သမိုင်းတစ်လျောက် မဖြစ်ဘူးသေးတဲ့ နွေရာသီ ပျောက်ဆုံးမည့် မြန်မာနိုင်ငံရဲ့ မိုးလေဝသ တိုင်းထွာချက်
သမိုင်းတစ်လျောက် မဖြစ်ဘူးသေးတဲ့ နွေရာသီ ပျောက်ဆုံးမည့်မြန်မာနိုင်ငံအကြောင်း
နွေရာသီ ပျောက်ဆုံးမည့် မြန်မာ
ဆောင်ကူးမိုး မိုးပြီးမိုး နွေရာသီ ဧပြီလ မိုးရွာပြီး မေလ မိုးဆက်မယ်
မြန်မာပြည် ဧပြီ မေ ဇွန် ဇူလိုင် မိုဆက်သွားမှာ ဖြစ်ပြီး နွေရာသီပျောက်သွားပြီ လို့ မပြောကြစတမ်းနော်။
မှတ်ထား Save ထား Share ထားကြပါ။
ခန့်မှန်းချိန် 06/02/2022 at 1:58pm (MMT) ပြည်သူ့အချစ်တော်လေး
Su Su San #ClimateChange
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက် (၀၉:၃၀) နာရီ အချိန်ထိမိုးလေဝသ တိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄) နာရီအတွင်းက နေပြည်တော်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား၊
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပါသည်။
ညအပူချိန်များမှာ မကွေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂) ဒီဂရီ စင်တီဂရိတ်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၃) ဒီဂရီ စင်တီဂရိတ်မှ (၄) ဒီဂရီ စင်တီဂရိတ်အထိ နှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင်
ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်တို့ထက် (၅) ဒီဂရီ စင်တီဂရိတ်မှ (၆) ဒီဂရီ စင်တီဂရိတ်အထိ ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။
ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၂) ဒီဂရီ စင်တီဂရိတ်၊ တီးတိန်မြို့တွင် (၄) ဒီဂရီ စင်တီဂရိတ်၊ ဖလမ်းမြို့တွင် (၅)ဒီဂရီ စင်တီဂရိတ်နှင့် တွန်းဇံမြို့တွင် (၆)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ဘားအံမြို့တွင် (၁.၁၄) လက်မ၊ ဟုမ္မလင်းမြို့တွင် (၀.၉၀) လက်မ၊ ပူတာအိုမြို့တွင် (၀.၈၆) လက်မ၊ မိုင်းဆတ်မြို့တွင် (၀.၇၉) လက်မ၊ ကျိုင်းတုံမြို့တွင် (၀.၇၄) လက်မ၊ မချမ်းဘောမြို့နှင့် တောင်ငူမြို့တို့တွင် (၀.၆၆) လက်မစီ၊ မော်လမြိုင်မြို့တွင် (၀.၄၇) လက်မနှင့် ကျိုက္ခမီမြို့တွင် (၀.၃၉) လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော် အခြေအနေ။ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန် နံနက်အထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင်နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန် ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့် ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၆) ပေမှ (၈) ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက် ခန့်မှန်းချက်။စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ညပူချိန်များ အနည်းငယ်လျော့နည်းနိုင်ပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း (၆၀) ဖြစ်ပါသည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါသည်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါသည်။