Unicode
မဂ်လာပါ ပရိတ်သတ်ကြီးရေ စကစ အမှတ် ၉ စစ်ကြောရေးသို့ပို့ဆောင် ခံထားရတဲ့ ရုပ်ရှင် ဒါရိုက်တာ ဝိုင်းရဲ့ လက်ရှိ စိတ်မကောင်း စရာ အခြေနေ ရုပ်ရှင် သရုပ်ဆောင် ဒါရိုက်တာ ဝိုင်း ကို ဖေဖော် ဝါရီ ၉ ရက်
နံနက် ပိုင်းက ပုဇွန်တောင် မြို့နယ်ရှိ ၎င်း၏ နေအိမ် တွင် ဝင်ရောက် ဖမ်းဆီး ခဲ့ပြီး နောက်ပိုင်းစစ်ကြော ရေးသို့ ပို့ဆောင်ထားကြောင်း ၎င်းနှင့် နီးစပ် သူ များက ပြောသည်။ လက်ရှိ တွင် ရေဝေးအနီးရှိ စစ်ကောင်စီ အမှတ် ၉ စစ်ကြော ရေးသို့
ပို့ဆောင်ထား ကြောင်း ကနဦး သိရှိရသည်။ စစ်ကြော ရေးကို အခုဘဲ ပို့လိုက်တယ် ကြားတယ်။ လောလော ဆယ်တော့ ရေဝေး နားကအမှတ် ၉ စစ်ကြော ရေးက သေချာ တယ်ဟု နီးစပ်ရာဒါရိုက်တာ ဝိုင်းရဲ့
မိတ်ဆွေများ က ပြော သည်။ ဒါရိုက်တာ ဝိုင်းသည် တိမ်းရှောင် နေရာမှ ကျန်းမာရေး အခြေအနေ ကြောင့် ပုဇွန်တောင် မြို့နယ်ရှိ နေအိမ်သို့ ခေတ္တ ပြန်လာစဉ် ဖမ်းဆီး ခံ လိုက်ရ ခြင်းဖြစ်သည်။ သူ ရှောင်နေရာမှ နေအိမ်တိုက်ခန်းသို့
ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်းရဲကား ၂စီးဖြင့် လာရောက် ဖမ်းဆီးသွား ခြင်းဖြစ်ကြောင်း။ ကျန်းမာရေး မကောင်းသဖြင့် အိမ် ခဏပြန်သည် ဟုလည်း ကြားရ။ အိမ်နေရင်း အဝတ်အစားနှင့်ပင် ဖမ်းဆီးရာသို့
ပါသွားရာတွင် လူက ပိန်နေကာ အသားအရည်ညိုမည်း သွားပြီးမျက်နှာ နွမ်းနေဟန်ရှိ ကြောင်း မျက်မြင်တွေ့လိုက် သူများက ပြောကြားကြသည်။ ဖတ်ရှု့အားပေးကြသော ပရိသတ်ကြီး တစ်ဉီးချင်း တစ်ယောက် ချင်းစီတိုင်းအား ကျေးဇူး အထူးတင်ရှိပါသည်။
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကာ မြန်မာပြည်သူပြည်သားများ လိုလားတောင့်တေ သာ နေ့ရက်များ အမြန်ရောက်ရှိ ပိုင်ဆိုင်နိုင်ကြပါစေ။ မြန်မာပြည်ကြီးလည်းရွှင်လန်း ချမ်းမြေ့ပါစေဗျ။
ပြည်သူများအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။သတင်းထူး သတင်းဦးများကို ပိုမိုသိရှိရအောင် ကျွန်တော်တို့ Pageလေးကို followလေးလုပ်သွားကြပါအုံးနော်။
Zawgyi