ၾကားသိရသမွ်

လူတစ်ယောက်မှာရုပ်ချောဖို့ထက် အကြည်ဓာတ်ရှိဖို့အရေးကြီးပါတယ်။ သင့်မှာရောအကြည်ဓာတ်ရှိရဲ့လား…

အကြည်ဓာတ်(Positive Energy) ရှိတဲ့သူတွေကလေ သူတို့ဘာလုပ်လုပ်တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊မချောတာ၊ ငွေကြေးချမ်းသာတာ၊ ဆင်းရဲတာနဲ့မဆိုင်ဘူးနော်။ အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့သိသိမသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီးစိတ်ချမ်းသာနေရတာမျိုး။

သူ့ရဲ့စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။ သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ်ချစ်စရာ ကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာအကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကိုကူးစက်စေလာတဲ့ Positive energyတွေပါပဲ။

အကြည်ဓာတ်ရှိတဲ့သူနဲ့မရှိတဲ့လူဟာ ကျွန်တော်တို့ပတ်၀န်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကိုကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီးဆူပုပ်လို့၊

ပြောသမျှစကားတိုင်းကလည်း သူများတကာကိုအပြစ်တင်တဲ့စကားတွေ၊ ေ၀ဖန်ရှံု့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံးသူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့သူတွေကို မြင်ဖူးမှာပေါ့။သူတို့နဲ့တွေ့ဆုံစကားပြောရတဲ့အခါ

ကိုယ်ပါသူတို့ရဲ့ဘ၀ကို ပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့energyတွေ ဆုတ်ယုတ်လာသလို ခံစားလာရတယ်လေ။ ဒါဟာnegative energyတွေ ကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အကြည်ဓာတ်(Positive energy)ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်တော်တို့လေ့ကျင့်ကြိုးစား ကြည့်လို့ရနိုင်ပါတယ်။ဒါဆိုဒီနေ့ကစပြီး ကျွန်တော်တို့နှင့်အတူတူ လေ့ကျင့်ကြည့်ရအောင်။ မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။ ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။

မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီးကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေပြောပါ။ ဒီလိုပြောခြင်းကမိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

အတွေးတွေကိုသတိထားပါ။ ပါးစပ်ကတော့ကောင်းတဲ့စကားတွေကိုပြောနေပြီး အတွေးတွေကတော့ မကောင်းတာတွေတွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။

မကောင်းတာတစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေးနှစ်ခု ပိုတွေးပေးလိုက်ပါ။အတင်းပြောခြင်းကိုရှောင်ပါ။ သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်၀တဲ့သူတွေပါ။

သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊ ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့်သူများအတင်း ပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။

မညည်းညူပါနဲ့။ အမြဲတစေဘ၀ကို ညည်းညူနေမယ်၊ ကိုယ့်ရဲ့ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှအကြည်ဓာတ်က ရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

Toxicဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။ Jim Rohnရဲ့ The Law of Averageဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ You are the average of the five people you spend the most time withတဲ့။

ဆိုလိုတာကကိုယ်နဲ့ အနီးဆုံးပတ်၀န်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့အရည်အချင်းပါပဲ။ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊

အဆိုးမြင်တတ်၊ မနာလိုတတ်၊ အပြစ်တင်ေ၀ဖန် ‌ေပြာဆိုတတ်တဲ့လူတွေလား။ အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်းအကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲအရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energyတွေ ကူးစက်လာစေမှာပါပဲ။Gratitudeနဲ့နေထိုင်ပါ။ ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကိုသိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘ၀ကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။

တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ်စသဖြင့်ပေါ့။ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

နာကျင်စေခဲ့သမျှကိုလွှတ်ချခဲ့ပါ။ လူတစ်ယောက်ဟာ Positive energyရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့အတိတ်က

အဖြစ်အပျက်တွေကို အပြီးတိုင်ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာသိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့်ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

များများပြုံးရယ်ပါ။ ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်းပြုံးပြပါ။ တခြားသူတွေကိုလည်းပြုံးပြပါ။ ပြုံးရယ်ပြခြင်းက ပျော်ရွှငိမှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

