ဗဟုသုတ

သင့်အနာဂတ်မှာ ဘယ်လိုအချစ်ရေး အပြောင်းအလဲတွေကြုံရမလဲ

သင့်အနာဂတ်မှာ ဘယ်လိုအချစ်ရေး အပြောင်းအလဲတွေကြုံရမလဲ

နံပါတ် ၁

သင်ဟာ ဘဝနဲ့ပတ်သက်ပြီး အရမ်းအပြုသဘောဆောင်တဲ့အတွေးမျိုး မတွေးတတ်ပါဘူး။ တကယ်တော့ သင့်ဘဝမှာ မမျှော်လင့်တဲ့အဖြစ်အပျက်ဆိုးလေးတွေ ရှိခဲ့ဖူးတဲ့အတွက် သင်ဟာ အနာဂတ်မှာ ပျော်ရွှင်မှုရဖို့ တထစ်ချမယုံကြည်ထားပါဘူး။ ဒါပေမယ့် မကြာခင်မှာ လူတစ်ယောက်နဲ့ အချစ်ရေးတစ်ခု တည်ဆောက်ဖို့ အခွင့်အရေးပေါ်လာပါလိမ့်မယ်။ ဒီလူက သူငယ်ချင်းကောင်းဆိုပြီး သင်အမြဲမှတ်ယူထားတဲ့ လူတစ်ယောက်ပါ။ ဒီလိုအခွင့်အရေးကောင်း ပေါ်လာခဲ့မယ်ဆိုရင် လုံးဝလက်မလွှတ်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူက သင့်ဘဝကို ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး သင့်အတွက် ပျော်ရွှင်တဲ့ အနာဂတ်တစ်ခု ဖန်တီးပေးမှာပါ။

နံပါတ် ၂

မကြာခင်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး သင်မျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာတော့မှာပါ။ အဲဒါကတော့ သင်ဟာ လူတစ်ယောက်နဲ့တွေ့ဆုံပြီး အချစ်ရေးတစ်ခုကို တည်ဆောက်ခွင့်ရပါလိမ့်မယ်။ ဒီလူဟာ သင်အကြာကြီး မျှော်လင့်စောင့်စားနေခဲ့ရတဲ့ သင့်ရဲ့ဖူးစာဖက်ပါ။ ဒီအချစ်ရေးမှာ သင်ဟာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ အချစ်စစ်တွေနဲ့ တည်ဆောက်ခွင့်ရမှာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရမှာပါ။ ဒါကြောင့် သင့်ကိုမမေ့နိုင်စရာ အခိုက်အတန့်လေးတွေနဲ့ ပျော်ရွှင်မှုတွေကို ဆောင်ကျဉ်းလာမယ့် အဲဒီအနာဂတ်လေးကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းဖို့ အကြံပေးလိုက်ချင်ပါတယ်။

နံပါတ် ၃

စိတ်မကောင်းစရာကတော့ အနာဂတ်မှာ သင်မျှော်လင့်ထားတဲ့အရာတွေက ဖြစ်မလာနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ယခုလက်ရှိ သင်ပိုင်ဆိုင်ထားရတဲ့ အချစ်ရေးကို အကြောင်းအမျိုးမျိုးကြောင့် သင့်ဘက်ကစပြီး ရပ်ဆဲဖို့ ဆုံးဖြတ်ရတော့မှာမို့ပါ။ သင်ဟာ ဒီအချစ်ရေးကို တတ်နိုင်သလောက် အဆင်ပြေအောင် ကြိုးစားညှိယူဖို့ ကြိုးစားခဲ့ရပါလိမ့်မယ်။ ဒါပေမယ့် အဲဒီလူရဲ့လုပ်ရပ်နဲ့ အပြောအဆိုတွေက သင့်ကိုနာကျင်ပြီး ပင်ပန်းစေခဲ့တာ အတော်ကြာနေပြီဖြစ်တဲ့အတွက် သင့်ဘက်ကစပြီး ပြတ်ဆဲဖို့ ဆုံးဖြတ်ရပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ မကြာခင်မှာ ရင်ဆိုင်ရမယ့် ဒီအခြေအနေကို ခံနိုင်ရည်ရှိဖို့ စိတ်ရောလူပါ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။

credit to lotaya_quiz