ၾကားသိရသမွ်


သင့် လက်ကိုင်ဖုန်းကို လုံးဝ မထားသင့်သောနေရာ ၁၀ မျိုး

လက်ကိုင်ဖုန်းတွေဟာ ယနေ့ ခေတ်အခါမှာ လူတိုင်းအတွက် မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်နေပါပြီ။အိမ်သာသွားရင်တောင်မှ လက်ကိုင်ဖုန်းပါမှ လုံလောက်မယ်လို့ ပြောရမယ့် အခြေအနေပါ။သင့်လက်ကိုင်ဖုန်းကို စနစ်တကျ အသုံးပြုရင် ကျန်းမာရေးကို

ထိခိုက်မှု မရှိနိုင်ပေမယ့် ဖုန်းအသုံးပြုပုံ၊ အသုံးပြုနည်း မမှန်ကန်ရင် (ဥပမာ တစ်ချိန်လုံး ဂိမ်းဆော့နေတာ၊အချိန်ပြည့် ဖေ့စ်ဘွတ်ခ် ကြည့်နေတာ၊ဖုန်းကို နားနဲ့ကပ်ပြီး အချိန် အကြာကြီး စကား ပြောနေတာ) ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဒါ့အပြင် သင့်ဖုန်းကို ထားတဲ့နေရာကြောင့် လည်း သင့်ကျန်းမာရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။အောက်မှာ ပြောထားတာတွေက သင့်လက်ကိုင်ဖုန်း မထားသင့်တဲ့ နေရာတွေပါ။

၁။ ဘောင်းဘီအနောက်ဘက်အိတ် – ဒီနေရာက အမျိုးသားတွေအတွက် လက်ကိုင်ဖုန်းထားဖို့ အကြိုက်ဆုံးနေရာပါ။ဘောင်းဘီအနောက်ဘက် အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ဖုန်းခလုတ်နဲ့ မတော်တဆထိမိပြီး ဖုန်းခေါ်မိသွားတာမျိုးတွေ ဖြစ်နိုင်သလို ရုတ်တရက် ထိုင်မိတာကြောင့် ဖုန်းမျက်နှာပြင်ကွဲတာ၊ ဖုန်း ပြုတ်ကျပြီး ပျောက်ရှတာတွေ ဖြစ်နိုင်ပါတယ်။ဒါ့အပြင် အနောက်ဘက်အိတ်မှာ ဖုန်းထည့်ထားတာကြောင့် ခြေထောက် နာကျင်တဲ့ဝေဒနာ ခံစားရနိုင်ပါတယ်။

၂။ ဘောင်းဘီအရှေ့ဘက် အိတ်တွင် ထားခြင်း – ဘောင်းဘီအရှေ့ဘက်အိတ်မှာ ဖုန်းထားဖို့လည်း မသင့်တော်ပါဘူး။အဲဒီ နေရာမှာ ဖုန်းထည့်ထားတာက ဖုန်းကနေ ထွက်လာတဲ့ သံလိုက်ရောင်ခြည်တွေကြောင့် သုက်ပိုး အရေအတွက်နဲ့ အရည် အသွေး ကျဆင်းနိုင်ပါတယ်။

၃။ အတွင်းခံ အင်္ကျီကြားတွင် ထိုးခြင်း – အမျိုးသမီးတွေ အနေနဲ့ ဆိုင်ကယ် စီးတဲ့အခါမှာ ဖုန်းပြုတ်ကျမှာ စိုးလို့ အတွင်းခံအင်္ကျီကြား အလွယ်ညှပ်လိုက်တာမျိုး ရှိတတ်ပါတယ်။ဒီလိုထည့်ထားတာက ဖုန်းကလာတဲ့ ရောင်ခြည်တွေကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားနိုင်ပါတယ်။

၄။ ပေါင်တံအထိ အရှည်ရှိတဲ့ စလင်းဘက်အိတ် သေးသေးအတွင်းတွင် ထားခြင်း – ဒီလိုမျိုး ဖုန်းသယ်ဆောင်တတ်သူတွေက တင်ပဆုံနဲ့ ပေါင်တံတစ်ဝိုက်က အရိုးတွေ အားနည်းသွားနိုင်ပါတယ်။စလင်းဘက်အိတ် သေးသေးအသုံးပြုမယ့်အစား အိတ်ကြီးကြီး အသုံးပြုပြီး သယ်ဆောင်သွားပါ။

၅။ အရေပြားနှင့် ထိကပ်စွာ ထားခြင်း – လက်ကိုင်ဖုန်းနဲ့ စကားပြောတဲ့အခါ မှာ ဘလူးတုသ်ကို အသုံးမပြုဘဲ ဒါမှမဟုတ် စပီကာ မဖွင့်ဘဲ နားနဲ့ကပ်ပြီး အသုံးပြုတဲ့ နည်းလမ်းကလည်း မှားပါ တယ်။ဒီလို အသုံးပြုတာက ဖုန်းမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေက သင့်

