နိုင်ဂျီးရီးယားနိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် သားသမီးနှစ်ယောက်ရှိပြီး စီးပွားရေး လုပ်ငန်းအဆင်ပြေဖို့ရာအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။
သူတို့ဇနီးမောင်နှံသည် ထိုနိုင်ငံသို့ပြောင်းရွှေ့ပြီး မကြာမှီ တတိယမြောက်သမီးလေးအား မွေးဖွားချိန်မှာတော့ တစ်ယောက်နှင့်တစ်ယောက် စကားပင်မပြောနိုင်တော့ပဲ သမီးလေးအား ပါးစပ်အဟောင်းသားလေးနှင့် စူးစိုက်ကြည့်နေခဲ့မိသည်။
အကြောင်းမှာ မွေးကင်းစသမီးဖြစ်သူသည် မိဘရင်းတွေဖြစ်သည့် သူတို့ဇနီးမောင်နှံနှစ်ဦးနဲ့ တူညီမှုမရှိပဲ အသားဖြူဖြူနှင့် ရွှေအိုရောင် ဆံပင်တို့ကိုပိုင်ဆိုင်ထားပြီး မိဘမျိုးရိုး လူမည်းလေးဖြစ်မနေခဲ့ပေ။
ထို့ကြောင့်ပဲ ပတ်ဝန်းကျင်ရှိလူများသည် ဇနီးဖြစ်သူအား အခြားတစ်ယောက်နှင့် ဖောက်ပြန်သည်ဟု စွပ်စွဲခဲ့ကြပြီး ခင်ပွန်းဖြစ်သူကို တိုင်ကြားခဲ့ကြရာ မိသားစုမှ အနည်းငယ် ရှုပ်ထွေးခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူသည် ဇနီးသည်အား သံသယမရှိပဲ ယုံကြည်ပေးခဲ့သည်။
ထို့နောက် သူတို့ဇနီးမောင်နှံနှစ်ဦးသည် သမီးငယ်လေးကို ဆရာဝန်နှင့်ပြသပြီး စစ်ဆေးခိုင်းခဲ့ချိန်မှာတော့ မျိုးရိုးဗီဇ ချို့ယွင်းချက် အခြေအနေကြောင့်သာ ဖြစ်ရကြောင်း သိခဲ့ရသည်။
Crd
zawgyi
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွ ဇနီးေမာင္ႏွံႏွစ္ဦးသည္ သားသမီးႏွစ္ေယာက္ရွိၿပီး စီးပြားေရး လုပ္ငန္းအဆင္ေျပဖို႔ရာအတြက္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕သို႔ ေျပာင္းေ႐ႊ႕အေျခခ်ေနထိုင္ခဲ့သည္။
သူတို႔ဇနီးေမာင္ႏွံသည္ ထိုႏိုင္ငံသို႔ေျပာင္းေ႐ႊ႕ၿပီး မၾကာမွီ တတိယေျမာက္သမီးေလးအား ေမြးဖြားခ်ိန္မွာေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ စကားပင္မေျပာႏိုင္ေတာ့ပဲ သမီးေလးအား ပါးစပ္အေဟာင္းသားေလးႏွင့္ စူးစိုက္ၾကည့္ေနခဲ့မိသည္။
အေၾကာင္းမွာ ေမြးကင္းစသမီးျဖစ္သူသည္ မိဘရင္းေတြျဖစ္သည့္ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးနဲ႔ တူညီမႈမရွိပဲ အသားျဖဴျဖဴႏွင့္ ေ႐ႊအိုေရာင္ ဆံပင္တို႔ကိုပိုင္ဆိုင္ထားၿပီး မိဘမ်ိဳး႐ိုး လူမည္းေလးျဖစ္မေနခဲ့ေပ။
ထို႔ေၾကာင့္ပဲ ပတ္ဝန္းက်င္ရွိလူမ်ားသည္ ဇနီးျဖစ္သူအား အျခားတစ္ေယာက္ႏွင့္ ေဖာက္ျပန္သည္ဟု စြပ္စြဲခဲ့ၾကၿပီး ခင္ပြန္းျဖစ္သူကို တိုင္ၾကားခဲ့ၾကရာ မိသားစုမွ အနည္းငယ္ ရႈပ္ေထြးခဲ့ရေပမယ့္ ခင္ပြန္းျဖစ္သူသည္ ဇနီးသည္အား သံသယမရွိပဲ ယုံၾကည္ေပးခဲ့သည္။
ထို႔ေနာက္ သူတို႔ဇနီးေမာင္ႏွံႏွစ္ဦးသည္ သမီးငယ္ေလးကို ဆရာဝန္ႏွင့္ျပသၿပီး စစ္ေဆးခိုင္းခဲ့ခ်ိန္မွာေတာ့ မ်ိဳး႐ိုးဗီဇ ခ်ိဳ႕ယြင္းခ်က္ အေျခအေနေၾကာင့္သာ ျဖစ္ရေၾကာင္း သိခဲ့ရသည္။
Crd