ၾကားသိရသမွ်

ဗိုက္အရမ္းစာေနတဲ့အခ်ိန္ အစာလာေကြၽးတဲ့သူေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ ေခြးေလး

ဗိုက်အရမ်းစာနေတဲ့အချိန် အစာလာကျွေးတဲ့သူကြောင့် မျက်ရည်ကျခဲ့ရတဲ့ ခွေးလေး

ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ လမ်းဘေးမှာ ခက်ခက်ခဲခဲနဲ့ ရှာဖွေစားသောက်ရတဲ့ လမ်းဘေးလေလွင့် ခွေးလေးတစ်ကောင်ရဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။

ယခုပြောပြမှာကတော့ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ မြောက်ပိုင်းရှိ လမ်းပေါ်မှာ သနားစရာမျက်နှာလေးနဲ့ ယောင်လည်လည် အစာလိုက်တောင်းနေတဲ့လေလွင့်ခွေးလေး တစ်ကောင်ကိုသူ့ဆီမှာကျန်ရှိနေတဲ့ ဝက်အူ ချောင်းအချို့ကို အဆိုပါ သနားစရာ ခွေးလေးကို လက်ကမ်းပြီးပေး လိုက်တော့ ခွေးလေးရဲ့ မျက်ဝန်းမှာ ဝမ်းနည်းဝမ်းသာ မျက်ရည် တွေနေခဲ့ပါတယ်။

သူ့ရဲ့လက်လေးကို မြှောက်ပြီးအစာတောင်းနေခဲ့တဲ့ မြင်ကွင်းလေးဟာ ကြည့်ရှု့သူတွေအဖို့ နှလုံးကြေကွဲဖွယ် ဖြစ်ရပ်လေးတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒီ ဗီဒီယိုကို သူမက အင်တာနက်ပေါ်ကို မျှဝေခဲ့ပါတယ်။သူမ ပြောပြတာကတော့ ” ကျွန်မနဲ့ ကျွန်မသူငယ်ချင်းအားလုံးက ပန်းခြံတစ်ခုဆီကို လမ်းလျှောက်သွားနေတုန်းမှာပဲ လမ်းပေါ်မှာလေလွင့် ခွေးလေးတစ်ကောင် ဗိုက်ဆာလွန်းလို့ အစာလိုက်တောင်နေတာကိုတွေ့တယ်။

ချစ်ဖို့ကောင်းပြီး သနားဖို့လည်းကောင်းတဲ့ အဲ့ဒီခွေးလေးကိုကျွန်မတို့က ပါလာတဲ့ အစာလေးကျွေးတော့ သူ ချက်ချင်းကို ငိုချတော့တာပဲ။ဒါနဲ့ပဲ ကျွန်မတို့က အဲ့ဒီခွေးလေးကို အိမ်ကိုခေါ်သွားကြဖို့ ဆုံးဖြတ်လိုက်ပြီး ကားပေါ်တင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ သူက ကျွန်မရဲ့လက်ထဲကနေ ရုန်းပြီး ခုန်ထွက်သွားခဲ့တယ်။ပြီးတော့ လမ်းပေါ်မှာပဲ လျှောက်သွားနေခဲ့တယ်” လို့ ဆိုပါတယ်။ အဲ့ဒီအမျိုးသမီးဟာ အဆိုပါခွေးလေးကို ခွေးဖမ်းတဲ့လူတွေရဲ့လက်ထဲကို ရောက်သွားမှာကိုစိုးရိမ်တာကြောင့် ပန်းခြံထဲကို ဒုတိယအကြိမ် ပြန်သွားပြီး သူအစာကျွေးခဲ့တဲ့ ခွေးလေးကို ဂရုတစိုက်နဲ့ အစာသွားကျွေးနေခဲ့ပါသေးတယ် ။

