ဗဟုသုတ

အိမ်ရှင်မတို့ရဲ့ အစားအသောက်တွေ ကြာရှည်ခံစေမယ့် နည်းလမ်း(၁၀)မျိုး

အိမ်ရှင်မတို့ရဲ့ အစားအသောက်တွေ ကြာရှည်ခံစေမယ့် နည်းလမ်း(၁၀)မျိုး

လူတိုင်းဟာ အစားအသောက်နဲ့ပတ်သက်လာရင် လတ်ဆက်မှုရှိမှ စားချင်ကြတာချည်းပါပဲ။ လတ်ဆက်မှုရှိမှ စားချင် တယ်ဆိုပေမယ့် လူတိုင်းကတော့ နေ့တိုင်း စတိုးဆိုင်ကို မသွားချင်ကြပါဘူး။

အခုဖော်ပြမယ့် နည်းလမ်း(၁၀)သွယ်က အိမ်ရှင်မတွေအတွက် အထူးလိုအပ်မယ့် အစားအသောက်နဲ့ ဟင်းသီးဟင်းရွတ်တွေ အိမ်မှာကြာရှည်ခံမယ့် နည်းလမ်းတွေဖြစ်ပါတယ်။

၁။ နွားနို့

ခင်ဗျားတို့အနေနဲ့ ဂါလန်ဘူး ဒါမှမဟုတ် (၁)လီတာရှိတဲ့ နို့ဘူးတွေကို ဝယ်ထားမယ်ဆိုရင်တော့ အလွန်အေးခဲနေအောင်ရေခဲ့သေတ္တာထဲမှာ သိုလျှောင်ထားသင့်ပါတယ်။ အေးခဲနေတဲ့ နွားနို့ဟာ (၄)ပတ်ကနေ (၆)ပတ်အထိ အထားခံပါတယ်။

၂။ ကြက်ဥ

တစ်ခါတစ်ရံမှာ ကြက်ဥအလုံးလိုက်ကို ရေခဲသေတ္တာထဲထည့်ထားပေမယ့် စားလို့မရဘဲပုပ်သွားတဲ့ ကြက်ဥတွေကို တွေ့ဖူးကြမှာပါ။

ဒီအခြေအနေကို ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ ကြက်ဥတွေကို ဖောက်ပြီး ရေခဲခံတဲ့ ခွက်ဘန်းထဲမှာ ထည့် ထားပါ။ ပြီးရင် ဆားလေးအနည်းငယ်၊ သကြားလေးအနည်းငယ်ထည့်ထားရင် အထားခံပါတယ်။

၃။ ဆော့

ဆော့တွေကို အချဉ်မဖောက်စေဖို့အတွက် ထိန်းသိမ်းနိုင်တဲ့နည်းလမ်းရှိပါတယ်။ ဆော့တွေကို အလုံပိတ်အိတ်ထဲ သေချာအောင်ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် ရေရှည်စားသုံးနိုင်မှာဖြစ်ပါတယ်။

၄။ ဆလပ်ရွက်

ဆလပ်ရွတ်ကြာရှည်ခံဖို့ကတော့ လွယ်ပါတယ်။ ဆလပ်ရွက်တွေကို တစ်ရှူးနဲ့ပတ်ပြီးထားရမှာပါ။

ဆလပ်ရွက်မှာရှိတဲ့ စိုစွတ်မှုတွေကို တစ်ရှူးက စုပ်ယူပြီး အရွက်တွေ အဝါရောင်သမ်းမသွားအောင်ထိန်းပေးပါတယ်။ ဆလပ်ရွက်တွေ တွန့်သွားမှာဖြစ်ပေမယ့် တစ်ပတ်အထိတော့ အထားခံမှာပါ။