ကြင်နာတတ်ပါစေ။ လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊

လမ်းသွားရင်အဘိုးတွေအဘွားတွေကိုကူညီတာ၊ စျေး၀ယ်ပြီးတိုင်းကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ကြင်နာစိတ်ထားရှိပါ။

မိမိကိုယ်ကိုယ်ဂရုစိုက်ပါ။ မိမိကိုယ်ကိုယ်ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီးဂရုစိုက်ခြင်းဟာ positive energyတွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။

Skin careလုပ်တာ၊ self-careလုပ်တာ၊ mental breakယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့အမြဲသတိရပါ။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကိုရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့်ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။အခုပြောသွားတဲ့နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ဒီနေ့ကစပြီး မိမိကိုယ်မိမိchallengeလုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ကြိုးစားကြည့်ရင် သင်လည်းအကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

အကြည်ဓာတ်ရှိတယ်ဆိုတာ ရုပ်လှတာ၊ရုပ်ဆိုးတာနဲ့မဆိုင်ဘူးနော်။ ရုပ်ဘယ်လောက်ချောချော အကြည်ဓာတ်ဆိုတာ ရှိချင်မှရှိတာ။ အဓိကကအကြည်ဓာတ်ဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်နှလုံးသားကနေ ရောင်ပြန်ဟပ်လာတဲ့ ဓာတ်တစ်မျိုးဆိုတာကို ယုံကြည်ထားဖို့ပါပဲ။

Credit

အကြည်ဓာတ်(Positive Energy) ရှိတဲ့သူတွေကလေ သူတို့ဘာလုပ်လုပ်တင့်တယ်ပြီးကို ချစ်စရာကောင်းနေတော့တာပါ။ ရုပ်ချောတာ၊မချောတာ၊ ငွေကြေးချမ်းသာတာ၊ ဆင်းရဲတာနဲ့မဆိုင်ဘူးနော်။ အကြည်ဓာတ်ဆိုတာလေ သူနဲ့ကိုယ်နဲ့သိသိမသိသိ မျက်နှာလေးမြင်လိုက်ရရင်ကို အေးချမ်းပြီးစိတ်ချမ်းသာနေရတာမျိုး။

သူ့ရဲ့စကားပြောပုံ၊ အပြုအမူတွေအကုန်လုံးက အပြစ်မြင်စရာမရှိဘဲ ကြည့်ကောင်းနေတာ။ သူဘာပဲပြောပြော နှစ်သက်စရာကောင်းတယ်၊ သူဘာပဲလုပ်လုပ်ချစ်စရာ ကောင်းနေတယ်ဆိုတာမျိုးပေါ့။ ဒါဟာအကြည်ဓာတ်ရှိတဲ့ လူတစ်ယောက်ဆီက ကိုယ့်ကိုကူးစက်စေလာတဲ့ Positive energyတွေပါပဲ။

အကြည်ဓာတ်ရှိတဲ့သူနဲ့မရှိတဲ့လူဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ သိပ်ကိုသိသာပါတယ်။ လူတစ်ယောက်ကိုကျွန်မတို့ မြင်တောင်မမြင်ချင်ဘူးလို့ တွေးမိတဲ့အခိုက်အတန့်တွေပေါ့။ မျက်နှာကြီးက သုန်မှုန်ပြီးဆူပုပ်လို့၊

ပြောသမျှစကားတိုင်းကလည်း သူများတကာကိုအပြစ်တင်တဲ့စကားတွေ၊ ဝေဖန်ရှုံ့ချတဲ့စကားတွေနဲ့ တစ်ချိန်လုံးသူတို့ပြဿာနာတွေကို ညည်းညူပြနေတဲ့သူတွေကို မြင်ဖူးမှာပေါ့။သူတို့နဲ့တွေ့ဆုံစကားပြောရတဲ့အခါ

