လမ်းခွဲတဲ့ချစ်သူကို နောက်ဆုံးအနမ်းတောင်းပြီး လျှာကို ကိုက်ဖြတ်ပစ်ခဲ့တဲ့ အမျိုးသမီး
အမျိုးသမီးတွေဟာ အချစ်ကြီးရင်ယောက်ျားလေးတွေထက် ခံစားချက်ပိုပြင်းထန်ကြပါတယ်။ သူတို့ဟာတစ်ခါတလေမှာ ချစ်တတ်သလောက်၊ တစ်ခါတလေမှာ ယောက်ျားတွေ ထင်မှတ်မထားလောက်အောင်အထိ လက်တုန့်ပြန်တတ်တယ်ဆိုတာ ဒီသတင်းလေးကသက်သေတွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။
အသက်(၂၃)နှစ်အရွယ် တရုတ်အမျိုးသားတစ်ဦးဟာ ချစ်သူကို သစ်စိမ်းချိုး ချိုးပြီး နှစ်ယောက်ကြားက ပတ်သက်မှုဟာ အခုကစပြီး နိဋ္ဌိတံပြီ ဖြစ်ကြောင်း သူရဲ့ ချစ်သူကို သတိပေးခဲ့ပါတယ်။
အဆိုပါ အမျိုးသားရဲ့နာမည်မှာ Liu လို့သာ အကြမ်းဖျဉ်းသတင်းမှာ ဖော်ပြထားပါတယ်။ လမ်းခွဲခံလိုက်ရတဲ့ ကောင်မလေးအမည်ကတော့ Zhou လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတဲ့ လမ်းသွားလမ်းလာတွေရဲ့ ပြောကြားချက်အရသူတို့နှစ်ဦးဟာ ချစ်သူဘဝမှာ
စိတ်သဘောထားချင်း မတိုက်ဆိုင်နေတာတွေက များနေလို့ ခပ်ကင်းကင်းနေကြကြောင်း၊ ဒီအတွက် Liu က Zhou နဲ့ လမ်းခွဲကြဖို့ အကြောင်းတကူးတက ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
Zhou ကလည်း ပထမတော့အသည်းအသန် ငိုကြွေးခဲ့ပြီးနောက်တော့ သဘောတူညီ ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးနှုတ်ဆက် အနမ်းလေးတော့ ထားခဲ့ပါဦးဆိုပြီး Liu ကို မိန်းမ မာယာသုံးပြီး တောင်းပန်ခဲ့ပါတယ်။
Liu ကလည်း Zhou ရဲ့ အကြံအစည်ကို မသိဘဲ ကောင်းပြီလေလို့ ဆိုကာ နှုတ်ဆက်အနမ်းကို စတိသဘော ပေးဖို့ စိတ်ကူးခဲ့ပါတယ်။
နှစ်ဦးသားဟာ လူသွားလူလာ စည်ကားလွန်းတဲ့ လမ်းမအလယ်မှာနှုတ်ခမ်းချင်း ဆက်ပြီး နောက်ဆုံးအနမ်းကို ပယ်ပယ်နယ်နယ် နမ်းခဲ့ကြပါတယ်။
လမ်းသွားလမ်းလာတွေကလည်း အစကတော့ ကြည့်ကောင်းကောင်းကောင်းနဲ့ ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် Zhou ဟာ အားလုံး ထင်မှတ်မထားတဲ့ အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။
အဲဒါကတော့ Zhou က Liu ရဲ့ လျှာကိုကိုက်ဖြတ်ပစ်ခဲ့တာပါ။ ထွက်ပေါ်လာတဲ့ ဗွီဒီယိုထဲမှာ Zhou ဟာ ရဲတပ်ဖွဲ့ဝင်တွေ ခွဲထုတ်ဖို့ ကြိုးစားနေတဲ့ ကြားက Liu ရဲ့ လျှာကို မလွှတ်ပါဘူး။
Liu ဟာ အလွန် နာကျင်တဲ့ ဝေဒနာကြောင့် အသံ မပီမသနဲ့ အော်ဟစ်ငိုကြွေးနေပါတယ်။
