ရက်စက်လိုက်တဲ့ ဆိုရှယ် လူမှုကွန်ယက်ပေါ်က သူတောင်းစား
ဒီလို လုပ်ရပ်မျိုးတွေကို ဆိုရှယ်အွန်လိုင်း လူမှုကွန်ယက်က သနားကူညီတတ်တဲ့ စေတနာရှင်တွေ အတွက် ကြိုတင် သိရှိနိုင်ဖို့ပါ၊
ထိုင်းနိုင်ငံရဲ့ စီးပွားပျက် ကာလမှာ လူတန်းစား မျိုးစုံဟာ လူလိမ်တွေ ဘ၀ ရောက်နေကြတာမို့ လူ့ပါတ်၀န်းကျင်မှာ ဆိုရှယ်ကနေ ပုံစံမျိုးစုံနဲ့ ကြည့်ရှုသူတွေ သနားအောင် ပို့စ်တွေ တင်ပြီး အကူအညီ တောင်းကြတဲ့သူတွေ အများအပြား တွေ့လာနေရပါတယ်။
ဆိုရှယ် လူမှုကွန်ယက်က အလှူရှင်တွေက သနားပြီး အများဆုံး ဝိုင်းကူပေးတာကတော့ ကျန်းမာရေး မကောင်းတဲ့ ကလေးငယ်တွေ ပြစားပြီး တောင်းစားနေသူတွေကိုပါ။
ဘန်ကောက်မြို ဒိုးမောင်း နယ်မြေ မှာနေထိုင်နေတဲ့ Nittha Wongwall နစ်ထာ ဝုန်၀ယ် အသက် ၂၉ နှစ်ခန့် ရှိတဲ့ အမျိုးသမီးဟာ သူ့ကလေး ခံစားနေရတဲ့ ထူးဆန်းတဲ့ ရောဂါကြောင့် သမီးလေးဟာ နာတာရှည် ဆေးရုံမှာ ဆေးကုနေရပါတယ်။
တကိုယ်လုံး ဖူးယောင်နေပြီး ပါးစပ် က အမြုပ်ထွက် ဆီးသွားရင် သွေးတွေ ပါနေပါတယ်။ မိတ်ဆွေတို့ရယ် တတ်နိုင်သမျှ ကူညီပေးကြပါရှင်လို့ လူမှုကွန်ယက်ကနေ အကူအညီ တောင်းခဲ့တာပါ ။
ဒီလိုနဲ့ ဆိုရှယ် လူမှုကွန်ယက်မှာ ပိုစ့်တင်ပြီး အကူအညီ တောင်းခံလိုက်လို့ သူမ ဘဏ်အကောင့်မှာ ပို့လာသူ လူ ၈၀၀၀ (ရှစ်ထောင်)ခန့် ရှိသွားပြီး ဘတ် ၁၀ သန်းကျော် (ကျပ်ငွေ သိန်း ၄၀၀) ရသွားပါတယ်။
ခုလို ဆိုရှယ် လူမှုကွန်ယက်ကနေ သူမသမီး အသက် ဝိုင်းကယ်ဖို့ ကြိုးစားကြပေမယ့် ကလေးဟာ သေဆုံးသွားခဲ့ပါတယ်။
ဆေးရုံက ကလေးအလောင်းကို ဆေးစစ်တဲ့အခါမှ အစာအိမ်ထဲမှာ ပိုးသတ်ဆေး ဓါတ်ပေါင်းတွေ တွေ့ရလို့ ကလေးဟာ သာမန်ရောဂါ မဟုတ်ဘဲ ပိုးသတ် ဓါတုဆေး တစ်မျိုးကို စားမိ မျိုမိထားတာကို စစ်ဆေး တွေ့သွားခဲ့လို့ သူမကို သတိ ပြုမိသွားကြပါတယ်။
အခုလို ဒုတိယအကြိမ် သူမ ထပ်လုပ်တဲ့ အခါမှာတော့ ဒါဟာ မတော်တဆ ဖြစ်ရပ်တော့ မဟုတ်ပါဘူး။ မိခင်ဆိုတဲ့ တရားခံ အမျိုးသမီးရဲ့ လက်ချက်ဖြစ်နီုင်တယ် ဆိုပြီး ဆိုရှယ်လူမှုကွန်ယက် သတင်းသမားတွေက ပထမ ဖြစ်ရပ်ကို ပြန်ပြီး ရှာဖွေပေးခဲ့ပါတယ်။
