သတင္း

မြန်မာဘီယာကို ကစ်လိုက်တဲ့ နန်းထိုက်အောင်



ဧပြီ ၂၀ ၊ ၂၀၂၂





#SpringReovlution

မြန်မာဘီယာကို ကစ်လိုက်တဲ့ နန်းထိုက်အောင်

“နန်းထိုက်အောင်”စစ်ဆင်ရေးရဲ့ စီးပွားရေးပစ်မှတ်အဖြစ် အကြမ်းဖက်စစ်ကောင်စီပိုင် မြန်မာဘီယာ စက်ရုံကို (၄၀)မမဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်

ဧပြီ ၂၀ ၊ ၂၀၂၂

“နန်းထိုက်အောင်”စစ်ဆင်ရေးရဲ့ စီးပွားရေးပစ်မှတ်အဖြစ် စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို (၄၀) မမ ဗုံး သီးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိ သူပြောကြားထားတယ်လို့ People’s Spring မီဒီယာကဖော်ပြထားပါတယ်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုံ အမှတ် (၃) လမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်၊ စီးပွားရေးဦးပိုင်ရဲ့ အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြန်မာဘီယာစက်ရုံကို ဧပြီ ၁၉ ရက် ညနေ ၄ နာရီ လောက်က မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က (၄၀) မမ ဗုံးသီး နှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်မှာ လူထိခိုက်မှုမရှိခဲ့ပေမယ့် ဘီယာထုတ်လုပ်ရေးရဲ့ ပင်မထုတ်လုပ်ရေးအစိတ်အပိုင်း နှစ်ခု ပျက်စီးမှုရှိခဲ့ကြောင်း “နန်းထိုက်အောင် “စစ်ဆင်ရေးက အကြမ်းဖက်စစ်ကောင်စီအပါအဝင် ထောက် တိုင်တွေကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မယ့် စစ်ဆင်ရေးဖြစ်ကြောင်း

လက်ရှိမှာ စစ်ဆင်ရေးကို ဒလ၊ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊ လမ်းမတော်၊ ကော့မှုး၊ တွံတေး၊ သုံးခွ၊ ရွှေပြည်သာ ၊သာကေတ နဲ့ လှိုင်သာယာ စတဲ့မြို့တွေမှာ ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားတွေ၊ အုပ်ချုပ် ရေးမှူးတွေနဲ့ သတင်းပေးဒလန် ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဖော်ကြထားပါတယ်။

#SpringReovlution