ကိုယ်ပါသူတို့ရဲ့ဘဝကို ပြစ်တင်ညည်းညူမှုတွေကြားမှာ စိတ်ပင်ပန်းလာရတယ်၊ စိတ်ကြည်လင်မှုမရှိတော့ဘူး။ ကိုယ့်ရဲ့energyတွေ ဆုတ်ယုတ်လာသလို ခံစားလာရတယ်လေ။ ဒါဟာnegative energyတွေ ကူးစက်ခံလိုက်ရခြင်းဖြစ်ပါတယ်။

အကြည်ဓာတ်(Positive energy)ဆိုတာ လူတိုင်းမှာမရှိဘူး။ လူတစ်ချို့မှာက နဂိုတည်းကကို အကြည်ဓာတ်ခံလေးနဲ့ ပါလာကြပြီးသားပေါ့။ ကိုယ့်မှာတော့အကြည်ဓာတ်မရှိလို့ဆိုပြီး စိတ်ပျက်နေစရာလည်းမလိုပါဘူး။ အကြည်ဓာတ်ရအောင် ကျွန်တော်တို့လေ့ကျင့်ကြိုးစား ကြည့်လို့ရနိုင်ပါတယ်။

ဒါဆိုဒီနေ့ကစပြီး ကျွန်တော်တို့နှင့်အတူတူ လေ့ကျင့်ကြည့်ရအောင်။ မိမိကိုယ်မိမိ Postive Self-Talk တွေများများပြောပါ။ ပထမဦးဆုံး Affirmationလို့ခေါ်တဲ့ အခိုင်အမာပြောဆိုချက်တွေနဲ့စတင်ပါ။

မိမိကိုယ်မိမိ မှန်ရှေ့မှာရပ်ပြီးကိုယ့်ကိုယ်ကိုယ် အားပေးနှစ်သိမ့်တဲ့စကားတွေ၊ ဂုဏ်ပြုချီးကျူးတဲ့စကားတွေပြောပါ။ ဒီလိုပြောခြင်းကမိမိကိုယ်မိမိ အကောင်းမြင်စိတ်ဖြစ်စေသလို ယုံကြည်မှုကိုလည်းရှိစေပါတယ်။

အတွေးတွေကိုသတိထားပါ။ ပါးစပ်ကတော့ကောင်းတဲ့စကားတွေကိုပြောနေပြီး အတွေးတွေကတော့ မကောင်းတာတွေတွေးနေမယ်ဆိုရင် အလုပ်မဖြစ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို သတိပြုပါ။ မကောင်းတာတွေတွေးမိတော့မယ်ကြံတိုင်း ကောင်းတဲ့အရာလေးတွေကို ပြန်ပြောင်းတွေးပါ။ မကောင်းတာတစ်ခုတွေးမိတိုင်း ကောင်းတဲ့အတွေးနှစ်ခု ပိုတွေးပေးလိုက်ပါ။

အတင်းပြောခြင်းကိုရှောင်ပါ။ သူများအကြောင်းကို အမြဲပြောနေတဲ့သူတွေဟာ သူတို့ကိုယ်တိုင်က မပြည့်ဝတဲ့သူတွေပါ။ သူများအကြောင်း၊ သူများအတင်းကိုအမြဲပြောနေရင် ကိုယ့်ရဲ့စိတ်စွမ်းအင်ဟာ ယုတ်လျော့လာမယ်၊

ခံတွင်းအနံ့နံမယ်၊ မျက်နှာမှာလည်း အပူသည်တစ်ယောက်လို ပူလောင်နေရပါလိမ့်မယ်။ ဒါကြောင့်သူများအတင်း ပြောတတ်တဲ့အကျင့်လေးကို ပြင်ဆင်နိုင်အောင်ကြိုးစားပါ။မညည်းညူပါနဲ့။ အမြဲတစေဘဝကို ညည်းညူနေမယ်၊

ကိုယ့်ရဲ့ပြဿနာတွေ၊ အဆင်မပြေမှုတွေကို ထိုင်ညည်းညူနေမယ်ဆိုရင် ဘယ်လိုမှအကြည်ဓာတ်က ရှိလာမှာမဟုတ်ပါဘူး။ ပြဿနာတွေကို ညည်းညူပြနေမယ့်အစား ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ solutionကိုရှာပါ။

