ဆရာဖေမြင့်ရဲ့ ..ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာလူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက်ရှိပါတယ်..။အဲ့တာဘာလဲဆိုတော့ ..” ငါရတဲ့ဝင်ငွေရဲ့
တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ “ကျွန် တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား ..စာထဲမှာညွှန်းဆိုထားတာကတော့ .. မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား ,
ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား , အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား , ပြီးခဲ့တဲ့လက ရတဲ့မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ , ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ငွေကော ဘယ်မလဲ မရှိဘူးမို့လား ,
တကယ်တော့ မင်းကိုယ်မင်းကလွဲပြီးလူတစ်ကာကို ပိုက်ဆံတွေပေးနေခဲ့တာပါတဲ့ ..အဲ့လိုမဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို စုဆောင်းခဲ့မယ်ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက်ချမ်းသာနေမလဲ ..?
” အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့ ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်ရမည် ” ဆိုတာ ကိုယ်ဝင်ငွေတွေကို ဝင်သလောက်သုံးမပြစ်ပဲ ဆယ်ပုံတစ်ပုံလောက်ကို စုဆောင်းထားဖို့ပဲဖြစ်ပါတယ် ..
အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ “ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေးနိုင်မဲ့ ကျေးကျွန်တွေဖြစ်ရမယ် “တစ်နည်းအားဖြင့်စုဆောင်းရုံနဲ့မပြီးဘူး ပြန် လည်ရင်းနှီးပြီးခိုင်းစေရမယ် .. အဲ့ကျေးကျွန်ငွေသားတွေကနေ တစ်ဆင့်
နောက်ထပ် အစွယ်ဖွားသားသမီးတွေ မွေးနိုင်အောင် လုပ် ဆောင်ရမယ်တဲ့ ..မင်းဟာချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်းသမျှကို တိုးပွားအောင်လုပ်ရပါမယ်တဲ့ ..ဒါကြောင့် ချမ်းသာချင်တဲ့လူတစ်ယောက်အနေ နဲ့
ပထမဆုံး လိုက်နာကျင့်သုံးရမယ့် အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို ကိုယ့်အတွက်ပြန်လည်စုဆောင်းဖို့ပဲ ဖြစ်ပါတယ် ..။ ကိုးကား- ဆရာကြီးဖေမြင့်ရဲ့စာအုပ်ထဲမှ
Zawgyi ဖြင့်ဖတ်ပါ
ဘဘေီလုံမှာ အခမြျးသာဆုံးပုဂ်ဂိုလျရဲ့ ငှစေုနညျးဗြူဟာ