ကားမောင်းသူတိုင်း မဖြစ်မနေသိထားရမည့် ကလပ် ထိန်းသိမ်းခြင်းအကြောင်း
ကလပ် ထိန်းသိမ်းခြင်း
ကလပ်ဆီပုံမှန်စစ်ဆေးပါ။ ရေရော၍မသုံးပါနှင့်။ ကလပ်ခြေနင်းတံကို ညင်သာစွာလွှတ်ပါ။ ကလပ်အသုံးကြမ်းလျှင် ကလပ်ပလိတ်အစားမြန်မည်။ နံပါတ် (၁) ဂီယာမထိုးဘဲဂီယာကျော်မထိုးပါနှင့်။ ကလပ်ကို မနိုင်ဝန်မထမ်းခိုင်းပါနှင့်။ ကားအရှိန်သတ်ရန် ဂီယာဒေါင်း၍ ကလပ်လွှတ်ပါများလျှင် ကလပ်ပလိတ်အစားမြန်မည်။
ရေကြီးရေလျှံသောလမ်းတွင်ဂီယာဘောက်စ်မြုပ်သည်အထိကားမောင်းခဲ့ပါက ကလပ်ပလိတ်များရေစိုရေဝင်သွားပြီးကလပ်ချော်မည်။ ကလပ်ပလိတ်ရေခြောက်သွားပြီးမှကားကိုဆက်သုံးပါ။ စက်နှိုးမော်တာမကောင်း၍၊ ဘက်ထရီမကောင်း၍ကားကိုတွန်းနှိုးခြင်းသည်တစ်ခါတစ်ရံသာပြုလုပ်သင့်သည်။ ကားတွန်းနှိုးခြင်းသည် ကလပ်ပလိတ်ကိုပျက်စီးစေသည်။
ဘက်ထရီနှင့်မော်တာ အမြဲကောင်းမွန်နေအောင်ထိန်းသိမ်းပြုပြင်ပါ။ ကလပ်ဝါရှာပေါက်၍အသစ်လဲရလျှင် အရည်အသွေးကောင်းဝါရှာကိုသုံးပါ။ ကြိုးကလပ်ဖြစ်ပါက ကေဘယ်လ်ကြိုးစစ်ဆေး၍ ချောဆီ ထည့်ပေးပါ။ ကေဘယ်လ်ကြိုးအစ လန်နေပါက မပြတ်မီ အသစ်တစ် ချောင်းလဲပါ။
ကားမောင်းနေစဉ် သင်၏ ခြေဖျားကို ကလပ်ခြေနင်းတံပေါ် တင်မထားပါနှင့်။ အင်ဂျင်စက်သံမြှင့်တင်ပြီး ကလပ်ကို ဆောင့်မလွတ်ပါနှင့်။ ဝန်လေးပစ္စည်းများ၊ ကုန်းတက်လမ်းများတွင် နံပါတ် (၁) ဂီယာဖြင့်သာ မောင်းပါ။
တောင်ကြီးမြို့၊အေးသာယာ၊စက်မှုဇုန်လမ်းဘေး
09-256357421
Author – Min Thit Htoo
ကားေမာင္းသူတိုင္း မျဖစ္မေနသိထားရမည့္ ကလပ္ ထိန္းသိမ္းျခင္းအေၾကာင္း
ကလပ္ ထိန္းသိမ္းျခင္း
ကလပ္ဆီပုံမွန္စစ္ေဆးပါ။ ေရေရာ၍မသုံးပါႏွင့္။ ကလပ္ေျခနင္းတံကို ညင္သာစြာလႊတ္ပါ။ ကလပ္အသုံးၾကမ္းလၽွင္ ကလပ္ပလိတ္အစားျမန္မည္။ နံပါတ္ (၁) ဂီယာမထိုးဘဲဂီယာေက်ာ္မထိုးပါႏွင့္။ ကလပ္ကို မနိုင္ဝန္မထမ္းခိုင္းပါႏွင့္။ ကားအရွိန္သတ္ရန္ ဂီယာေဒါင္း၍ ကလပ္လႊတ္ပါမ်ားလၽွင္ ကလပ္ပလိတ္အစားျမန္မည္။
ေရႀကီးေရလၽွံေသာလမ္းတြင္ဂီယာေဘာက္စ္ျမဳပ္သည္အထိကားေမာင္းခဲ့ပါက ကလပ္ပလိတ္မ်ားေရစိုေရဝင္သြားၿပီးကလပ္ေခ်ာ္မည္။ ကလပ္ပလိတ္ေရေျခာက္သြားၿပီးမွကားကိုဆက္သုံးပါ။ စက္ႏွိုးေမာ္တာမေကာင္း၍၊ ဘက္ထရီမေကာင္း၍ကားကိုတြန္းႏွိုးျခင္းသည္တစ္ခါတစ္ရံသာျပဳလုပ္သင့္သည္။ ကားတြန္းႏွိုးျခင္းသည္ ကလပ္ပလိတ္ကိုပ်က္စီးေစသည္။
ဘက္ထရီႏွင့္ေမာ္တာ အျမဲေကာင္းမြန္ေနေအာင္ထိန္းသိမ္းျပဳျပင္ပါ။ ကလပ္ဝါရွာေပါက္၍အသစ္လဲရလၽွင္ အရည္အေသြးေကာင္းဝါရွာကိုသုံးပါ။ ႀကိဳးကလပ္ျဖစ္ပါက ေကဘယ္လ္ႀကိဳးစစ္ေဆး၍ ေခ်ာဆီ ထည့္ေပးပါ။ ေကဘယ္လ္ႀကိဳးအစ လန္ေနပါက မျပတ္မီ အသစ္တစ္ ေခ်ာင္းလဲပါ။
ကားေမာင္းေနစဥ္ သင္၏ ေျခဖ်ားကို ကလပ္ေျခနင္းတံေပၚ တင္မထားပါႏွင့္။ အင္ဂ်င္စက္သံျမႇင့္တင္ၿပီး ကလပ္ကို ေဆာင့္မလြတ္ပါႏွင့္။ ဝန္ေလးပစၥည္းမ်ား၊ ကုန္းတက္လမ္းမ်ားတြင္ နံပါတ္ (၁) ဂီယာျဖင့္သာ ေမာင္းပါ။
ေတာင္ႀကီးၿမိဳ႕၊ေအးသာယာ၊စက္မႈဇုန္လမ္းေဘး
09-256357421
Author – Min Thit Htoo