စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်း Page ၊ Group နှင့် Accounts များ အားလုံး ထပ်မံဖယ်ရှား အရေးယူမှု တိုးမြှင့်ဟု Facebook (ခ) Metaက တရားဝင် ယနေ့ ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၈ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ အပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန်ကြေညာသည်။စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်
ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့်အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေညာသည်။ ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့်တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှုဖြစ်ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့်
လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်လျက်ရှိသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။ စစ်တပ်က ကျူးလွန်မှု အချက်အလက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လူအခွင့်အရေးဆိုင်ရာ
အဖွဲ့အစည်းတို့က အသေးစိတ်လေ့လာစီစစ်မှတ်တမ်းတင်ထားတာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် အခြား နိုင်ငံတကာ အစိုးရများ၏ အရေးယူပိတ်ဆို့မှုများကိုလည်း အခြေခံကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။” မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှု နဲ့ ၎င်းတို့ရဲ့ သက်ရောက်မှု ဟာ အလွန်ကျယ်ပြန့်တဲ့အလျောက် အမြဲတမ်းတိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု
တွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်း ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာ ကို အခြေခံပြီး ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ နဲ့အညီ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်” ဟု Meta က ဆိုသည်။
မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက်လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပြီး ပြည်သူများ ဘေးကင်းစေရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုများထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Meta က ကြေညာသည်။
Unicode
စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်း Page ၊ Group နှင့် Accounts များ အားလုံး ထပ်မံဖယ်ရှား အရေးယူမှု တိုးမြှင့်ဟု Facebook (ခ) Metaက တရားဝင် ယနေ့ ကြေညာ
ရန်ကုန်၊ ဒီဇင်ဘာ ၈ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ အပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန်ကြေညာသည်။စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့်
အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် ကြေညာသည်။ ယခုနှစ်ဆန်းပိုင်းမှာ ကြေညာခဲ့သည့်တပ်မတော်ပိုင်လုပ်ငန်းတွေကို ကြော်ငြာခွင့်တားမြစ်ခဲ့ပြီး နောက်ဆက်တွဲ ပိတ်ပင်အရေးယူမှုဖြစ်ကြောင်း၊ စစ်တပ်က ဆက်တိုက်ကျူးလွန်လျက်ရှိသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်အကြမ်းဖက်မှုလုပ်ရပ်များအတွက် အဆိုပါ စီးပွားရေးလုပ်ငန်းတွေမှ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုမှာ တိုက်ရိုက်ပါဝင်
လျက်ရှိသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စုစည်းတင်ပြထားသည့် အချက်အလက်များအပေါ် အခြေခံကာ ယခုအရေးယူဆောင်ရွက်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း Meta က ဆိုသည်။ စစ်တပ်က ကျူးလွန်မှု အချက်အလက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်လူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတို့က အသေးစိတ်လေ့လာစီစစ်မှတ်တမ်းတင်ထားတာဖြစ်ပြီး အမေရိကန်၊ ဥရောပသမဂ္ဂ နှင့် အခြား နိုင်ငံတကာ အစိုးရများ၏ အရေးယူ
ပိတ်ဆို့မှုများကိုလည်း အခြေခံကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။” မြန်မာ့တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်း ပိုင်ဆိုင်မှု နဲ့ ၎င်းတို့ရဲ့ သက်ရောက်မှု ဟာ အလွန်ကျယ်ပြန့်တဲ့အလျောက် အမြဲတမ်းတိတိကျကျ သတ်မှတ်ဆုံးဖြတ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု
တွေကို ဖော်ပြထားတဲ့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်း ရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာ ကို အခြေခံပြီး ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ နဲ့အညီ ယခုအရေးယူဆောင်ရွက်မှုကို လုပ်ဆောင်တာပဲ ဖြစ်ပါတယ်” ဟု Meta က ဆိုသည်။
မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက်လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပြီး ပြည်သူများ ဘေးကင်းစေရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုများထပ်မံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Meta က ကြေညာသည်။
Crd