ၾကားသိရသမွ်

ဘာသာစကားေပါင္း(၂၀)ေက်ာ္အထိပါဝင္ထားတဲ့ အဆိုေတာ္လင္းလင္းရဲ႕ ေတာ္လွန္ေရး ေတးသီခ်င္းအသစ္…

ဘာသာစကားေပါင္း(၂၀)ေက်ာ္အထိပါဝင္ထားတဲ့ အဆိုေတာ္လင္းလင္းရဲ႕ ေတာ္လွန္ေရး ေတးသီခ်င္းအသစ္…

အႏွစ္သာရရွိတဲ့ ေတးသီခ်င္းေကာင္းမ်ားစြာကို ကိုယ္တိုင္ဖန္တီးရင္း သီဆိုေလ့ရွိတဲ့ အႏုပညာရွင္ကေတာ့ ျပည္သူအားလုံးေလးစားရတဲ့ ေတးသံရွင္ လင္းလင္းပဲျဖစ္ပါတယ္။

သူဟာ (၂၀၂၁)ခုႏွစ္ ေဖေဖာ္ဝါရီမွစတင္ကာ ျပည္သူႏွင့္တစ္သားတည္း ေတာ္လွန္လႈပ္ရွားခဲ့တဲ့အတြက္ လက္ရွိမွာ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က ျဖင့္ တရားစြဲဆိုခံထားရတာျဖစ္ၿပီး မိသားစုႏွင့္အတူ အေဝးတစ္ေနရာမွာ ေရွာင္တိမ္းေနထိုင္ေနရတာျဖစ္ပါတယ္။

ဒီလိုတိမ္းေရွာင္ေနရတဲ့ၾကားကကိုပဲ အဆိုေတာ္ လင္းလင္းဟာ ” ႏိုင္ငံဆိုတာ လူထုအမိန္႔ ” ဆိုတဲ့ ေတးသီခ်င္းကို ဖန္တီးထားခဲ့တယ္လို႔ဆိုပါတယ္။ ဒီသီခ်င္းအမ်ိဳးအစားဟာ သူ႔ဘဝမွာ ပထမဆုံးဖန္တီးဖူးတဲ့ အမ်ိဳးအစားတစ္ခုလို႔ဆိုၿပီး ႏိုင္ငံေပါင္း(၂၀)ေက်ာ္က ဘာသာစကားေတြပါဝင္ထားတယ္လို႔လည္းဆိုပါတယ္။

ဒီေတးသီခ်င္းကို အဆိုေတာ္လင္းလင္းႏွင့္အတူ အဆိုေတာ္ ခ်စ္သုေဝ ၊ အဆိုေတာ္ Rဇာနည္ ႏွင့္ အိသၪၥာေမာင္တို႔က သီဆိုထားၾကၿပီး အဆိုေတာ္ ကိုလင္းလင္း က ဒီသီခ်င္းေလးထြက္ရွိလာရင္လည္းဝိုင္းဝန္းအားေပးၾကဖို႔ေျပာၾကားထားပါေသးတယ္။
Credit

UNICODE
ဘာသာစကားပေါင်း(၂၀)ကျော်အထိပါဝင်ထားတဲ့ အဆိုတော်လင်းလင်းရဲ့ တော်လှန်ရေး တေးသီချင်းအသစ်…

အနှစ်သာရရှိတဲ့ တေးသီချင်းကောင်းများစွာကို ကိုယ်တိုင်ဖန်တီးရင်း သီဆိုလေ့ရှိတဲ့ အနုပညာရှင်ကတော့ ပြည်သူအားလုံးလေးစားရတဲ့ တေးသံရှင် လင်းလင်းပဲဖြစ်ပါတယ်။

သူဟာ (၂၀၂၁)ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ ပြည်သူနှင့်တစ်သားတည်း တော်လှန်လှုပ်ရှားခဲ့တဲ့အတွက် လက်ရှိမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရတာဖြစ်ပြီး မိသားစုနှင့်အတူ အဝေးတစ်နေရာမှာ ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။

ဒီလိုတိမ်းရှောင်နေရတဲ့ကြားကကိုပဲ အဆိုတော် လင်းလင်းဟာ ” နိုင်ငံဆိုတာ လူထုအမိန့် ” ဆိုတဲ့ တေးသီချင်းကို ဖန်တီးထားခဲ့တယ်လို့ဆိုပါတယ်။ ဒီသီချင်းအမျိုးအစားဟာ သူ့ဘဝမှာ ပထမဆုံးဖန်တီးဖူးတဲ့ အမျိုးအစားတစ်ခုလို့ဆိုပြီး နိုင်ငံပေါင်း(၂၀)ကျော်က ဘာသာစကားတွေပါဝင်ထားတယ်လို့လည်းဆိုပါတယ်။

ဒီတေးသီချင်းကို အဆိုတော်လင်းလင်းနှင့်အတူ အဆိုတော် ချစ်သုဝေ ၊ အဆိုတော် Rဇာနည် နှင့် အိသဉ္စာမောင်တို့က သီဆိုထားကြပြီး အဆိုတော် ကိုလင်းလင်း က ဒီသီချင်းလေးထွက်ရှိလာရင်လည်းဝိုင်းဝန်းအားပေးကြဖို့ပြောကြားထားပါသေးတယ်။
Credit