၅။ ပန်သီး

ပန်းသီးကတော့ ဒီအတိုင်းထားလည်း ကြာရှည်ခံတဲ့ အသီးပါပဲ။ ဒါပေမယ့် သူ့ကိုဆေးကြောပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင်တော့ တစ်လကျော်၊ နှစ်လနီးပါးလောက် အထားခံပါတယ်။ တစ်ခုတော့ သတိထားရပါမယ်။ ပန်သီးဟာ အနာမရှိစေရဘူး။ ရေခဲသေတ္တာထဲထည့်တဲ့အခါမှာလည်း တစ်လုံးချင်းစီ ထိကပ်မနေရပါဘူး။

၆။ မုန်လာဥ

မုန်လာဥစိုက်ခင်းသမားတွေကတော့ မုန်လာဥတွေကို ကြာရှည်ခံဖို့အတွက် ဆားထဲမှာ ထည့်ထားရပါတယ်။ ဆားရဲ့ဂုဏ်သတ္တိက အငွေ့ပျံခြင်းကို လျှော့နည်းစေပြီး ပုပ်သိုးဖို့ကိုလည်း နှေးကွေးစေပါတယ်။

၇။ ဒိန်ချဉ်

သင် ဝယ်ထားတဲ့ ဒိန်ချဉ်ဘူးလေးတွေ အရသာလည်းမပျက်စေဘဲ ကြာရှည်ခံဖို့အတွက် ဒိန်ချဉ်ဘူးရဲ့အဝကို အောက်စိုက်ထားဖို့ပဲလိုပါတယ်။

၈။ ကြက်သွန်မိတ်

ကြက်သွန်မိတ် ကြာရှည်ခံဖို့အတွက်ကတော့ တော်တော်လွယ်ကူပါတယ်။ ကြက်သွန်မိတ်ကို ရေအနည်းငယ်ဖြည့်ထားတဲ့ဖန်ခွက်ထဲမှာ ထည့်ထားမယ်ဆိုရင် သင်ထားရင် ထားသလောက်ခံနေမှာပါ။

၉။ ဆေးဖက်ဝင်အရွက်များ

ဆေးဖက်ဝင်အရွက်တွေအတွက် ဖန်ဘူးဟာ အလွန်အသုံးဝင်ပြီး ကြာရှည်ခံတဲ့ ကွန်တိန်နာတစ်ခုပါပဲ။

ဆေးဖက်ဝင်တဲ့အရွက်အစိမ်းတစ်မျိုးမျိုးကို ဖန်ဘူးထဲမှာ လေလုံအောင်ပိတ်ပြီး ထားထားမယ်ဆိုရင် တစ်လလောက်အထိ အရွက်ဟာ ပုပ်သိုးခြင်း၊ ခြောက်သွေ့ခြင်း၊ ရနံ့ပျယ်ခြင်း မရှိပါဘူး။

၁၀။ ပျားရည်

ပျားရည်ကို မှန်ကန်စွာ ထိန်းသိမ်းထားနိုင်မယ်ဆိုရင်တော့ နှစ်ရှည်ခံပါတယ်။ ပျားရည်ကို ကြာရှည်အောင် ထိန်းသိမ်းနိုင် မယ့်ပစ္စည်းက ဖန်ထူထူနဲ့ပုလင်းတစ်လုံးပဲလိုတာပါ။ ရေ၊ လေ လုံအောင် အတင်းဖိကျပ်ထည့်ထားပြီး သိမ်းရမှာပါ။

သတ္တုကြွေထည်ပဲ့၊ သွပ်တွေနဲ့ ပြုလုပ်ထားတဲ့ အဖုံးနဲ့ဆိုရင်တော့ ပျားရည်နဲ့ မသင့်တော်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီဖန် ပုလင်းတွေထဲမှာ အောင်ဆီဂျင်ရှိနေလို့ဖြစ်ပါတယ်။

Credit

အိမ္ရွင္မတို႔ရဲ့ အစားအေသာက္ေတြ ၾကာရွည္ခံေစမယ့္ နည္းလမ္း(၁၀)မ်ိဳး

လူတိုင္းဟာ အစားအေသာက္နဲ႔ပတ္သက္လာရင္ လတ္ဆက္မႈရွိမွ စားခ်င္ၾကတာခ်ည္းပါပဲ။ လတ္ဆက္မႈရွိမွ စားခ်င္ တယ္ဆိုေပမယ့္ လူတိုင္းကေတာ့ ေန႔တိုင္း စတိုးဆိုင္ကို မသြားခ်င္ၾကပါဘူး။