” မနေ့ကလည်း ခွေးလေးကို ထပ်ပြီးတော့ ကျွန်မ ပြန်သွားရှာခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ သူ့ကို မတွေ့ခဲ့ဘူး။နောက်နေ့ မှပဲ သွားထပ်ရှာပြီး လမ်းပေါ်က သန့်ရှင်းရေးသမားကို မေးကြည့်လိုက်မယ် ” လို့ ပြောပြခဲ့ပါတယ်။သူမတင်ပေးလိုက်တဲ့ ဗီဒီယိုဟာ Online အသုံးပြုသူတွေ ကြားထဲမှာ ကြည့်ရှု့သူဆီကနေ အံ့ဩဖို့ကောင်းလောက်အောင် တုံ့ပြန်မှုများစွာကို ရရှိခဲ့ပြီး ” အဲ့ဒီခွေးလေးကိုလည်း အလစ်သုတ်သမားတွေ မဖမ်းမိကြစေဖို့ မျှော်လင့်ပါတယ်။

ဒီခွေးလေးမှာ နူးညံ့တဲ့ မျက်လုံးလေးတစ်စုံရှိတယ် ကျေးဇူးပြုပြီး သူထိခိုက်ဒဏ်ရာမရပါစေနဲ့ ” ဆိုပြီးအဆိုပါ ခွေးလေးအတွက် ကြည့်ရှု့သူတွေ အားလုံးက စိတ်ပူစွာနဲ့ မှတ်ချက်များစွာလည်း ပေးခဲ့ကြပါသေးတယ်။ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ဒီစာလေးကိုဖတ်ရှု့ပြီး လမ်းဘေးက ခွေးလေးတွေလည်း ချစ်စရာကောင်းပြီးလှပတဲ့နှလုံးသားလေးတွေ ရှိတဲ့လမ်းဘေးကခွေးလေးတွေ အစာလာတောင်းကြတဲ့အခါ မကန်ထုတ်ကြဖို့နဲ့ ဂဲတွေနဲ့ မထုကြဖို့ကို မေတ္တာရပ်ခံလိုက်ပါတယ်နော်။

ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Source :

zawgyi

ဗိုက္အရမ္းစာေနတဲ့အခ်ိန္ အစာလာေကြၽးတဲ့သူေၾကာင့္ မ်က္ရည္က်ခဲ့ရတဲ့ ေခြးေလး

ခ်စ္ပရိသတ္ႀကီးေရ ယခုေျပာျပေပးသြားမယ့္ အေၾကာင္းအရာေလးကေတာ့ လမ္းေဘးမွာ ခက္ခက္ခဲခဲနဲ႔ ရွာေဖြစားေသာက္ရတဲ့ လမ္းေဘးေလလြင့္ ေခြးေလးတစ္ေကာင္ရဲ႕ အေၾကာင္းေလးပဲ ျဖစ္ပါတယ္။

ယခုေျပာျပမွာကေတာ့ တ႐ုတ္ႏိုင္ငံမွာ ေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ေျမာက္ပိုင္းရွိ လမ္းေပၚမွာ သနားစရာမ်က္ႏွာေလးနဲ႔ ေယာင္လည္လည္ အစာလိုက္ေတာင္းေနတဲ့ေလလြင့္ေခြးေလး တစ္ေကာင္ကိုသူ႔ဆီမွာက်န္ရွိေနတဲ့ ဝက္အူ ေခ်ာင္းအခ်ိဳ႕ကို အဆိုပါ သနားစရာ ေခြးေလးကို လက္ကမ္းၿပီးေပး လိုက္ေတာ့ ေခြးေလးရဲ႕ မ်က္ဝန္းမွာ ဝမ္းနည္းဝမ္းသာ မ်က္ရည္ ေတြေနခဲ့ပါတယ္။

သူ႔ရဲ႕လက္ေလးကို ေျမႇာက္ၿပီးအစာေတာင္းေနခဲ့တဲ့ ျမင္ကြင္းေလးဟာ ၾကည့္ရႈ႕သူေတြအဖို႔ ႏွလုံးေၾကကြဲဖြယ္ ျဖစ္ရပ္ေလးတစ္ခု ျဖစ္ေစခဲ့ပါတယ္။ ဒီ ဗီဒီယိုကို သူမက အင္တာနက္ေပၚကို မွ်ေဝခဲ့ပါတယ္။သူမ ေျပာျပတာကေတာ့ ” ကြၽန္မနဲ႔ ကြၽန္မသူငယ္ခ်င္းအားလုံးက ပန္းၿခံတစ္ခုဆီကို လမ္းေလွ်ာက္သြားေနတုန္းမွာပဲ လမ္းေပၚမွာေလလြင့္ ေခြးေလးတစ္ေကာင္ ဗိုက္ဆာလြန္းလို႔ အစာလိုက္ေတာင္ေနတာကိုေတြ႕တယ္။