Toxicဆန်တဲ့ဆက်ဆံရေးတွေနဲ့ အဆက်သွယ်ဖြတ်ပါ။ Jim Rohnရဲ့ The Law of Averageဆိုတဲ့ သီအိုရီလေးတစ်ရှိပါတယ်။ You are the average of the five people you spend the most time withတဲ့။ ဆိုလိုတာကကိုယ်နဲ့

အနီးဆုံးပတ်ဝန်းကျင်မှာရှိတဲ့ လူငါးယောက်ရဲ့ပျမ်းမျှအရည်အချင်းဟာ ကိုယ့်ရဲ့အရည်အချင်းပါပဲ။ကိုယ်ပေါင်းသင်းဆက်ဆံနေရတဲ့ လူတွေဟာဘယ်လိုလူတွေလဲ။ အကောင်းမြင်စိတ်ရှိတဲ့သူလား၊ အဆိုးမြင်တတ်၊

မနာလိုတတ်၊ အပြစ်တင်ဝေဖန် ‌ပြောဆိုတတ်တဲ့လူတွေလား။ အကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ပေါင်းရင် ကိုယ်လည်းအကောင်းမြင်တတ်လာမှာပါ။ ဒီလိုပဲအရာရာကို အဆိုးမြင်နေတဲ့သူတွေနဲ့ပေါင်းရင် ကိုယ့်ဆီကိုလည်း negative energyတွေ ကူးစက်လာစေမှာပါပဲ။Gratitudeနဲ့နေထိုင်ပါ။ ကျေးဇူးတင်စိတ်ဆိုတဲ့အရာလေးဟာ သိပ်ကိုသိမ်မွေ့ပြီး လေးနက်စေပါတယ်။ ကျွန်မတို့ရဲ့ဘဝကို ပိုပြီးကျေနပ်စေတယ်၊ ရောင့်ရဲတင်းတိမ်စေတယ်၊ အတွေးတွေအမြင်တွေကို ပြောင်းလဲစေပါတယ်။ နေ့တိုင်းနေ့တိုင်းကို ကျေးဇူးတင်စိတ်လေးနဲ့နေထိုင်သွားပါ။ ကိုယ်ဒီနေ့ ဘာအတွက်ကျေးဇူးတင်သလဲ။

တစ်နေ့တာရှင်သန်ခွင့်ရတဲ့အတွက် ကျေးဇူးတင်တယ်၊ မိုးမရွာလို့ကျေးဇူးတင်တယ်၊ အဆင်မပြေတာလေး ပြေသွားလို့ကျေးဇူးတင်တယ်၊ စားစရာလုံလောက်တဲ့အတွက် ကျေးဇူးတင်တယ်စသဖြင့်ပေါ့။ ဘယ်လိုအနေအထားမှာမဆို ကောင်းတဲ့ဘက်ကိုမြင်အောင်တွေးပြီး ကျေးဇူးတင်ကြည့်ပါ။

နာကျင်စေခဲ့သမျှကိုလွှတ်ချခဲ့ပါ။ လူတစ်ယောက်ဟာ Positive energyရဖို့ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုရှိပါတယ်။ ခွင့်လွှတ်တတ်ဖို့နဲ့ လွှတ်ချခဲ့ဖို့ပါ။ မုန်းတီးစိတ်နာနေတဲ့လူတွေ၊ နာကျင်ခဲ့ရတဲ့အတိတ်က အဖြစ်အပျက်တွေကို

အပြီးတိုင်ငြိမ်းအေးခွင့်လွှတ်လိုက်ပါ။ လွှတ်ချခဲ့ရမယ့်အရာတွေကို လွှတ်ချခဲ့လိုက်ပါတော့။ အမုန်းတွေ၊အာဃာတတွေ၊ နာကျင်မှုတွေ၊ ဒေါသတွေဆိုတာသိမ်းထားသ၍ ပူလောင်နေရမှာပါ။ ဒါကြောင့်ဒီနေ့ကစပြီး လွှတ်ချခဲ့လိုက်ပါတော့။

