ၾကားသိရသမွ်

YouTube video လေးကြောင့် နှစ် 40 ခန့်ကွဲကွာနေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အဘိုးအို (ရုပ်သံ)

YouTube video လေးကြောင့် နှစ် 40 ခန့်ကွဲကွာနေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အဘိုးအို (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ Khomdram Gambhir Singhအမည်ရှိတဲ့အဘိုးအိုဟာအသက် 26နှစ်အရွယ်မှာသူ့ရဲ့နေအိမ်ကနေထွက်ခွာသွားခဲ့ပါတယ် ။ မိ သားစုဝင်တွေကို နှုတ်ဆက်ခဲ့ဲခြင်းမျိုးမရှိဘဲထွက်ခွာသွားခဲ့တာမို့မိသားစုဝင်တွေကသေဆုံးသွားခဲ့ပြီလို့သာတွေးထင်ခဲ့ကြတာပါ ။မိသားစုဝင်တွေထံလည်း ပြန်ပြီးလည် ပတ်ခြင်းမျိုးမရှိခဲ့ပါဘူး ။

သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ YouTube videoလေးတစ်ပုဒ်မှာ Gambhir ဟာလမ်းမပေါ်မှာ Bollywoodသီချင်းသီဆိုပြီးတောင်းရမ်းနေခဲ့တာကို ရိုက်ယူမိခဲ့ပါတယ် ။အဆိုပါvideoကိုမြင်တော့နေအိမ်ကနေ 200 မိုင်အဝေးမှာရှိနေတဲ့ Gambhirကိုညီဖြစ်သူကသတိထားမိခဲ့ပြီးနောက်ရဲအရာရှိတွေထံအကြောင်းကြားကာ Gambhir ကို ပြန်ပြီးရှာဖွေခဲ့ကြပါတယ် ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ Gambhir ဟာအိုးမဲ့အိမ်မဲ့သူတစ်ဦးဖြစ်ပြီး ၊မွန်ဘိုင်းမြို့ရဲ့လမ်းတွေပေါ်မှာသာ နေထိုင်နေရသူဖြစ်ကြောင်း သိရပါတယ် ။

Gambhir ဟာ အစပိုင်းမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တာပါ ။ သို့ပေမဲ့လည်းမတော်တဆမှုကြောင့်အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သီချင်းဆိုရင်းနဲ့လမ်းမဘေးမှာ တောင်းရမ်းနေခဲ့ရတာဖြစ်ပါတယ် ။သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့အခိုက်အတန့်လေးကလူတိုင်းရဲ့ရင်ကို ဝမ်းသာပျော်ရွှင်မှုတွေ ဖြစ်စေခဲ့တာက အမှန်ပါပဲလေ ။

Zawgyi

YouTube video လေးကြောင့် နှစ် 40 ခန့်ကွဲကွာနေခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အဘိုးအို (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာနေထိုင်တဲ့ Khomdram Gambhir Singh အမည်ရှိတဲ့အဘိုးအိုဟာအသက် 26 နှစ်အရွယ်မှာသူ့ရဲ့နေအိမ်ကနေ ထွက်ခွာသွားခဲ့ပါတယ် ။ မိသားစုဝင်တွေကို နှုတ်ဆက်ခဲ့ဲခြင်းမျိုးမရှိဘဲ ထွက်ခွာသွားခဲ့တာမို့ မိသားစုဝင်တွေက သေဆုံးသွားခဲ့ပြီလို့သာ တွေးထင်ခဲ့ကြတာပါ ။မိသားစုဝင်တွေထံလည်း ပြန်ပြီးလည်ပတ်ခြင်းမျိုးမရှိခဲ့ပါဘူး ။

သို့ပေမဲ့လည်း ကံကောင်းစွာနဲ့ YouTube video လေးတစ်ပုဒ်မှာ Gambhir ဟာ လမ်းမပေါ်မှာ Bollywood သီချင်းသီဆိုပြီး တောင်းရမ်းနေခဲ့တာကို ရိုက်ယူမိခဲ့ပါတယ် ။ အဆိုပါ video ကိုမြင်တော့ နေအိမ်ကနေ 200 မိုင်အဝေးမှာရှိနေတဲ့ Gambhir ကို ညီဖြစ်သူက သတိထားမိခဲ့ပြီးနောက် ရဲအရာရှိတွေထံအကြောင်းကြားကာ Gambhir ကို ပြန်ပြီးရှာဖွေခဲ့ကြပါတယ် ။ ရဲအရာရှိတွေရဲ့ပြောကြားချက်အရ Gambhir ဟာ အိုးမဲ့အိမ်မဲ့သူတစ်ဦးဖြစ်ပြီး ၊ မွန်ဘိုင်းမြို့ ရဲ့လမ်းတွေပေါ်မှာသာ နေထိုင်နေရသူဖြစ်ကြောင်း သိရပါတယ် ။

Gambhir ဟာ အစပိုင်းမှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တာပါ ။ သို့ပေမဲ့လည်း မတော်တဆမှုကြောင့် အလုပ်ဆက်မလုပ်နိုင်တော့ဘဲ သီချင်းဆိုရင်းနဲ့လမ်းမဘေးမှာ တောင်းရမ်းနေခဲ့ရတာဖြစ်ပါတယ် ။သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ အခိုက်အတန့်လေးကလူတိုင်းရဲ့ရင်ကို ဝမ်းသာပျော်ရွှင်မှုတွေ ဖြစ်စေခဲ့တာက အမှန်ပါပဲလေ ။

crd