ၾကားသိရသမွ်

မွေးထားတဲ့မြွေကြီး အစားမစားလို့ ဆေးခန်းသွားပြလိုက်သောအခါ

မွေးထားတဲ့မြွေကြီး အစားမစားလို့ ဆေးခန်းသွားပြသောအခါ

အစာမစားတဲ့မြွေကြီး..

တခါက အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တဦးဟာ စပါးကြီးမြွေ တကောင်ကို အိမ်မွေး တိရိစ္ဆာန်အဖြစ် မွေးထားပါတယ်။

၄ မီတာလောက် ရှည်တဲ့ ထိုမြွေကြီးဟာ တနေ့မှာတော့ လုံးဝ အစာ မစားတော့ပါဘူး။

ဒီလိုနဲ့ မြွေကြီးက အစာ မစားတာ တပတ်လောက် ရှိလာတော့ အမျိုးသမီးကြီးက စိတ်ပူပြီး မြွေကြီးကို တိရိစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပါတယ်။

ထိုအမျိုးသမီးကြီးရဲ့ ပြောပြချက်ကို နားးထောင်ပြီးနောက် တိရိစ္ဆာန် ဆရာဝန်က

“အမနဲ့သူ ညဘက်အတူတူ အိပ်လား ၊အိပ်တဲ့အခါ အစ်မ တကိုယ်လုံးကို သူ့ခန္ဓာကိုယ်နဲ့ ပတ်ပြီး အိပ်လား” လို့ မေးတယ်။

အဲ့ဒါနဲ့အမျိုးသမီးကြီးကလည်း” ဟုတ်ပါတယ် ညတိုင်း အဲ့ဒီလိုပဲ အိပ်တယ် ။

သူ တစ်ခုခုကို တောင်းဆိုချင်နေတယ်တော့ ကျမ ထင်တာပဲ။

ဒါပေမယ့် သူ တောင်းဆိုတာ ဘာမှန်းမသိတော့ ကျမလည်း မလုပ်ပေးနိုင် ဘူးလေ။

အဲ့အတွက်ကြောင့် အရမ်းကိုစိတ်မကောင်း ဖြစ်ရတယ် ” လို့ ပြန်ပြောတယ်။

ဒါနဲ့ ဆရာဝန်က “အမကြီးမြွေက နေမကောင်းတာ မဟုတ်ပါဘူး။ အစ်မကြီးကို စားဖို့ ရည်ရွယ်နေ တာပါ။

အစ်မကြီး ခန္ဓာကိုယ် တခုလုံးကို သူပတ်လိုက်တိုင်း အမကြီး ကိုယ်လုံးအလေးချိန် ဘယ်လောက် ရှိမလဲ၊

အစ်မကြီးကို မြိုဖို့၊ မြိုပြီးရင် အစာချေဖို့ အတွက် သူ့ဝမ်းဗိုက်ကို ရှင်းနေတာ၊

အစာ မစားတော့တာ ကလည်း အမကြီးကို စားဖို့ ကြိုတင် ပြင်ဆင်နေတာ” လို့ ပြန်ပြောခဲ့ ပါတယ် ။

ဒီအဖြစ်အပျက်ရဲ့ သင်ခန်းစာကတော့ လူတွေမှာလည်း မိမိအနီး ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေကို သတိထားသင့်ပါတယ် ။

သင်နဲ့အရမ်း ရင်းနှီးပြီး မကြာခဏ သင့်ကို ပွေ့ဖက်၊ အားပေးတိုင်း သူ့ရည်ရွယ်ချက် တွေက ကောင်းတယ်လို့ သတ်မှတ်လို့ မရပါဘူး ။

ဘဝဆိုတာ ကိုယ်မသိသေးတဲ့ ငိုကြွေးခြင်း၊ မျှော်လင့်ခြင်း၊ ပျော်ရွင်ခြင်းများနဲ့ ပြည့်နေတာပါ ။

ကိုယ့်မိသားစုတောင် တခါတလေ ကိုယ့်ကို ဒုက္ခလာပေးတာ မျိုးလည်း ရှိတတ်တယ် ။

Credit bahututa