(၁)ဆားပြုတ်ရည်ဆားသည် သဘာ၀ပိုးသတ်ဆေးတစ်လက်ဖြစ်ပြီး သွားကိုက်ခြင်းအတွက် လွယ်ကူပြီးအစွမ်းထက်သော နည်းတစ်မျိူးဖြစ်ပါတယ်။
ဆား စားပွဲတင်ဇွန်းတစ်၀က်ကို ရေနွေးတစ်ခွက်ထဲသို့ထည့်ပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ် အသုံးပြုနိုင်ပါပြီ။
သွားကိုက်ခြင်းကိုသက်သာစေပြီး သွားဖုံးယောင်ခြင်းနဲ့ လည်ပင်းနာခြင်းကိုပါ သက်သာစေပါတယ်။
(၂)ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်သွားချေးများကို ပြောင်စေစေပြီး သွားဖုံးသွေးယိုခြင်းကိုပါ သက်သာစေပါတယ်။
၃%ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ် ၅စက်ခန့်ကို ရေ ၅၀ ml တွင်ရောပါ။ထို့နောက် ပလုတ်ကျင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါတယ်။
(၃)လေးညင်းဆီရှေးနှစ်ပေါင်းများစွာကပင် လေးညင်းကို သွားကိုက်ခြင်းအတွက် အသုံးပြုခဲ့ကြပါတယ်။ လေးညင်းမှာ eugenol ဆိုတဲ့ သဘာ၀ပိုးသတ်ဆေးတစ်မျိူး ပါ၀င်တဲ့အတွက် သွားကိုက်စေသော ပိုးမ်ားကို သေစေပါတယ်။
လေးညင်းပွင့်အနည်းငယ်ကို ဝါးစားခြင်း၊လေးညင်းမှုန့်ကို သွားပိုးပေါက်ပေါ်တွင် အုံပေးခြင်း၊လေးညင်းဆီကိုအစက်ချပေးခြင်း ပြုလုပ်နိုင်ပါတယ်။
(၄)ရေခဲကပ်ခြင်းဘယ်လိုနာကျင်မှုမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ရေခဲတုံးများကို ပလတ်စတစ်အိတ်တွင် ထည့်ပြီး အ၀တ်စဖြင့် ဖုံးအုပ်ပါ။
သွားကိုက်သော နေရာပေါ်သို့ ၁၅မိနစ်ခန့် ကပ်ပေးပါ။သွားကိုက်ခြင်းအပြင် သွားဖုံးရောင်ခြင်းကိုလဲ သက်သာစေတယ်နော်။
(၅) ကြက်သွန်ဖြူပိုးသတ်အာနိသင်ကော အနာသက်သာသောအာနိသင်ပါ ပြည့်စုံပါတယ်။ကြက်သွန်ဖြူကိုထောင်းပြီး သွားကိုက်သောနေရာပေါ်အုံပေးခြင်း သို့မဟုတ် ဝါးစားခြင်းကို ပြုလုပ်ပေးပါ။
သွားကိုက်မပျောက်မချင်း အသုံးပြုနိုင်ပါတယ်။(၆)မာလကာရွက်သွားနာခြင်းအပြင် ပါးစပ်အနာများနဲ့ သွားဖုံးရောင်ခြင်းကိုလဲ သက်သာစေပါတယ်။
အရွက်အနည်းငယ်ကို ဝါးစားခြင်း သို့မဟုတ် ရေနွေးဆူဆူတွင် မာလကာရွက်ကိုထည့်ပြုတ်ပြိး အအေးခံထားပါ။
ထို့နောက် ဆားအနည်းငယ်ထည့်ပြီး ထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။
ပိုးသတ်အာနိသင်အပြင် ယောင်ယမ်းခြင်းကိုသက်သာစေသော အာနိသင်လဲရှိပါတယ်။
(၇)ကြက်သွန်နီကြက်သွန်နီဟာသွားကိုက်ခြင်းဖြစ်စေသော ပိုးမြွားမ်ားကို သေစေသောအာနိသင်ရှိပြီး နာကျင်မှုကိုသက်သာစေပါတယ်။
အကောင်းဆုံးနည်းကတော့ ကြက်သွန်ဖြူကိုပါးပါးလှီးပြီး အနာရှိသောဘက်ဖြင့် ဝါးစားပါ။
တကယ်လို့ သွားတအားနာကျင်ပြီး ဝါးမစားနိုင်ပါကကိုက်နေသောသွားအပေါ်သို့ ကြက်သွန်နီကို လက်ဖြင့်ဖိအုံပေးပါ။
credit