အခုေဖာ္ျပမယ့္ နည္းလမ္း(၁၀)သြယ္က အိမ္ရွင္မေတြအတြက္ အထူးလိုအပ္မယ့္ အစားအေသာက္နဲ႔ ဟင္းသီးဟင္းရြတ္ေတြ အိမ္မွာၾကာရွည္ခံမယ့္ နည္းလမ္းေတြျဖစ္ပါတယ္။

၁။ ႏြားနို႔

ခင္ဗ်ားတို႔အေနနဲ႔ ဂါလန္ဘူး ဒါမွမဟုတ္ (၁)လီတာရွိတဲ့ နို႔ဘူးေတြကို ဝယ္ထားမယ္ဆိုရင္ေတာ့ အလြန္ေအးခဲေနေအာင္ေရခဲ့ေသတၱာထဲမွာ သိုေလၽွာင္ထားသင့္ပါတယ္။ ေအးခဲေနတဲ့ ႏြားနို႔ဟာ (၄)ပတ္ကေန (၆)ပတ္အထိ အထားခံပါတယ္။

၂။ ၾကက္ဥ

တစ္ခါတစ္ရံမွာ ၾကက္ဥအလုံးလိုက္ကို ေရခဲေသတၱာထဲထည့္ထားေပမယ့္ စားလို႔မရဘဲပုပ္သြားတဲ့ ၾကက္ဥေတြကို ေတြ႕ဖူးၾကမွာပါ။

ဒီအေျခအေနကို ေျဖရွင္းဖို႔နည္းလမ္းရွိပါတယ္။ ၾကက္ဥေတြကို ေဖာက္ၿပီး ေရခဲခံတဲ့ ခြက္ဘန္းထဲမွာ ထည့္ ထားပါ။ ၿပီးရင္ ဆားေလးအနည္းငယ္၊ သၾကားေလးအနည္းငယ္ထည့္ထားရင္ အထားခံပါတယ္။

၃။ ေဆာ့

ေဆာ့ေတြကို အခ်ဥ္မေဖာက္ေစဖို႔အတြက္ ထိန္းသိမ္းနိုင္တဲ့နည္းလမ္းရွိပါတယ္။ ေဆာ့ေတြကို အလုံပိတ္အိတ္ထဲ ေသခ်ာေအာင္ထည့္ၿပီး ေရခဲေသတၱာထဲထည့္ထားမယ္ဆိုရင္ ေရရွည္စားသုံးနိုင္မွာျဖစ္ပါတယ္။

၄။ ဆလပ္ရြက္

ဆလပ္ရြတ္ၾကာရွည္ခံဖို႔ကေတာ့ လြယ္ပါတယ္။ ဆလပ္ရြက္ေတြကို တစ္ရႉးနဲ႔ပတ္ၿပီးထားရမွာပါ။

ဆလပ္ရြက္မွာရွိတဲ့ စိုစြတ္မႈေတြကို တစ္ရႉးက စုပ္ယူၿပီး အရြက္ေတြ အဝါေရာင္သမ္းမသြားေအာင္ထိန္းေပးပါတယ္။ ဆလပ္ရြက္ေတြ တြန႔္သြားမွာျဖစ္ေပမယ့္ တစ္ပတ္အထိေတာ့ အထားခံမွာပါ။

