ခံတြင္းက်န္းမာေရး ျပႆနာေတြဟာ တစ္ကိုယ္ေရ သန္႔ရွင္းမႈ ရွိတာမရွိတာနဲ႔ အဓိက သက္ဆိုင္ေနတာမဟုတ္ပါဘူး။
တခါတေလမွာ မိမိစားေနတဲ့ အစားအစာေတြနဲ႔ ခံတြင္းရွိ မျမင္ႏိုင္တဲ့ေနရာေတြမွာ ဘက္တီးရီးယားပိုးမႊားႀကီးထြားမႈေတြ ရဲ့ ရလဒ္ေၾကာင့္ ျဖစ္ပါတယ္။
အုန္းဆီ စားပြဲတင္ဇြန္း တစ္ဇြန္းကို ေန႔စဥ္အသံုးျပဳေပးတာဟာ ခံတြင္းဆိုင္ရာ ျပႆနာေတြကို ေကာင္းမြန္ေစသလို သြားပိုးစားတာကေန ကာကြယ္ေပးတယ္ဆိုတာ သင္သိၿပီးၿပီလား။
အုန္းဆီမွာ Antifungal၊ Antibacterial ၊ Antimicrobial စတဲ့ ဂုဏ္သတၱိေတြပါ၀င္တာေၾကာင့္ သြားပိုးစားတာ သြားေက်ာက္တည္တာေတြကို ေစ်းႀကီးေပး၀ယ္ရတဲ့ သြားတိုက္ေဆးေတြထက္
ကုသေပးႏိုင္ပါတယ္။
မၾကာေသးမီက ေလ့လာေတြ႔ရွိခ်က္အရ အုန္းဆီဟာ ခံတြင္းထဲက ဘက္တီးရီးယားပိုးမႊားေတြအားလံုးကို တိုက္ဖ်က္ႏိုင္တယ္လို႔ ဆိုပါတယ္။
ဒီေတာ့ သြားေတြကို ျဖဴေဖြးခိုင္မာၿပီး ခံတြင္းဆိုင္ရာ ေရာဂါေတြကေန ကင္းေ၀းႏိုင္ဖို႔ မိမိအိမ္မွာ အလြယ္တကူျပဳလုပ္လို႔ရမဲ့ နည္းလမ္းေလးကို ေျပာျပေပးခ်င္ပါတယ္။
ပါဝင္ပစၥည္း
အုန္းဆီ စားပြဲတင္ဇြန္း ၇ ဇြန္း
မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း ၇ ဇြန္း
ခႏၱာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဆီ (Essential Oil) အစက္ ၃၀ (အပင္ရဲ့ အစိတ္အပိုင္းေတြက ထုတ္ယူရရွိတဲ့ အဆီမ်ား)
စတီးဗီးယား (Stevia) (စတီးဗီးယားအရြက္က ထုတ္လုပ္တဲ့ သၾကား) လက္ဖက္ရည္ဇြန္း ၁ ၁/၂
ျပဳလုပ္နည္း
ပါ၀င္ပစၥည္းအားလံုးကို ေရာေႏွာၿပီး မိမိပံုမွန္တိုက္ေနတဲ့ သြားတိုက္ေဆးေနရာမွာ အစားထိုးၿပီး တိုက္ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mystyle
# Unicode Version # ျဖင့္ ဖတ္ပါ #
ခံတွင်းကျန်းမာရေး ပြဿနာတွေဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု ရှိတာမရှိတာနဲ့ အဓိက သက်ဆိုင်နေတာမဟုတ်ပါဘူး။
တခါတလေမှာ မိမိစားနေတဲ့ အစားအစာတွေနဲ့ ခံတွင်းရှိ မမြင်နိုင်တဲ့နေရာတွေမှာ ဘက်တီးရီးယားပိုးမွှားကြီးထွားမှုတွေ ရဲ့ ရလဒ်ကြောင့် ဖြစ်ပါတယ်။
အုန်းဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို နေ့စဉ်အသုံးပြုပေးတာဟာ ခံတွင်းဆိုင်ရာ ပြဿနာတွေကို ကောင်းမွန်စေသလို သွားပိုးစားတာကနေ ကာကွယ်ပေးတယ်ဆိုတာ သင်သိပြီးပြီလား။
အုန်းဆီမှာ Antifungal၊ Antibacterial ၊ Antimicrobial စတဲ့ ဂုဏ်သတ္တိတွေပါဝင်တာကြောင့် သွားပိုးစားတာ သွားကျောက်တည်တာတွေကို ဈေးကြီးပေးဝယ်ရတဲ့ သွားတိုက်ဆေးတွေထက်
ကုသပေးနိုင်ပါတယ်။
မကြာသေးမီက လေ့လာတွေ့ရှိချက်အရ အုန်းဆီဟာ ခံတွင်းထဲက ဘက်တီးရီးယားပိုးမွှားတွေအားလုံးကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။
ဒီတော့ သွားတွေကို ဖြူဖွေးခိုင်မာပြီး ခံတွင်းဆိုင်ရာ ရောဂါတွေကနေ ကင်းဝေးနိုင်ဖို့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်လို့ရမဲ့ နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
အုန်းဆီ စားပွဲတင်ဇွန်း ၇ ဇွန်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၇ ဇွန်း
ခန္တာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆီ (Essential Oil) အစက် ၃၀ (အပင်ရဲ့ အစိတ်အပိုင်းတွေက ထုတ်ယူရရှိတဲ့ အဆီများ)
စတီးဗီးယား (Stevia) (စတီးဗီးယားအရွက်က ထုတ်လုပ်တဲ့ သကြား) လက်ဖက်ရည်ဇွန်း ၁ ၁/၂
ပြုလုပ်နည်း
ပါဝင်ပစ္စည်းအားလုံးကို ရောနှောပြီး မိမိပုံမှန်တိုက်နေတဲ့ သွားတိုက်ဆေးနေရာမှာ အစားထိုးပြီး တိုက်ပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:mystyle