သမီးက နိုင်ငံခြားမှာ ရောင်းစားခံရလို့ စိတ်မနှံ့တဲ့ မြေးလေးကို ပဲပြုတ်ရောင်းပြီး ရှာကျွေးနေရတဲ့ အဖွား စိတ်မနှံ့ မြေးမလေးအတွက်…အိမ်အပြန် မုန့်ဝယ်သွားမယ်`ပဲကတ္ထီပါပြုတ် ပူပူလေးဝယ်ကြအုံးမလား‘ တလှမ်းချင်း မနည်းလျှောက်နေရတဲ့ အဖွားကို မြင်လိုက်မိ။အဖွားရေ…လာပါအုံး ဗျ။ သား ပဲကတ္ထီပါပြုတ် ဝယ်မလို့လား၊ ဟုတ်…အဖွား ဘယ်လိုရောင်းလဲ ဗျ၊ တထုပ် (၅၀၀)ကျပ်ပါ သားရယ်…သား ဘယ်နှထုပ် ယူမလဲ၊ သား မြည်းကြည့်ပါ အဖွား ပဲက ချိုတယ် စားကောင်းတယ်
ဒါဆို သားမြည်းကြည့်မယ်…အွန်း ချိုတယ် အဖွား စားကောင်းတယ်။ အဖွားဈေးဦးကောပေါက်ပြီလား၊ မပေါက်သေးပါဘူး သားရယ်အဖွားဒါတွေအကုန် ရောင်းရရင်…ဘယ်လောက်ကျန်လဲ။ သားရယ်…ဒါဆို အကုန် (၈)ထောင်ဖိုး ရှိတယ်…အဖွား အတွက် ကျန်လဲ (၂)ထောင်လောက်ပဲကျန်တာသား။ အမ် ဟုတ်လား အဖွား (၂)ထောင်လောက်ပဲ ကျန်တာပေါ့။ဟုတ်တယ် သားရယ်…(၂)ထောင်ရလဲ အဖွားတို့ မြေးဖွားတွေ ထမင်းစားလို့ရရင် ရပါပြီ သားရယ်…ဒီလိုပဲ ဘဝကို ဖြတ်သန်းနေရတာ၊ အွန်း…အဖွား ပဲက စားလို့ကောင်းတယ် သား အကုန် ယူမယ်ဗျာ
ဟာ…ဝမ်းသာလိုက်တာ…အဖွား လမ်းတွေအများကြီး မလျှောက်ရတော့ဘူးပေါ့။ ဒါပေါ့ အဖွားရဲ့အဖွား အားလုံး ဘယ်လောက်ကျလဲတွက်ကြရအောင်ဘယ်နှထုပ်ရှိလဲ ဆိုတော့၊ အားလုံး (၁၆)ထုပ်ရှိတယ်နော် အဖွား…စုပေါင်း (၈)ထောင်ပဲ ကျတယ်အဖွားတွက်ဘယ်ကျန်တော့မလဲ ရပါတယ်သားရယ်အဖွား ခေါင်းတွေလဲ မူး… ခြေထောက်က နာနေတာ လမ်းမလျှောက်ရတာနဲ့တင် ကျေးဇူးတင်နေပါပြီ…အရင်းရရင် အဖွား ပျော်ပါပြီ သားရယ်။ အဖွား ရော့ ၁၀၀၀၀၀ ပဲကတ္ထီပါပြုတ်ဖိုးနော်
အမ် အများကြီးပဲ သားရယ်…ပိုနေတယ်။ ပိုနေတာ အဖွား ဘာလုပ်ချင်တဲ့ ဆန္ဒရှိလဲ။စိတ်မနှံ့တဲ့ မြေးမလေးအတွက်…မုန့်ဝယ်သွားမယ်။ အဖွားအိမ်လစာ ပေးချင်တယ် ဒါဆို အဲ့ပိုနေတာ သား မယူတော့ဘူး…အဖွား လုပ်ချင်တဲ့ ဆန္ဒလေး လုပ်လိုက်ပါနော်။ ဟာ…သားရယ် အဖွားအရမ်းပျော်လိုက်တာ..လမ်းတွေ အများကြီး မလျှောက်ရတာနဲ့တင် ပျော်နေတာ…ခုလို အများကြီး ပေးတော့ အဖွား အရမ်းပျော်တာပဲ။ရပါတယ် အဖွားရယ်…အဖွား ခြေထောက်တွက် ဦးသာရင် လိမ်းဆေးနှင့်ရှူးဆေးလေး ပေးလိုက်မယ်နော် အဖွား ဂရုစိုက်ပြီ ပြန်နော်။ အေးပါ သားရယ်…အဖွား ဖြေးဖြေးလေးပဲ လျှောက်ပါမယ်။
အဖွား အသက် (၇၄)နှစ်။ သမီးဖြစ်သူက နိုင်ငံခြားမှာဆိုပြီ ရောင်းစားခံရတာလား မသိ…ဆက်သွယ်မရ။ မြေးမလေး (၂)ယောက်ကျန်ခဲ့တယ်။ အကြီးလေးက စိတ်ဝေဒနာသည်လို့ သိရပါတယ်။ အိမ်ငှါးနေတာပါ…တလ (၅)သောင်းတဲ့။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)ဪ…အဖွား ရယ်ပြုံးသွားတာလေး ကြည့်ပြီ…စိတ်ထဲ ဝမ်းနည်း ဝမ်းသာကြီး ကျန်ခဲ့ရတယ်။ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ
ZAWGYI
