ၾကားသိရသမွ်

အဓိပ္ပာယ်တွေများစွာရှိတဲ့ ကျောက်စီပန်းချီကားနဲ့ ရွှေရင်ထိုးနှစ်ခုကို မဲစနစ်နဲ့ရောင်းချပြီး လိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းဦးမယ့် ဇာဏ်ခီနဲ့ခရစ္စတီးနားခီ

သရုပ်ဆောင် ဇာဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ကတော့ စိတ်တူကိုယ်တူနဲ့ တူညီတဲ့ လမ်းတစ်ခုကို လျှောက်လှမ်းခဲ့ကြပြီး သာယာတဲ့မိသားစုဘဝလေးကို

လည်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဇာဏ်ခီရဲ့ ခရစ္စတီးနားခီဟာ မြန်မာနိုင်ငံကြီး အခက်အခဲ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်း

လေးတွေ မဲစနစ်နဲ့ရောင်းချပြီး လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဇာဏ်ခီနဲ့ ခရစ္စတီးနားခီတို့က သူတို့ဇနီးမောင်နှံ

အတွက် အဓိပ္ပာယ်တွေများစွာရှိတဲ့ ကျောက်စီပန်းချီကားနဲ့ ရွှေရင်ထိုးနှစ်ခုကို မဲစနစ်နဲ့ရောင်းချပြီး လိုအပ်နေတဲ့နေရာတွေကိုလှူဒါန်းသွားမယ့်အကြောင်းကို အခုလိုပဲပြောလာပါတယ်။

ချစ်ခြင်းမေတ္တာ Loveပါတဲ့ Revolution..၂၀၀၈ နိုဝင်ဘာ ၂၉ရက်နေ့မှာ မြန်မာပြည်ကို ၂ယောက်အတူပြန်ရောက်လာခဲ့ပါတယ်။ တိုင်းပြည်ရဲ့အနုပညာ

ကဏ္ဍလေးတခုမှာပါဝင်ချင်တဲ့စိတ်၊ ပြီးတော့ အနုပညာဟာနိုင်ငံတနိုင်ငံရဲ့ပုံရိပ်ကောင်းလာဖို့အကျိုးပြုနိုင်တယ်လို့ခံယူထားတဲ့အတွက် ကောင်းမွန်တဲ့

အနုပညာတွေချပြမယ်ဆိုပြီးသံန္နိဌာန်ချခဲ့ပါတယ်။ ၂၀၀၈ ကနေ ၂၀၁၈ အထိ ၁၀နှစ်တာလျှောက်ခဲ့တဲ့လမ်းဟာမှန်သလား မှားသလားဆိုတာကို အဆုံးအဖြတ်

ပေးမယ့်နေ့ဟာ အမှန်တကယ်ရောက်ရှိလာခဲ့ပါတယ်။ တကယ်ကိုပဲ ပရိတ်သတ်တွေဟာတာဝန်ကျေစွာနဲ့ထွက်လာကြပြီး သံသယတံတိုင်းတွေကိုဖြိုချနိုင်ခဲ့

သလို လမ်းကြောင်းအသစ်တခုကိုလည်း အတူတူဖေါက်နိုင်ခဲ့ကြပါတယ်။ ဒီကျောက်စီပန်းချီကားဟာ မှန်ကန်တဲ့လမ်းကြောင်းကိုပြသတဲ့ ပြယုခ်တခုလို့

သတ်မှတ်တဲ့အတွက် ခရစ္စနဲ့ကိုဇဏ်တို့နေထိုင်ခဲ့တဲ့နေရာ (အိမ်ဝင်ဝင်ချင်းမြင်ရတဲ့နေရာ) မှာချိတ်ဆွဲခဲ့တာနောက်ဆုံးနေခဲ့တဲ့နေ့အထိပါပဲ။ သားကိုနောင်တချိန်

မှာ ဒီပန်ချီကားရဲ့နောက်ကွယ်အကြောင်းတွေကိုပြောပြပြီး တန်ဖိုးတွေကိုလက်ဆင့်ကမ်းခဲ့ဖို့ရည်ရွယ်ခဲ့ပါတယ်။”

ဒီကျောက်စီပန်းချီကားဟာ မှတ်တိုင်တခုလို့ပြောလို့ရသလို ခံယူချက်တွေမယိမ်းယိုင်သွားအောင် နေ့စဉ်သတိပေးခဲ့တဲ့အရာဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာပဲ

၂၀၀၈ ကနေ ၂၀၁၈ ထိလျှောက်ခဲ့တဲ့လမ်းမှာရော ၂၀၁၈ အောင်မြင်ပြီးနောက်ပိုင်းမှာရော ကိုယ်လုပ်ချင်တဲ့ပုံစံနဲ့မကိုက်ညီတဲ့အလုပ်ကမ်းလှမ်းမှုတွေကို

ခေါင်းမာမာနဲ့မယူခဲ့ပဲလျှောက်ခဲ့တာတွေကိုအမှတ်ရစေတဲ့အတွက် ကြည့်လိုက်တိုင်းဂုဏ်ယူရတဲ့မှတ်တမ်းပစ္စည်းလေးတခုမို့လို့ ခရစ္စတို့အတွက်တန်ဖိုးမဖြတ်

နိုင်ပါဘူး။ ရွှေသားအတိနဲ့ထွင်းထားတဲ့ Zenn & Chris Proud of youလို့စာတန်းထိုးထားတဲ့ ရင်ထိုး၂ခုကိုပါ အတူတူတနေရာထဲမှာသိမ်းစေချင်တဲ့

အတွက် ရင်ထိုးလေး၂ခုကိုပါထည့်ပေးလိုက်ပါတယ်။ ဒီရင်ထိုးလေးတွေကတော့ ပြည်သူ့အကယ်ဒမီပွဲနေ့ကရခဲ့တာပါ။ ပြည်တွင်း ပြည်ပကပရိတ်သတ်တွေ

စုပေါင်းပြီး အသိအမှတ်ပြုတဲ့ဆုအနေနဲ့ပေးအပ်ခဲ့ကြပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းကိုမီးမှောင်းထိုးပြလိုက်တဲ့ ဒီပစ္စည်းတွေကိုအရင်းပြုပြီး fundraising

ticket တွေရောင်းချတဲ့နေရာမှာပါဝင်ကြခြင်းနဲ့ ခွန်အားဖြစ်ထွန်းကြပါစေ။ ခက်ခဲနေတဲ့သူတွေအားလုံးကိုကူညီနိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။

ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

Source: Zenn Kyi Christina Kyi Charity Page’s fb

CRD