အရေပြားပေါ် အလွယ်တကူ ရောက်သွားပြီး အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ဖုန်းပြောချင်တဲ့အခါမှာ သင့် မျက်နှာနဲ့ အနည်းငယ်ခွာပြီး ပြောပါ။

၆။ တစ်ညတာလုံး ဖုန်းအားသွင်း ထားခြင်း – ကျွန်မတို့ အများစုဟာ တစ်နေ့တာလုံး ဖုန်းအသုံးပြုထားတဲ့အတွက် နောက်တစ်နေ့ အသုံးပြုတဲ့အခါ ဘက်ထရီအား အပြည့်ဖြစ်နေဖို့ တစ်ညတာလုံး ဖုန်းအား သွင်းလေ့ ရှိကြပါတယ်။ဒီလိုဖုန်းအား သွင်းတာက ဖုန်းဘက်ထရီသက်တမ်း တိုစေပြီး ဖုန်းပျက်စီးလွယ်နိုင်ပါတယ်။

၇။ အလွန် အေးသောနေရာတွင် ထားခြင်း – သင့်လက်ကိုင်ဖုန်းထဲမှ ပါဝင် ပစ္စည်းတွေအားလုံးဟာ အပူချိန်အကွာ အခြားအနည်းငယ်အတွင်းမှာသာ ခံနိုင် ရည်ရှိအောင် တည်ဆောက်ထားတာပါ။သူခံနိုင်ရည်ရှိတဲ့ အပူချိန် အကွာအခြား ထက် ကျော်လွန်

နေရင် ဖုန်းပျက်စီး လွယ်ပါတယ်။ဥပမာအားဖြင့် ပြင်ပအပူ ချိန် သုညဒီဂရီရှိတဲ့နေရာမှာ ဖုန်းထားရာကနေ Heater ဖွင့်ထားတဲ့ အိမ်ထဲကို သယ်ဆောင်လာတဲ့အခါမှာ ဖုန်းပျက်စီး နိုင်ပါတယ်။

၈။ အလွန်ပူသော နေရာတွင် ထားခြင်း – အလွန်ပူတဲ့နေရာမှာ ဖုန်းထားတာကလည်း ဖုန်းအတွင်းက ဘက်ထရီ အလွယ်တကူ ပျက်စီးနိုင်ပါတယ်။သင် ရဲ့လက်ကိုင်ဖုန်းကို မီးဖိုလိုမျိုး အပူချိန် မြင့်မားတဲ့နေရာနဲ့ နေရောင်ပြင်းပြင်းနဲ့ တိုက်ရိုက် ထိတွေ့မယ့်နေရာတွေမှာ မထားသင့်ပါဘူး။

၉။ သင့်ကလေးငယ် တွန်းလှည်း အတွင်းတွင် ထည့်ထားခြင်း – နို့စို့ကလေးတွေရဲ့ မိခင်တွေအနေနဲ့ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကို ကလေးငယ်ရဲ့ တွန်းလှည်းအတွင်းက အိတ်တွေထဲမှာ ထည့်ထားလေ့ ရှိတတ်ကြပါတယ်။

သင်ကိုယ်ဝန်ဆောင်ထားစဉ်မှာ လက်ကိုင်ဖုန်းသုံးတာကြောင့် သန္ဓေသားတွေက လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများတာ ဒါမှမဟုတ် မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုများ တာတွေကြောင့် အာရုံစူးစိုက်မရတဲ့ ပြဿနာနဲ့ အတက်ကြွလွန် ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၁၀။ သင့်ခေါင်းအုံးအောက်တွင် ထားခြင်း – ဒီလိုထားတတ်တာကြောင့် ကျန်းမာရေး ပြ ဿနာမျိုးစုံ ဖြစ်နိုင်ပါတယ်။ပထမဆုံးအနေနဲ့ ဖုန်းကလာတဲ့ ရောင်ခြည် တွေကြောင့် အိပ်စက်မှုဟော်မုန်းထုတ် လုပ်မှုမှာ အနှောင့် အယှက် ဖြစ်သွားတဲ့အတွက် အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မရတာတွေ ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် ဖုန်းက ထွက်လာတဲ့ ရောင်ခြည် တွေကြောင့် ခေါင်းမူးတာနဲ့ ခေါင်းကိုက်တာ စတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ဖုန်းအားသွင်းထားတဲ့ အချိန်မှာ ခေါင်းအုံး အောက်ထဲ ထည့်ထားတာကြောင့် ဖုန်း ပေါက်ကွဲတာ၊ မီးလောင်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သင့်လက်ကိုင်ဖုန်းထားဖို့ အသင့်တော်ဆုံးက အိမ်ပြင်ထွက်ရင် အိတ်ကြီးကြီးထဲထည့် သယ်ဆောင်တဒါမှမဟုတ် သင့်လက်နဲ့ ကိုင်သွားတာတွေဖြစ်ပြီး အိပ်တဲ့အခါမှာ အိပ်ရာ၊ ခုတင်ဘေးနားက စားပွဲခုံပေါ်မှာ တင်ထားတာမျိုးတွေပါ။