ၾကားသိရသမွ်

“ပြည်သူကလှူတာကို စားသုံးပြီး တိုင်းပြည်နဲ့ ပြည်သူ့အပေါ် သစ္စာစောင့်သိကြမယ့် တော်လှန်ရေးရဲဘော်တွေပါ”လို့ဆိုလိုက်တဲ့ ဗိုလ်ချုပ်နဲ့ရုပ်ဆင်လွန်းတဲ့ ရဲဘော် မြဖြိုးကို

“ပြည်သူကလှူတာကို စားသုံးပြီး တိုင်းပြည်နဲ့ ပြည်သူ့အပေါ် သစ္စာစောင့်သိကြမယ့် တော်လှန်ရေးရဲဘော်တွေပါ”လို့ဆိုလိုက်တဲ့ ဗိုလ်ချုပ်နဲ့ရုပ်ဆင်လွန်းတဲ့ ရဲဘော် မြဖြိုးကို

ဗိုလ်ချုပ်သရုပ်ဆောင်မှ တော်လှန်ရေးသမားဖြစ်သွားတဲ့ သရုပ်ဆောင် မြဖြိုးကိုကတော့ ကျောင်းဆရာဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့တော့ မစိမ်းခဲ့သူ တစ်ယောက်ပါ။

ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန်အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သကဲ့သို့ ကိုမြဖြိုးကိုကလည်း အခုမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ ဆန္ဒပြတာ မလုံလောက်တဲ့အတွက်ကြောင့် လက်နက်ကိုင်လမ်းစဉ် ရွေးတာဖြစ်ပါတယ်။

ဗိုလ်ချုပ်နဲ့ ရုပ်ရည်ချင်းဆင်ရုံသာမက စိတ်ဓာတ်ချင်းပါတူတဲ့ မြဖြိုးကိုက စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့အတွက် အခုလက်ရှိမှာလည်း လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။’

 

လွတ်မြောက်နယ်မြေမှာ အနေဆင်းရဲ အစားဆင်းရဲ ကြိုးစားနေထိုင်ရတဲ့ ရဲဘော်တွေကတော့ တော်လှန်ရေးကြီးအတွက် လက်မလျော့ဘဲ မဆုတ်မနစ်ကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။ ကို မြဖြိုးကိုတစ်ယောက်လဲ

လွတ်မြောက်နယ်မြေမှာ စားနေရတဲ့ အသားတုနဲ့ ပဲဟင်းကို အမြဲတမ်းစားနေရတာကြောင့် တော်လှန်းရေးပြီးရင် ငါးဟင်းထက်မုန်းရဉီးမယ်ဆိုပေမယ့် လက်ရှိမှာတော့ နတ်သုဒ္ဒါလို့ မှတ်ယူပြီး

စားသောက်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူကလှူတာကို စားသုံးပြီး တိုင်းပြည်နဲ့ ပြည်သူ့အပေါ် သစ္စာစောင့်သိကြမယ့် တော်လှန်ရေးရဲဘော်တွေပါ ဆိုတဲ့ အကြောင်းလေးကို “တော်လှန်ရေးပြီးရင်တော့

အသားတုနဲ့ ပဲဟင်းကို…ငါးဟင်းထက်မုန်းသလို..မုန်းရပေအုံးမည်…ခုတော့ နတ်သုဒ္ဒါလို အထင်မှတ်သုံးဆောင်ကြရမည်…သို့သော်..ချက်သမျှပြောင်ပါသည်ြ ပည်သူကလှူသော ထမင်း၊

ဟင်းကို စားသုံးပြီး တိုင်းပြည်နဲ့ ပြည်သူ့အပေါ်သစ္စာစောင့်သိကြမယ့်ဒို့ တော်လှန်ရေးရဲဘော်တွေပါ” ဆိုပြီး သူရဲ့ခံစားချက်လေးတွေကို လူမှုကွန်ယက်ထက်မှာ မျှဝေလာတာပဲ ဖြစ်ပါတယ်။

အသက်(၂၇)အရွယ် လူငယ်တစ်ဦးအနေနဲ့ မြေဖြူသာကိုင်ခဲ့ရတဲ့ကျောင်းဆရာတစ်ဦးကနေ တော်လှန်ရေးအတွက် သေနတ်ကိုင်ပြီး တော်လှန်ရေး ရဲဘော်ဘဝကို ရောက်ရှိလာခဲ့တဲ့ မြဖြိုးကိုရဲ့ စိတ်ဓာတ်လေးကို ပြည်သူတွေက လေးစားနေကြလည်း ဖြစ်ပါတယ်။

Source: Mya Phyo Ko’s Facebook Acc
crd
zawgyi










crd