တကယ်တော့ အဲဒီ အမျိုးသမီးဟာ သူမကလေးကို ကျန်းမာရေး ဆိုးလာအောင် အစာထဲမှာ ပိုးသတ်ဆေး (အိမ်သာ သန့်ရှင်းရေးဆေး) နည်းနည်းစီ ထည့်ကြွေးပြီး အခြေအနေဆိုးလာတဲ့အခါ ပုံရိုက်ပြီး အွန်လိုင်းမှာ လိုက်တောင်းတော့တာပါပဲ တဲ့။
သူ့မ လက်ချက်ကြောင့် ပထမဆုံး ဇတ်လမ်းဆင် ငွေတောင်းခဲ့တဲ့ သုံးနှစ် မိန်းကလေးတစ်ဦး ဟာလည်း ခုလိုပုံစံမျိုးနဲ့ ကိုယ်ထဲမှာပိုးသတ်ဆေး အဆိပ်ပြန်လို့ သေဆုံးခဲ့ရပြီး အွန်လိုင်း အလှူရှင်တွေဆီက ဘတ်သန်း၂၀ကျော် ရသွားခဲ့ဘူးပါတယ်။
ဒုတိယအကြိမ် နောက်ထပ် ကလေးတဦးကို အဲဒီလိုမျိုး ပုံစံမျိုးလုပ်ပြီး တောင်းရမ်းမှ လူမူကွန်ယက်က သူကို မှတ်မိသွားခဲ့တာပါ။
သူဟာ သူ့အုပ်ထိမ်းသူ ဆိုပြီး နာမည်ခံပြီး ငွေတောင်းတာမို့ သူဟာ မိခင်အစစ် ဖြစ်တယ် မဖြစ်ဘူး ဆိုတာတော့ မသေချာသေးပါဘူး။ သူ့ကို စစ်ဆေးနေဆဲပါပဲ ။
တရားခံအဖြစ် အဲဒီအမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်း၀ရမ်း ထုတ်ပြီး မနေ့ကတော့ ဖမ်းဆီးလိုက်ပါပြီ။
ဒီလို လုပ်ရပ်မျိုး လိုက်မလုပ်နိုင်ဘူးလို့ မပြောနိုင်လို့ အတုခိုးမယ့် အွန်လိုင်း လူယုတ်မာ သူတောင်းစားတွေတွေ ပေါ်လာမှာ စိုးတာကြောင့် သတိပေး ဖေါ်ပြလိုက်တာ ဖြစ်ပါတယ်။
Crd.SAW
Zawgyi ဖြင့် ဖတ်ပါ
ရက္စက္လိုက္တဲ့ ဆိုရွယ္ လူမႈကြန္ယက္ေပၚက သူေတာင္းစား
ဒီလို လုပ္ရပ္မ်ိဳးေတြကို ဆိုရွယ္အြန္လိုင္း လူမႈကြန္ယက္က သနားကူညီတတ္တဲ့ ေစတနာရွင္ေတြ အတြက္ ႀကိဳတင္ သိရွိႏိုင္ဖို႔ပါ၊
ထိုင္းႏိုင္ငံရဲ႕ စီးပြားပ်က္ ကာလမွာ လူတန္းစား မ်ိဳးစုံဟာ လူလိမ္ေတြ ဘ၀ ေရာက္ေနၾကတာမို႔ လူ႔ပါတ္၀န္းက်င္မွာ ဆိုရွယ္ကေန ပုံစံမ်ိဳးစုံနဲ႔ ၾကည့္ရႈသူေတြ သနားေအာင္ ပို႔စ္ေတြ တင္ၿပီး အကူအညီ ေတာင္းၾကတဲ့ သူေတြ အမ်ားအျပား ေတြ႕လာေနရပါတယ္။
ဆိုရွယ္ လူမႈကြန္ယက္က အလႉရွင္ေတြက သနားၿပီး အမ်ားဆုံး ဝိုင္းကူေပးတာကေတာ့ က်န္းမာေရး မေကာင္းတဲ့ ကေလးငယ္ေတြ ျပစားၿပီး ေတာင္းစားေနသူေတြကိုပါ။
ဘန္ေကာက္ၿမိဳ ဒိုးေမာင္း နယ္ေျမ မွာေနထိုင္ေနတဲ့ Nittha Wongwall နစ္ထာ ဝုန္၀ယ္ အသက္ ၂၉ ႏွစ္ခန္႔ ရွိတဲ့ အမ်ိဳးသမီးဟာ သူ႔ကေလး ခံစားေနရတဲ့ ထူးဆန္းတဲ့ ေရာဂါေၾကာင့္ သမီးေလးဟာ နာတာရွည္ ေဆး႐ုံမွာ ေဆးကုေနရပါတယ္။
တကိုယ္လုံး ဖူးေယာင္ေနၿပီး ပါးစပ္ က အျမဳပ္ထြက္ ဆီးသြားရင္ ေသြးေတြ ပါေနပါတယ္။ မိတ္ေဆြတို႔ ရယ္ တတ္ႏိုင္သမွ် ကူညီေပးၾကပါရွင္လို႔ လူမႈကြန္ယက္ကေန အကူအညီ ေတာင္းခဲ့တာပါ ။
