မေမေကသာ စုန်းမရှိဘူးပြောတာ ၊ စုန်းစုပ်ခံရတဲ့ ကောင်မလေးတွေ အများကြီးပဲ ။သမီးရဲ့ သူငယ်ချင်းတွေဆို လည်ပင်းမှာ အညိုကွက်ေ

တွဖြစ်နေလို့ သနပ်ခါးနဲ့တောင် ဖို့ထားရတာ ”” ဟင်း…ဟင်း….”ခနဲ့ပြီး ရယ်လိုက်တဲ့ မိခင်ရဲ့ ရယ်သံကြောင့် မသန္တာစိုး နေရထိုင်ရ ခက်သွားမိသည် ။”

စန်းတင် ၊ စုန်း ကဝေဆိုတာ ရှိတယ်ဟဲ့ ။ ရွာတည်ရင် စုန်းမရှိလို့ မရဘူး ”” အမေ မသိရင် ဝင်မပြောပါနဲ့ အမေရာ ။သမီး ညည်း မေမေက ငယ်ရာက ကြီးလာ

တာနော် ။ မှန်မှန်ပြောစမ်း ”” သမီး မညာပါဘူး မေမေရယ် ”” စုန်းက ဘယ်အချိန် စုပ်သွားရတာလဲ ”” သမီးလည်း ဘယ်သိပါ့မလဲ ”” လည်ပင်းကိုပဲ စုပ်တာ

လား ။ ပြစမ်းပါဦး ”” ဘာကို ပြရမှာလဲ မေမေ ”” ရင်ဘတ်တွေ ၊ ရင်သားတွေကို မေမေကြည့်ချင်တယ် ”” ဟာ…မေမေကလည်း ”” ဟင်း…ဟင်း ။ အမေကို

ညာဖို့ မကြိုးစားနဲ့ သမီး ”” ဟဲ့ ၊ စန်းတင် ။ နင့်တုန်းကလည်း စုန်းစုပ်ခံရတာ မမှတ်မိဘူးလား ။လည်ပင်းရော ၊ ရင်ဘတ်ရော ပေါင်မှာရောလေ ”” အမေ

………”” အေးလေ ၊ အဲဒီတုန်းက ငါတောင် နနွင်းမန်းတွေ လိမ်းပေးရသေးတယ် ။အညိုကွက်တွေ ထနေလိုက်တာ အများကြီးပဲလေဟယ် ”” အမေ…..မဆိုင်

ရင် ဝင်မပြောပါနဲ့လား ”” ဘာလို့ မဆိုင်ရမှာလဲ ။ငါ့မြေးကိစ္စ ငါဝင်ပါမှ ဖြစ်မှာပေါ့ ။နင်တောင် လင်ရပြီးတဲ့အထိ စုန်းစုပ်ခံရတုန်းလေ ”” ဟာ…….အမေ……””

ငါတို့တုန်းက စုန်းစုပ်တာ သိပ်မရှိဘူးဟဲ့ ။ သနပ်ခါး ပျက်ရုံလေးပဲ ။နင်တို့လက်ထက်ကျမှ စုန်းက တစ်ကိုယ်လုံးကို စုပ်တော့တာ ။စန်းတင် ၊ နင် စုန်းစုပ်ခံရတု

န်းကလို နနွင်းလေး လူးပေးလိုက်စမ်းပါ ”” အမေရာ…..။ သမီး…မေမေ့ရှေ့က မြန်မြန် ထွက်သွားတော့ ”မိခင်ရှေ့က အမြန်ထွက်ရင်း အဘွား လှမ်းအော်လို

*********