များများပြုံးရယ်ပါ။ ပြုံးရယ်တယ်ဆိုတာ အကောင်းဆုံးဆေးတစ်ခွက်ပါ။ ပြုံးရယ်ပြတာက ပိုက်ဆံလည်းမကုန်သလို၊ ပင်ပန်းတဲ့အရာတစ်ခုလည်းမဟုတ်ပါဘူး။ ပြုံးရယ်ပါ။ မှန်ထဲကြည့်ပြီး မိမိကိုယ်မိမိလည်းပြုံးပြပါ။ တခြားသူတွေကိုလည်းပြုံးပြပါ။ ပြုံးရယ်ပြခြင်းက ပျော်ရွှငိမှုတွေ၊ နွေးထွေးမှုတွေကို အမြန်ဆုံးကူးစက်စေနိုင်တဲ့ အရာပါပဲ။

ကြင်နာတတ်ပါစေ။ လူသိရှင်ကြား အလှူအတန်းတွေ ပရဟိတတွေလုပ်ပြနေမှ မဟုတ်ပါဘူး။ သနားကြင်နာတတ်မှုဟာ လူသိရှင်ကြားဖြစ်စရာမလိုပါဘူး။ ခွေးလေးတစ်ကောင် မြောင်းထဲပြုတ်ကျနေလို့ ကူထုတ်ပေးတာ၊

လမ်းသွားရင်အဘိုးတွေအဘွားတွေကိုကူညီတာ၊ ဈေးဝယ်ပြီးတိုင်းကျေးဇူးတင်စကားပြောတာ၊ မိုးတွေသိပ်ရွာတဲ့နေ့မှာ စံပယ်ပန်းလေးမြန်မြန်ကုန်သွားအောင် အားပေးလိုက်တာ ဒီလိုဘာမဟုတ်တဲ့ အသေးအဖွဲ့ကိစ္စလေးတွေမှာကအစ မေတ္တာစိတ်၊ကြင်နာစိတ်ထားရှိပါ။

မိမိကိုယ်ကိုယ်ဂရုစိုက်ပါ။ မိမိကိုယ်ကိုယ်ချစ်ခင်တတ်၊ လေးစားတတ်၊ ဂရုစိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်အချိန်ကြည့်ကြည့် လန်းဆန်းလှပနေတာပါပဲ။ အသားအရေနဲ့ကျန်းမာရေးကို ဂရုစိုက်တာ၊ စိတ်ခံစားချက်တွေကို အချိန်ပေးပြီးဂရုစိုက်ခြင်းဟာ positive energyတွေရရှိစေတဲ့ ရင်းမြစ်တစ်ခုဆိုလည်းမမှားပါဘူး။

Skin careလုပ်တာ၊ self-careလုပ်တာ၊ mental breakယူတာ၊ ရေများများသောက်တာ၊ ကောင်းကောင်းမွန်မွန်စားပြီး ကောင်းကောင်းမွန်မွန်အိပ်တာမျိုးတွေကို အချိန်တစ်ခုသီးသန့်ပေးပြီး လုပ်ဖို့အမြဲသတိရပါ။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျွန်မတို့ကိုရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာစေပါတယ်။ ပုံမှန်အားဖြင့်ချွေးထွက်အောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေဟာ ပျောက်သွားတတ်ပါတယ်။ ချွေးထွက်တော့ အသားအရေလေးလည်းကြည်တယ်၊ စိတ်လေးလည်းကြည်လင်စေတာပေါ့။

အခုပြောသွားတဲ့နည်းလမ်းလေးတွေကို ကြိုးစားကြည့်ဖို့ဒီနေ့ကစပြီး မိမိကိုယ်မိမိchallengeလုပ်ကြည့်ပါ။ ဒီနည်းလေးတွေအတိုင်း စိတ်ရှည်ရှည်နဲ့ကြိုးစားကြည့်ရင် သင်လည်းအကြည်ဓာတ်ကလေးနဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။