၁။ အႏြံတာခံႏိုင္ရမယ္
ဒါကေတာ့ ေျပာေနစရာ မလိုဘူးလို႔ေတာ့ ထင္ပါတယ္။ ခ်စ္ၿပီဆိုရင္ အႏြံတာက ေအာ္တိုခံႏိုင္ၿပီေလ။ ဒါေပမဲ့ ကိုယ္က အေလ်ာ့ေပး အလိုလိုက္တာမ်ားရင္ ေခါင္းေပၚ ေခ်းတက္ပါႏိုင္တဲ့ လူ႔သဘာဝကို ေမ့လို႔ေတာ့ မျဖစ္ဘူးေနာ္။
၂။ သူ႔အႀကိဳက္၊ ကိုယ့္အႀကိဳက္ လိုက္ညႇိေပးရမယ္
ဒါေပါ့၊ ေနရာတကာ ဗိုလ္က်ေနလို႔မွ မရတာေနာ္။ relationship တစ္ခုက ႀကိဳးတစ္ေခ်ာင္းလိုပါပဲ။ တင္းရင္လည္း ျပတ္တတ္သလို၊ ေလ်ာ့လြန္းရင္လည္း ေျပေလ်ာ့သြားတတ္ပါတယ္။ ခ်စ္သူေတြျဖစ္လာၿပီဆိုရင္ေတာ့ သူ႔အႀကိဳက္ေလးေတြကို သိေအာင္လုပ္၊ တစ္ခါတေလေလးေတာ့ အလိုလိုက္၊ အႀကိဳက္ေဆာင္ေပးေပါ့ေလ။
၃။ အဆင္မေျပတာကို အရင္ညႇိပါ
ဒီေကာင္ေလးကို စတြဲဖို႔ ဆုံးျဖတ္လိုက္ၿပီဆိုကတည္းက သူ႔မွာ ရွိတဲ့ မေကာင္းကြက္ေတြကို အနည္းနဲ႔ အမ်ားေတာ့ သိထားရပါမယ္။ (အလုံးစုံကို ေျပာတာမဟုတ္ေပမဲ့ တစ္ခ်ိဳ႕အခ်က္ေတြကိုေတာ့ စကားေျပာေနရင္းကပဲျဖစ္ျဖစ္ အျမင္နဲ႔ သိႏိုင္ပါတယ္။ ) ကိုယ္က လုံးလုံးမႀကိဳက္တဲ့ အခ်က္ေတြ သူ႔မွာ ရွိရင္ တြဲဖို႔ကို စဥ္းစားမေနပါနဲ႔ေတာ့။ ေရရွည္မွာ ဘယ္လိုမွ အဆင္ေျပမွာ မဟုတ္ပါဘူး။ အဲ… အေပ်ာ္တြဲဆိုရင္ေတာ့ တစ္မ်ိဳးေပါ့ေနာ္။
၄။ ေနာက္ေၾကာင္းကို အနည္းနဲ႔အမ်ားေတာ့ သိပါေစ
ဒါကေတာ့ တကယ္ခ်စ္ၿပီး လက္ထပ္ဖို႔ ဆုံးျဖတ္ထားတဲ့သူေတြ အတြက္ပါ။ လက္ထပ္တာဟာ လူႏွစ္ေယာက္၊ ဘဝႏွစ္ခု ေပါင္းစပ္႐ုံပဲ ဆိုေပမယ့္ ေနာက္ကြယ္မွာ သူ႔အသိုင္းအဝိုင္း၊ ကိုယ့္အသိုင္းအဝိုင္း ဆိုတာ ရွိေနပါတယ္။ ကိုယ္လက္တြဲမယ့္သူက ရႈပ္ရႈပ္ယွက္ယွက္ အသိုင္းဝိုင္းက လာတဲ့သူဆိုရင္ေတာ့ ကိုယ္က သည္းခံႏိုင္မွပါ။ သည္းမခံႏိုင္ရင္ေတာ့ ေဝးေဝးေရွာင္တာ အေကာင္းဆုံးပါပဲ။
၅။ အက်င့္စာရိတၱ
လူတစ္ေယာက္ရဲ႕ တန္ဖိုးအစစ္အမွန္က အက်င့္စာရိတၱပါပဲ။ သူက ဘဝေပးအေျခအေနေၾကာင့္ ဆင္းရဲတဲ့ မိသားစုက ေပါက္ဖြားပါေစဦး၊ အက်င့္စာရိတၱေကာင္းရင္ လူရာဝင္ပါတယ္။ ဒါေၾကာင့္ တြဲေနစဥ္ တစ္ေလွ်ာက္လုံးမွာ သတိထားေစာင့္ၾကည့္ရမွာက သူဟာ အက်င့္စာရိတၱ ေကာင္း/မေကာင္းပါပဲ။
[ Unicode ]
တစ်ယောက်ယောက်ကို ချစ်မိပြီဆိုရင် သတိထားရမယ့် အချက်လေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။