နောက်ဆုံးတော့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူချင်းခွဲမှု အဆင်ပြေခဲ့ပြီး Zhou ဟာ မြေပြင်ပေါ်မှာပဲ လဲချပြီး ကြူကြူပါအောင် ငိုကြွေးနေတာကို တွေ့ရမှာပါ။
Liu အတွက် ကံကောင်းတာက ဆေးရုံကို အချိန်မီ ပြေးသွားခဲ့ပြီး၊ တစ်ခြား ဆိုးဆိုးရွားရွား ထိခိုက်သည်အထိ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
ဒါပေမယ့် အဲဒီအတောအတွင်းမှာ လျှာက အနာ မကျက်သေးသရွေ့တော့ သူ အစာအစားဖို့ ခက်ခဲပါလိမ့်မယ်။
Zhou ရဲ့ မိဘတွေရဲ့ အဆိုအရ လွန်ခဲ့တဲ့ (၅) နှစ်ကတည်းက သူမဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို ခံစားနေရပါတယ်လို့ ထွက်ဆိုထားပါတယ်။
Zhou ဟာ Hefei မြို့က ဆေးကုခန်းမှာ စိတ်ပိုင်းဆိုင်ရာ ကုသမှုကို ငါးနှစ်တိုင်တိုင် ခံယူခဲ့ပြီး ပျောက်ကင်းခဲ့တယ်လို့လည်း ယုံကြည်ရကြောင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးက အတည်ပြုထားပါတယ်။
သူမတို့ စုံတွဲဟာ နှစ်ရှည်လများ တွဲခဲ့ကြသူများ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်ဦးနဲ့တစ်ဦး အဆင်မပြေ ဖြစ်လာခဲ့ပါတယ်။ အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ရဲက Zhou ကို မည်သို့မည်ပုံ အရေးယူထားတယ် ဆိုတာကိုတော့ သတင်းမှာ ဖော်ပြ မထားပါဘူး။
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣
Zawgyi ဖြင့် ဖတ်ရန်
လမ္းခြဲတဲ့ခ်စ္သူကို ေနာက္ဆုံးအနမ္းေတာင္းၿပီး လွ်ာကို ကိုက္ျဖတ္ပစ္ခဲ့တဲ့ အမ်ိဳးသမီး
အမ်ိဳးသမီးေတြဟာ အခ်စ္ႀကီးရင္ေယာက္်ားေလးေတြထက္ ခံစားခ်က္ပိုျပင္းထန္ၾကပါတယ္။ သူတို႔ဟာတစ္ခါတေလမွာ ခ်စ္တတ္သေလာက္၊ တစ္ခါတေလမွာ ေယာက္်ားေတြ ထင္မွတ္မထားေလာက္ေအာင္အထိ လက္တုန႔္ျပန္တတ္တယ္ဆိုတာ ဒီသတင္းေလးကသက္ေသေတြထဲက တစ္ခု ျဖစ္ပါလိမ့္မယ္။
အသက္(၂၃)ႏွစ္အ႐ြယ္ တ႐ုတ္အမ်ိဳးသားတစ္ဦးဟာ ခ်စ္သူကိုသစ္စိမ္းခ်ိဳး ခ်ိဳးၿပီး ႏွစ္ေယာက္ၾကားက ပတ္သက္မႈဟာ အခုကစၿပီး နိ႒ိတံၿပီျဖစ္ေၾကာင္း သူရဲ႕ခ်စ္သူကို သတိေပးခဲ့ပါတယ္။
အဆိုပါ အမ်ိဳးသားရဲ႕နာမည္မွာ Liu လို႔သာ အၾကမ္းဖ်ဥ္းသတင္းမွာ ေဖာ္ျပထားပါတယ္။ လမ္းခြဲခံလိုက္ရတဲ့ ေကာင္မေလးအမည္ကေတာ့ Zhou လို႔ သိရပါတယ္။
ဒီအျဖစ္အပ်က္ကို မ်က္ျမင္ကိုယ္ေတြ႕ ႀကဳံလိုက္ရတဲ့ လမ္းသြားလမ္းလာေတြရဲ႕ ေျပာၾကားခ်က္အရသူတို႔ႏွစ္ဦးဟာ ခ်စ္သူဘဝမွာစိတ္သေဘာထားခ်င္း မတိုက္ဆိုင္ေနတာေတြက မ်ားေနလို႔ ခပ္ကင္းကင္းေနၾကေၾကာင္း၊ ဒီအတြက္ Liu က Zhou နဲ႔ လမ္းခြဲၾကဖို႔ အေၾကာင္းတကူးတက ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါတယ်ါ