သမီးက နိုင်ငံခြားမှာ ရောင်းစားခံရလို့ စိတ်မနှံ့တဲ့ မြေးလေးကို ပဲပြုတ်ရောင်းပြီး ရှာကျွေးနေရတဲ့ အဖွား စိတ်မနှံ့ မြေးမလေးအတွက်…အိမ်အပြန် မုန့်ဝယ်သွားမယ်`ပဲကတ္ထီပါပြုတ် ပူပူလေးဝယ်ကြအုံးမလား‘ တလှမ်းချင်း မနည်းလျှောက်နေရတဲ့ အဖွားကိုမြင်လိုက်မိ။အဖွားရေ…လာပါအုံးဗျ။ သားပဲကတ္ထီပါပြုတ် ဝယ်မလို့လား၊ ဟုတ်…အဖွား ဘယ်လိုရောင်းလဲ ဗျ၊ တထုပ် (၅၀၀)ကျပ်ပါ သားရယ်…သား ဘယ်နှထုပ် ယူမလဲ၊ သား မြည်းကြည့်ပါ အဖွား ပဲက ချိုတယ် စားကောင်းတယ်
ဒါဆို သားမြည်းကြည့်မယ်…အွန်း ချိုတယ် အဖွား စားကောင်းတယ်။ အဖွား ဈေးဦးကော ပေါက်ပြီလား၊မပေါက်သေးပါဘူးသားရယ်အဖွားဒါတွေအကုန် ရောင်းရရင်…ဘယ်လောက်ကျန်လဲ။သားရယ်…ဒါဆိုအကုန်(၈)ထောင်ဖိုးရှိတယ်…အဖွားအတွက်ကျန်လဲ(၂)ထောင်လောက်ပဲ ကျန်တာသား။ အမ် ဟုတ်လား အဖွား (၂)ထောင်လောက်ပဲ ကျန်တာပေါ့။ဟုတ်တယ် သားရယ်…(၂)ထောင်ရလဲ အဖွားတို့ မြေးဖွားတွေ ထမင်းစားလို့ရရင်ရပါပြီ သားရယ်…ဒီလိုပဲဘဝကို ဖြတ်သန်းနေရတာ၊ အွန်း…အဖွား ပဲက စားလို့ကောင်းတယ် သား အကုန် ယူမယ်ဗျာ
ဟာ…ဝမ်းသာလိုက်တာ…အဖွား လမ်းတွေအများကြီး မလျှောက်ရတော့ဘူးပေါ့။ ဒါပေါ့ အဖွားရဲ့အဖွား အားလုံး ဘယ်လောက်ကျလဲ တွက်ကြရအောင်ဘယ်နှထုပ်ရှိလဲ ဆိုတော့၊ အားလုံး (၁၆)ထုပ်ရှိတယ်နော် အဖွား…စုပေါင်း (၈)ထောင်ပဲ ကျတယ်အဖွားတွက် ဘယ်ကျန်တော့မလဲ ရပါတယ် သားရယ်အဖွား ခေါင်းတွေလဲ မူး… ခြေထောက်က နာနေတာ လမ်းမလျှောက်ရတာနဲ့တင် ကျေးဇူးတင်နေပါပြီ…အရင်းရရင် အဖွား ပျော်ပါပြီ သားရယ်။ အဖွား ရော့ ၁၀၀၀၀၀ ပဲကတ္ထီပါပြုတ်ဖိုးနော်
အမ် အများကြီးပဲ သားရယ်…ပိုနေတယ်။ ပိုနေတာ အဖွား ဘာလုပ်ချင်တဲ့ ဆန္ဒရှိလဲ။ စိတ်မနှံ့တဲ့ မြေးမလေးအတွက်…မုန့်ဝယ်သွားမယ်။အဖွားအိမ်လစာ ပေးချင်တယ် ဒါဆို အဲ့ပိုနေတာ သား မယူတော့ဘူး…အဖွား လုပ်ချင်တဲ့ ဆန္ဒလေး လုပ်လိုက်ပါနော်။ ဟာ…သားရယ် အဖွား အရမ်း ပျော်လိုက်တာ..လမ်းတွေ အများကြီး မလျှောက်ရတာနဲ့တင် ပျော်နေတာ…ခုလို အများကြီး ပေးတော့ အဖွား အရမ်းပျော်တာပဲ။ရပါတယ် အဖွားရယ်…အဖွား ခြေထောက်တွက် ဦးသာရင် လိမ်းဆေးနှင့်ရှူးဆေးလေး ပေးလိုက်မယ်နော် အဖွား ဂရုစိုက်ပြီ ပြန်နော်။ အေးပါ သားရယ်…အဖွား ဖြေးဖြေးလေးပဲ လျှောက်ပါမယ်။
အဖွား အသက် (၇၄)နှစ်။ သမီးဖြစ်သူက နိုင်ငံခြားမှာဆိုပြီ ရောင်းစားခံရတာလား မသိ…ဆက်သွယ်မရ။ မြေးမလေး (၂)ယောက်ကျန်ခဲ့တယ်။အကြီးလေးက စိတ်ဝေဒနာသည်လို့ သိရပါတယ်။ အိမ်ငှါးနေတာပါ…တလ (၅)သောင်းတဲ့။ (ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော(၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျ)ဪ…အဖွား ရယ်ပြုံးသွားတာလေး ကြည့်ပြီ…စိတ်ထဲ ဝမ်းနည်း ဝမ်းသာကြီး ကျန်ခဲ့ရတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက ကိုပူတူးနှင့်ဘော်ဒါများ