ကြားသိရသမျှ

လူကြမ်းသရုပ်ဆောင် မော်ကြီး ကွယ်လွန်

လူကြမ်းသရုပ်ဆောင် မော်ကြီး ယမန်နေ့ မွန်းလွဲပိုင်းစံပြဆေးရုံမှာကွယ်လွန်သွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဝေဠုကျော်

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်းဇာတ်ဝင်ခန်းတွေမှာ အမြဲတမ်း သရုပ်ဆောင်လေ့ရှိတဲ့ လူကြမ်းသရုပ်ဆောင် မော်ကြီးကို ပရိသတ်ကြီး သိပြီးသားဖြစ်မှာပါ။

ပရိသတ်တွေအမုန်းခံပြီး လူကြမ်းအဖြစ် သရုပ်ဆောင်ရတဲ့ သရုပ်ဆောင်တွေဟာ သူတို့ရဲ့ လက်တွေ့ဘဝမှာတော့ စိတ်သဘောထားေ

ကာင်းမွန်ကြသူတွေချည်းပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လူကြမ်းသရုပ်ဆောင် မော်ကြီးဟာ ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန် သွားခဲ့ပြီဖြစ်ကြောင်းကို သရုပ်ဆောင် ဝေဠုကျော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ အသိပေးလာခဲ့ပါတယ်။

“ကျွန်တော် ခလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ရုပ်ရှင်ကားထဲမှာ ဆုံခဲ့သလို ကျွန်တော် မင်းသားဖြစ်လာတော့လည်း ကားပေါင်းများစွာ ဆုံခဲ့ရတဲ့ သရုပ်ဆောင်… ”

“ရုပ်ရှင်လောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမော်ကြီး အသက် ၆၄ နှစ်သည် (ဖေဖော်ဝါရီလ ၁၄ရက်) မွန်းလွဲ ၂ နာရီက. ရန်ကုန်မြို့ရှိ စံပြဆေးရုံမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရသည့်အတွက် မိသားစုနဲ့အတူ ဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ အကို ကောင်းရာသုဂတိလားပါစေ။” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာကနေ ဝမ်းနည်းကြောင်း ပြောလာပါတယ်။

ဝေဠုကျော်ကတော့ သူနဲ့ အနုပညာ သက်တမ်းတစ်လျှောက် အမြဲတမ်း ဆုံဆည်းပြီး ခင်မင်လာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမော်ကြီးအတွက် စိတ်မကောင်းဝမ်းနည်း ဖြစ်နေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင် ကိုမော်ကြီးလည်း ကောင်းရာသုဂတိလားပါစေ…လို့ ဆုတောင်းပေးလိုက် ပါတယ်နော်။

Source: Wai Lu Kyaw’s fb

Credit; Myanmar Celebrities












Source: Wai Lu Kyaw’s fb