၅။ ပန္သီး

ပန္းသီးကေတာ့ ဒီအတိုင္းထားလည္း ၾကာရွည္ခံတဲ့ အသီးပါပဲ။ ဒါေပမယ့္ သူ႔ကိုေဆးေၾကာၿပီး ေရခဲေသတၱာထဲမွာ ထည့္ထားမယ္ဆိုရင္ေတာ့ တစ္လေက်ာ္၊ ႏွစ္လနီးပါးေလာက္ အထားခံပါတယ္။ တစ္ခုေတာ့ သတိထားရပါမယ္။ ပန္သီးဟာ အနာမရွိေစရဘူး။ ေရခဲေသတၱာထဲထည့္တဲ့အခါမွာလည္း တစ္လုံးခ်င္းစီ ထိကပ္မေနရပါဘူး။

၆။ မုန္လာဥ

မုန္လာဥစိုက္ခင္းသမားေတြကေတာ့ မုန္လာဥေတြကို ၾကာရွည္ခံဖို႔အတြက္ ဆားထဲမွာ ထည့္ထားရပါတယ္။ ဆားရဲ့ဂုဏ္သတၱိက အေငြ႕ပ်ံျခင္းကို ေလၽွာ့နည္းေစၿပီး ပုပ္သိုးဖို႔ကိုလည္း ေႏွးေကြးေစပါတယ္။

၇။ ဒိန္ခ်ဥ္

သင္ ဝယ္ထားတဲ့ ဒိန္ခ်ဥ္ဘူးေလးေတြ အရသာလည္းမပ်က္ေစဘဲ ၾကာရွည္ခံဖို႔အတြက္ ဒိန္ခ်ဥ္ဘူးရဲ့အဝကို ေအာက္စိုက္ထားဖို႔ပဲလိုပါတယ္။

၈။ ၾကက္သြန္မိတ္

ၾကက္သြန္မိတ္ ၾကာရွည္ခံဖို႔အတြက္ကေတာ့ ေတာ္ေတာ္လြယ္ကူပါတယ္။ ၾကက္သြန္မိတ္ကို ေရအနည္းငယ္ျဖည့္ထားတဲ့ဖန္ခြက္ထဲမွာ ထည့္ထားမယ္ဆိုရင္ သင္ထားရင္ ထားသေလာက္ခံေနမွာပါ။

၉။ ေဆးဖက္ဝင္အရြက္မ်ား

ေဆးဖက္ဝင္အရြက္ေတြအတြက္ ဖန္ဘူးဟာ အလြန္အသုံးဝင္ၿပီး ၾကာရွည္ခံတဲ့ ကြန္တိန္နာတစ္ခုပါပဲ။

ေဆးဖက္ဝင္တဲ့အရြက္အစိမ္းတစ္မ်ိဳးမ်ိဳးကို ဖန္ဘူးထဲမွာ ေလလုံေအာင္ပိတ္ၿပီး ထားထားမယ္ဆိုရင္ တစ္လေလာက္အထိ အရြက္ဟာ ပုပ္သိုးျခင္း၊ ေျခာက္ေသြ႕ျခင္း၊ ရနံ့ပ်ယ္ျခင္း မရွိပါဘူး။

၁၀။ ပ်ားရည္

ပ်ားရည္ကို မွန္ကန္စြာ ထိန္းသိမ္းထားနိုင္မယ္ဆိုရင္ေတာ့ ႏွစ္ရွည္ခံပါတယ္။ ပ်ားရည္ကို ၾကာရွည္ေအာင္ ထိန္းသိမ္းနိုင္ မယ့္ပစၥည္းက ဖန္ထူထူနဲ႔ပုလင္းတစ္လုံးပဲလိုတာပါ။ ေရ၊ ေလ လုံေအာင္ အတင္းဖိက်ပ္ထည့္ထားၿပီး သိမ္းရမွာပါ။

သတၱဳေႂကြထည္ပဲ့၊ သြပ္ေတြနဲ႔ ျပဳလုပ္ထားတဲ့ အဖုံးနဲ႔ဆိုရင္ေတာ့ ပ်ားရည္နဲ႔ မသင့္ေတာ္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အဲဒီဖန္ ပုလင္းေတြထဲမွာ ေအာင္ဆီဂ်င္ရွိေနလို႔ျဖစ္ပါတယ္။

Credit