ခ်စ္ဖို႔ေကာင္းၿပီး သနားဖို႔လည္းေကာင္းတဲ့ အဲ့ဒီေခြးေလးကိုကြၽန္မတို႔က ပါလာတဲ့ အစာေလးေကြၽးေတာ့ သူ ခ်က္ခ်င္းကို ငိုခ်ေတာ့တာပဲ။ဒါနဲ႔ပဲ ကြၽန္မတို႔က အဲ့ဒီေခြးေလးကို အိမ္ကိုေခၚသြားၾကဖို႔ ဆုံးျဖတ္လိုက္ၿပီး ကားေပၚတင္ဖို႔ ႀကိဳးစားခဲ့ၾကေပမဲ့ သူက ကြၽန္မရဲ႕လက္ထဲကေန ႐ုန္းၿပီး ခုန္ထြက္သြားခဲ့တယ္။ၿပီးေတာ့ လမ္းေပၚမွာပဲ ေလွ်ာက္သြားေနခဲ့တယ္” လို႔ ဆိုပါတယ္။ အဲ့ဒီအမ်ိဳးသမီးဟာ အဆိုပါေခြးေလးကို ေခြးဖမ္းတဲ့လူေတြရဲ႕လက္ထဲကို ေရာက္သြားမွာကိုစိုးရိမ္တာေၾကာင့္ ပန္းၿခံထဲကို ဒုတိယအႀကိမ္ ျပန္သြားၿပီး သူအစာေကြၽးခဲ့တဲ့ ေခြးေလးကို ဂ႐ုတစိုက္နဲ႔ အစာသြားေကြၽးေနခဲ့ပါေသးတယ္ ။

” မေန႔ကလည္း ေခြးေလးကို ထပ္ၿပီးေတာ့ ကြၽန္မ ျပန္သြားရွာခဲ့ပါတယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ သူ႔ကို မေတြ႕ခဲ့ဘူး။ေနာက္ေန႔ မွပဲ သြားထပ္ရွာၿပီး လမ္းေပၚက သန႔္ရွင္းေရးသမားကို ေမးၾကည့္လိုက္မယ္ ” လို႔ ေျပာျပခဲ့ပါတယ္။သူမတင္ေပးလိုက္တဲ့ ဗီဒီယိုဟာ Online အသုံးျပဳသူေတြ ၾကားထဲမွာ ၾကည့္ရႈ႕သူဆီကေန အံ့ဩဖို႔ေကာင္းေလာက္ေအာင္ တုံ႔ျပန္မႈမ်ားစြာကို ရရွိခဲ့ၿပီး ” အဲ့ဒီေခြးေလးကိုလည္း အလစ္သုတ္သမားေတြ မဖမ္းမိၾကေစဖို႔ ေမွ်ာ္လင့္ပါတယ္။

ဒီေခြးေလးမွာ ႏူးညံ့တဲ့ မ်က္လုံးေလးတစ္စုံရွိတယ္ ေက်းဇူးျပဳၿပီး သူထိခိုက္ဒဏ္ရာမရပါေစနဲ႔ ” ဆိုၿပီးအဆိုပါ ေခြးေလးအတြက္ ၾကည့္ရႈ႕သူေတြ အားလုံးက စိတ္ပူစြာနဲ႔ မွတ္ခ်က္မ်ားစြာလည္း ေပးခဲ့ၾကပါေသးတယ္။ဖတ္ရႈ႕အားေပးခဲ့ၾကတဲ့ ခ်စ္ပရိသတ္ႀကီးလည္း ဒီစာေလးကိုဖတ္ရႈ႕ၿပီး လမ္းေဘးက ေခြးေလးေတြလည္း ခ်စ္စရာေကာင္းၿပီးလွပတဲ့ႏွလုံးသားေလးေတြ ရွိတဲ့လမ္းေဘးကေခြးေလးေတြ အစာလာေတာင္းၾကတဲ့အခါ မကန္ထုတ္ၾကဖို႔နဲ႔ ဂဲေတြနဲ႔ မထုၾကဖို႔ကို ေမတၱာရပ္ခံလိုက္ပါတယ္ေနာ္။

ပရိသတ္ႀကီးအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္။

Source :