၁။ အနွံတာခံနိုင်ရမယ်
ဒါကတော့ ပြောနေစရာ မလိုဘူးလို့တော့ ထင်ပါတယ်။ ချစ်ပြီဆိုရင် အနွံတာက အော်တိုခံနိုင်ပြီလေ။ ဒါပေမဲ့ ကိုယ်က အလျော့ပေး အလိုလိုက်တာများရင် ခေါင်းပေါ် ချေးတက်ပါနိုင်တဲ့ လူ့သဘာဝကို မေ့လို့တော့ မဖြစ်ဘူးနော်။
၂။ သူ့အကြိုက်၊ ကိုယ့်အကြိုက် လိုက်ညှိပေးရမယ်
ဒါပေါ့၊ နေရာတကာ ဗိုလ်ကျနေလို့မှ မရတာနော်။ relationship တစ်ခုက ကြိုးတစ်ချောင်းလိုပါပဲ။ တင်းရင်လည်း ပြတ်တတ်သလို၊ လျော့လွန်းရင်လည်း ပြေလျော့သွားတတ်ပါတယ်။ ချစ်သူတွေဖြစ်လာပြီဆိုရင်တော့ သူ့အကြိုက်လေးတွေကို သိအောင်လုပ်၊ တစ်ခါတလေလေးတော့ အလိုလိုက်၊ အကြိုက်ဆောင်ပေးပေါ့လေ။
၃။ အဆင်မပြေတာကို အရင်ညှိပါ
ဒီကောင်လေးကို စတွဲဖို့ ဆုံးဖြတ်လိုက်ပြီဆိုကတည်းက သူ့မှာ ရှိတဲ့ မကောင်းကွက်တွေကို အနည်းနဲ့ အများတော့ သိထားရပါမယ်။ (အလုံးစုံကို ပြောတာမဟုတ်ပေမဲ့ တစ်ချို့အချက်တွေကိုတော့ စကားပြောနေရင်းကပဲဖြစ်ဖြစ် အမြင်နဲ့ သိနိုင်ပါတယ်။ ) ကိုယ်က လုံးလုံးမကြိုက်တဲ့ အချက်တွေ သူ့မှာ ရှိရင် တွဲဖို့ကို စဉ်းစားမနေပါနဲ့တော့။ ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ… အပျော်တွဲဆိုရင်တော့ တစ်မျိုးပေါ့နော်။
၄။ နောက်ကြောင်းကို အနည်းနဲ့အများတော့ သိပါစေ
ဒါကတော့ တကယ်ချစ်ပြီး လက်ထပ်ဖို့ ဆုံးဖြတ်ထားတဲ့သူတွေ အတွက်ပါ။ လက်ထပ်တာဟာ လူနှစ်ယောက်၊ ဘဝနှစ်ခု ပေါင်းစပ်ရုံပဲ ဆိုပေမယ့် နောက်ကွယ်မှာ သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်း ဆိုတာ ရှိနေပါတယ်။ ကိုယ်လက်တွဲမယ့်သူက ရှုပ်ရှုပ်ယှက်ယှက် အသိုင်းဝိုင်းက လာတဲ့သူဆိုရင်တော့ ကိုယ်က သည်းခံနိုင်မှပါ။ သည်းမခံနိုင်ရင်တော့ ဝေးဝေးရှောင်တာ အကောင်းဆုံးပါပဲ။
၅။ အကျင့်စာရိတ္တ
လူတစ်ယောက်ရဲ့ တန်ဖိုးအစစ်အမှန်က အကျင့်စာရိတ္တပါပဲ။ သူက ဘဝပေးအခြေအနေကြောင့် ဆင်းရဲတဲ့ မိသားစုက ပေါက်ဖွားပါစေဦး၊ အကျင့်စာရိတ္တကောင်းရင် လူရာဝင်ပါတယ်။ ဒါကြောင့် တွဲနေစဉ် တစ်လျှောက်လုံးမှာ သတိထားစောင့်ကြည့်ရမှာက သူဟာ အကျင့်စာရိတ္တ ကောင်း/မကောင်းပါပဲ။
Ref; rsgoals