အနှိပ်ခန်းသို့ တစ်နှစ်လုံးလုံး တစ်ရက်လေးမှ မပျက်ပဲ လာရောက် အားပေးသောကြောင့် ဆိုင်ကယ်တစ်စီး ချီးမြှင့်ခြင်း ခံခဲ့ရသောအမျိုးသား
အနှိပ်ခန်းသည်လည်း အလုပ်ထဲတွင် ပင်ပန်းညောင်းညာသူများ စိတ်ဖိစီးသူများမှ လာရောက် အနှိပ်ခံကာ သက်သာ ပျောက်ကင်းစေနိုင်၍ လူကြိုက်များသော နေရာအဖြစ် ရပ်တည်လျက် ရှိနေပါသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်ကို ကြိုးစားလုပ်ခဲ့ပြီး
ညဖက်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ဆိုပြီး ဇနီးဖြစ်သူကို လိမ်လည်၍ အနှိပ်ခန်းသို့ နေ့စဥ်လိုလို သွားရောက်ခဲ့သည်။
အမျိုးသားကြီးသည် တစ်နေကုန် ပင်ပန်းထားသမျှ ညောင်းညာမှုတွေကို အနှိပ်ခန်းဆီမှာသာ မိုးရွာသည်ဖြစ်စေ ချမ်းအေးလွန်းသော အချိန် ဖြစ်နေပါစေ တစ်ရက်ကလေးမှမပျက်ပဲ တစ်နှစ်လုံးလုံး မပျက်မကွက် သွားရောက် အားပေးခဲ့သည်။
ထို့ကြောင့် အနှိပ်ခန်း ပိုင်ရှင်သူဌေးမှ အမျိုးသားကြီးအား မည်သည့် အခြေအနေမျိုးမဆို သူ့ဆိုင်သို့ မပျက်မကွက် လာရောက်အားပေးခဲ့သည့်အတွက် Wave RSX အမည်ရှိ ဆိုင်ကယ်သစ် တစ်စီးအား ချီးမြှင့်ခဲ့သည်။
အမျိုးသားမှာ ဆိုင်ကယ်သစ် တစ်စီးလုံးကို ပိုက်ဆံ မပေးရပဲ အလကား လက်ဆောင်ရခဲ့၍ အတိုင်းမသိ ဝမ်းသာခဲ့ရသော်လည်း အိမ်ယူ ပြန်သည့်အခါ ဇနီးဖြစ်သူကို ဘယ်ကနေ ဘယ်လိုမျိုး ရရှိလာကြောင်း ရှင်းပြရမှန်းမသိ၍ အခက် တွေ့နေခဲ့သည်။
Credit
Zawgyi
အနှိပ်ခန်းသည်လည်း အလုပ်ထဲတွင် ပင်ပန်းညောင်းညာသူများ စိတ်ဖိစီးသူများမှ လာရောက်အနှိပ်ခံကာ သက်သာပျောက်ကင်းစေနိုင်၍ လူကြိုက်များသောနေရာအဖြစ် ရပ်တည်လျက်ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦးသည် တစ်နေကုန်ပင်ပင်ပန်းပန်း အလုပ်ကိုကြိုးစားလုပ်ခဲ့ပြီး ညဖက်တွေမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ဆိုပြီး ဇနီးဖြစ်သူကိုလိမ်လည်၍ အနှိပ်ခန်းသို့ သွားရောက်ခဲ့သည်။
အမျိုးသားကြီးသည် တစ်နေကုန်ပင်ပန်းထားသမျှ ညောင်းညာမှုတွေကို အနှိပ်ခန်းဆီမှာသာ မိုးရွာသည်ဖြစ်စေ ချမ်းအေးလွန်းသော အချိန်ဖြစ်နေပါစေ တစ်ရက်ကလေးမှမပျက်ပဲ တစ်နှစ်လုံးလုံးသွားရောက်အားပေးခဲ့သည်။
Credit