Zhou ကလည္း ပထမေတာ့အသည္းအသန္ ငိုေႂကြးခဲ့ၿပီးေနာက္ေတာ့ သေဘာတူညီ ေပးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးႏႈတ္ဆက္ အနမ္းေလးေတာ့ ထားခဲ့ပါဦးဆိုၿပီး Liu ကို မိန္းမ မာယာသုံးၿပီး ေတာင္းပန္ခဲ့ပါတယ္။
Liu ကလည္း Zhou ရဲ႕ အႀကံအစည္ကို မသိဘဲ ေကာင္းၿပီေလလို႔ ဆိုကာ ႏႈတ္ဆက္အနမ္းကို စတိသေဘာ ေပးဖို႔ စိတ္ကူးခဲ့ပါတယ္။
ႏွစ္ဦးသားဟာ လူသြားလူလာ စည္ကားလြန္းတဲ့ လမ္းမအလယ္မွာႏႈတ္ခမ္းခ်င္း ဆက္ၿပီး ေနာက္ဆုံးအနမ္းကို ပယ္ပယ္နယ္နယ္ နမ္းခဲ့ၾကပါတယ္။
လမ္းသြားလမ္းလာေတြကလည္း အစကေတာ့ ၾကည့္ေကာင္းေကာင္းေကာင္းနဲ႔ ၾကည့္ေနခဲ့ပါတယ္။ ဒါေပမယ့္ Zhou ဟာ အားလုံး ထင္မွတ္မထားတဲ့ အျပဳအမူကို ျပဳလုပ္ခဲ့ပါတယ္။
အဲဒါကေတာ့ Zhou က Liu ရဲ႕ လွ်ာကိုကိုက္ျဖတ္ပစ္ခဲ့တာပါ။ ထြက္ေပၚလာတဲ့ ဗြီဒီယိုထဲမွာ Zhou ဟာ ရဲတပ္ဖြဲ႕ဝင္ေတြ ခြဲထုတ္ဖို႔ ႀကိဳးစားေနတဲ့ ၾကားက Liu ရဲ႕ လွ်ာကို မလႊတ္ပါဘူး။
Liu ဟာ အလြန္ နာက်င္တဲ့ ေဝဒနာေၾကာင့္ အသံ မပီမသနဲ႔ ေအာ္ဟစ္ငိုေႂကြးေနပါတယ္။
ေနာက္ဆုံးေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ လူခ်င္းခြဲမႈ အဆင္ေျပခဲ့ၿပီး Zhou ဟာ ေျမျပင္ေပၚမွာပဲ လဲခ်ၿပီး ၾကဴၾကဴပါေအာင္ ငိုေႂကြးေနတာကို ေတြ႕ရမွာပါ။
Liu အတြက္ ကံေကာင္းတာက ေဆး႐ုံကို အခ်ိန္မီ ေျပးသြားခဲ့ၿပီး၊ တစ္ျခား ဆိုးဆိုး႐ြား႐ြား ထိခိုက္သည္အထိ မျဖစ္ခဲ့ဘူးလို႔ သိရပါတယ္။
ဒါေပမယ့္ အဲဒီအေတာအတြင္းမွာ လွ်ာက အနာ မက်က္ေသးသေ႐ြ႕ေတာ့ သူ အစာအစားဖို႔ ခက္ခဲပါလိမ့္မယ္။
Zhou ရဲ႕ မိဘေတြရဲ႕ အဆိုအရ လြန္ခဲ့တဲ့ (၅) ႏွစ္ကတည္းက သူမဟာ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရး ျပႆနာေတြကို ခံစားေနရပါတယ္လို႔ ထြက္ဆိုထားပါတယ္။
Zhou ဟာ Hefei ၿမိဳ႕က ေဆးကုခန္းမွာ စိတ္ပိုင္းဆိုင္ရာ ကုသမႈကို ငါးႏွစ္တိုင္တိုင္ ခံယူခဲ့ၿပီး ေပ်ာက္ကင္းခဲ့တယ္လို႔လည္း ယုံၾကည္ရေၾကာင္း ရဲတပ္ဖြဲ႕ဝင္ တစ္ဦးက အတည္ျပဳထားပါတယ္။
သူမတို႔ စုံတြဲဟာ ႏွစ္ရွည္လမ်ား တြဲခဲ့ၾကသူမ်ား ျဖစ္ၿပီး ေနာက္ပိုင္းမွာ တစ္ဦးနဲ႔တစ္ဦး အဆင္မေျပ ျဖစ္လာခဲ့ပါတယ္။ အခုျဖစ္ရပ္နဲ႔ ပတ္သက္လို႔ ရဲက Zhou ကို မည္သို႔မည္ပုံ အေရးယူထားတယ္ ဆိုတာကိုေတာ့ သတင္းမွာ ေဖာ္ျပ မထားပါဘူး။
ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