ဒီလိုနဲ႔ ဆိုရွယ္ လူမႈကြန္ယက္မွာ ပိုစ့္တင္ၿပီး အကူအညီ ေတာင္းခံလိုက္လို႔ သူမ ဘဏ္အေကာင့္မွာ ပို႔လာသူ လူ ၈၀၀၀ (ရွစ္ေထာင္)ခန္႔ ရွိသြားၿပီး ဘတ္ ၁၀ သန္းေက်ာ္ (က်ပ္ေငြ သိန္း ၄၀၀) ရသြားပါတယ္။
ခုလို ဆိုရွယ္ လူမႈကြန္ယက္ကေန သူမသမီး အသက္ ဝိုင္းကယ္ဖို႔ ႀကိဳးစားၾကေပမယ့္ ကေလးဟာ ေသဆုံးသြားခဲ့ပါတယ္။
ေဆး႐ုံက ကေလးအေလာင္းကို ေဆးစစ္တဲ့အခါမွ အစာအိမ္ထဲမွာ ပိုးသတ္ေဆး ဓါတ္ေပါင္းေတြ ေတြ႕ရလို႔ ကေလးဟာ သာမန္ေရာဂါ မဟုတ္ဘဲ ပိုးသတ္ ဓါတုေဆး တစ္မ်ိဳးကို စားမိ မ်ိဳမိထားတာကို စစ္ေဆး ေတြ႕သြားခဲ့လို႔ သူမကို သတိ ျပဳမိသြားၾကပါတယ္။
အခုလို ဒုတိယအႀကိမ္ သူမ ထပ္လုပ္တဲ့ အခါမွာေတာ့ ဒါဟာ မေတာ္တဆ ျဖစ္ရပ္ေတာ့ မဟုတ္ပါဘူး။ မိခင္ဆိုတဲ့ တရားခံ အမ်ိဳးသမီးရဲ႕ လက္ခ်က္ျဖစ္ႏီုင္တယ္ ဆိုၿပီး ဆိုရွယ္လူမႈကြန္ယက္ သတင္းသမားေတြက ပထမ ျဖစ္ရပ္ကို ျပန္ၿပီး ရွာေဖြေပးခဲ့ပါတယ္။
တကယ္ေတာ့ အဲဒီ အမ်ိဳးသမီးဟာ သူမကေလးကို က်န္းမာေရး ဆိုးလာေအာင္ အစာထဲမွာ ပိုးသတ္ေဆး (အိမ္သာ သန္႔ရွင္းေရးေဆး) နည္းနည္းစီ ထည့္ေႂကြးၿပီး အေျခအေနဆိုးလာတဲ့အခါ ပုံ႐ိုက္ၿပီး အြန္လိုင္းမွာ လိုက္ေတာင္းေတာ့တာပါပဲ တဲ့။
သူ႔မ လက္ခ်က္ေၾကာင့္ ပထမဆုံး ဇတ္လမ္းဆင္ ေငြေတာင္းခဲ့တဲ့ သုံးႏွစ္ မိန္းကေလးတစ္ဦး ဟာလည္း ခုလိုပုံစံမ်ိဳးနဲ႔ ကိုယ္ထဲမွာပိုးသတ္ေဆး အဆိပ္ျပန္လို႔ ေသဆုံးခဲ့ရၿပီး အြန္လိုင္း အလႉရွင္ေတြဆီက ဘတ္သန္း၂၀ေက်ာ္ ရသြားခဲ့ဘူးပါတယ္။
ဒုတိယအႀကိမ္ ေနာက္ထပ္ ကေလးတဦးကို အဲဒီလိုမ်ိဳး ပုံစံမ်ိဳးလုပ္ၿပီး ေတာင္းရမ္းမွ လူမူကြန္ယက္က သူကို မွတ္မိသြားခဲ့တာပါ။
သူဟာ သူ႔အုပ္ထိမ္းသူ ဆိုၿပီး နာမည္ခံၿပီး ေငြေတာင္းတာမို႔ သူဟာ မိခင္အစစ္ ျဖစ္တယ္ မျဖစ္ဘူး ဆိုတာေတာ့ မေသခ်ာေသးပါဘူး။ သူ႔ကို စစ္ေဆးေနဆဲပါပဲ ။
တရားခံအျဖစ္ အဲဒီအမ်ိဳးသမီးကို ရဲတပ္ဖြဲ႕က ဖမ္း၀ရမ္း ထုတ္ၿပီး မေန႔ကေတာ့ ဖမ္းဆီးလိုက္ပါၿပီ။
ဒီလို လုပ္ရပ္မ်ိဳး လိုက္မလုပ္ႏိုင္ဘူးလို႔ မေျပာႏိုင္လို႔ အတုခိုးမယ့္ အြန္လိုင္း လူယုတ္မာ သူေတာင္းစားေတြေတြ ေပၚလာမွာ စိုးတာေၾကာင့္ သတိေပး ေဖၚျပလိုက္တာ ျဖစ္ပါတယ္။
Crd.SAW