ဗဟုသုတ

ရန်သေအောင် ရေသံ ဆောင်တတ်သူများ သတိထားနိုင်ဖို့ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်

ရန်သေအောင် ရေသံ ဆောင်တတ်သူများ သတိထားနိုင်ဖို့ ဗဟုသုတအဖြစ် ဖော်ပြ ပေးလိုက်ပါတယ်

အန္တရာယ်ရှိသော တချို့ ရေသံပုတီးများ

မတွေ့တာ ကြာပြီဖြစ်တဲ့ ကျွန်တော့မိတ်ဆွေတစ်ယောက် မထင်မှတ်ပဲ လမ်းမှာ တွေ့မိပါတယ် ။

သူ့ကို ကြည့်ရတာ အရင်လို ရွှင်ရွှင်ပြပြ မရှိတာတော့ ချက်ချင်း သတိထားမိလိုက်တယ် ။ အာ့လာပ သာ့လာပ ဟိုပြော ဒီပြောပြီး ဒါနဲ့ ဘယ်လို ဖြစ်တာလဲ။ ခင်များကြည့်ရတာ လန်းလန်းဆန်းဆန်း မရှိသလိုပဲ။

ကျန်းမာရေး သိပ်မကောင်းဘူးလား ဆိုတော့ ဟုတ်တယ် ခုတလော နေထိုင်၍ မကောင်းကြောင်း ခေါင်းမူး၍ ခေါင်းက အမြဲလို ကိုက်နေတတ်ကြောင်း ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ဘူး ဖြစ်နေတယ်လို့ ပြန်ပြောတယ် ။

ဆေးခန်း မပြဘူးလား ဆိုတော့ ခုပဲ ဆေးခန်းက ပြန်လာလို့ ဆေးတွေအများကြီးပဲ ဝယ်ခဲ့ရသေးတယ် ။ ဘာဆေးတွေလဲ နားလည်လား ကြည့်ပေးဦးဆိုပြီး သူ့အိပ်ထဲက ဆေးတွေထုတ်ပြတဲ့ အချိန် ရေသံနဲ့ လုပ်ထားတဲ့ လက်ကောက် ပုတီးကုံးလေးပါထွက်လာတယ် ။

ဒါနဲ့ ဆေးတွေကတော့ သိပ်နားမလည်လို့ ဟိုကြည့် ဒီကြည့် လုပ်ပြီး ရေသံ ပုတီးလေးအကြောင်း မေးလိုက်တယ် ။

အဲတော့ မိတ်ဆွေက ပြန်ပြောပါတယ်။ တစ်လောက ဗေဒင် သွားမေးတော့ မကောင်းမြင် ရန်လိုတဲ့လူ ရှိလို့ ဗေဒင်ဆရာက ရန်သေအောင် သွားလေရာ ရေသံ ဆောင်ခိုင်းတာနဲ့

မိုးကုတ်က မိတ်ဆွေတစ်ယောက်ဆီက ရေသံ ပုတီးတစ်ကုံးမှာပြီးဆောင်ခဲ့ကြောင်းရှင်းပြတော့ ကျွန်တော် ဒီရေသံပုတီးကို သံသယ ရှိမိတယ်။

ကျွန်တော်လည်း သူ့ကို ရှင်းပြတယ်။ ဒီလို ရေသံ ပုတီးတွေက အရမ်းဝယ်ဝတ်လို့ မသင့်တော်ဘူး။ တချို့ဟာတွေက ရေသံ နှင့် အရမ်းတူပြီး လူကို ဥပါဒ်ပေးတဲ့ ရေဒီယို အက်တစ်ဖြစ်တဲ့ကျောက်တွေ ဖြစ်တတ်တယ်

သူကို ကျွန်တော့်ရုံးကို ခေါ်ပြီး တစ်ခါတည်း ရေဒီယို အက်တစ် စစ်ဆေးတဲ့ စက်နဲ့ စမ်းလိုက်တော့ စက်က ချက်ချင်းပဲ အသံတွေထွက်ပြီး သူ့ရေသံပုတီးမှာ ရေဒီယို အက်တစ် ဖြစ်နေတဲ့ တွင်းထွက် ပါနေတယ် ။

အဲ့တော့မှ သူလဲ ပြန်စဉ်းစားပြီး ဟုတ်လိမ့်မယ်။ ဒီရေသံပုတီး ဆောင်ပြီး ရက်ပိုင်းအကြာပဲ ခုလိုတွေ ဖြစ်နေတာလို့ ပြောရှာတယ် ။

တစ်ချို့သော ရေဒီယို အက်တစ် တွင်းထွက်တွေက လူနဲ့ နီးကပ်စွာ ထားရင် လူကို ရောင်ခြည်သင့်ပြီး ကျန်းမာရေးကို ထိခိုက်ပြီး အသက်ဆုံးတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ကျွန်တော်တို့ဆီက ရေသံဆိုပြီး သွေးနေကြတဲ့ ကျောက်တွေထဲမှာ ” zirconolite ” နှင့် “thorite ” ဆိုတဲ့ ရေဒီယို သတ္တိကြွတဲ့ တွင်းထွက်တွေ ဖြစ်နေတတ်ပါတယ် ။

သာမန်အားဖြင့်တော့ ကြည့်ရင်တော့ ရေသံနဲ့ တူနေတတ်ပါတယ် ။ အဲလို ရေဒီယို သတ္တိကြွ တွင်းထွက်တွေက လူနှင့် နီးကပ်စွာ အစဥ်အမြဲ ရှိနေရင် လူ့ခန္တာကိုယ်က ဆဲလ်တွေကို ဒုက္ခပေးပြီး ကင်ဆာကို ဖြစ်ပွါးစေနိင်ပါတယ် ။

ဒီလိုမသိပဲ ရေသံလို့ ခေါ်ပြီး ဝတ်ဆင်ရင်း ဒုက္ခရောက်သွားတဲ့ လူတွေလဲ ရှိနိုင်ပါလားလို့ တွေးမိရင်း မိတ်ဆွေအပေါင်းကို အသိ/သတိ ပေးလိုက်ပါတယ် ။

လေးစားစွာဖြင့် မူရင်းရေးသူအား ခရက်ဒစ် ပေးပါတယ်ခင်ဗျာ။

Zawgyi ဖြင့် ဖတ်ရန်

ရန္ေသေအာင္ ေရသံ ေဆာင္တတ္သူမ်ား သတိထားႏိုင္ဖို႔ ဗဟုသုတအျဖစ္ ေဖာ္ျပ ေပးလိုက္ပါတယ္

အႏၲရာယ္ရွိေသာ တခ်ိဳ႕ေရသံပုတီးမ်ား

မေတြ႕တာ ၾကာၿပီျဖစ္တဲ့ ကြၽန္ေတာ့မိတ္ေဆြတစ္ေယာက္ မထင္မွတ္ပဲလမ္းမွာ ေတြ႕မိပါတယ္ ။

သူ႔ကို ၾကည့္ရတာ အရင္လို ႐ႊင္႐ႊင္ျပျပ မရွိတာေတာ့ ခ်က္ခ်င္း သတိထားမိလိုက္တယ္ ။ အာ့လာပ သာ့လာပ ဟိုေျပာ ဒီေျပာၿပီး

ဒါနဲ႔ ဘယ္လို ျဖစ္တာလဲ။ ခင္မ်ားၾကည့္ရတာ လန္းလန္းဆန္းဆန္း မရွိသလိုပဲ။ က်န္းမာေရး သိပ္မေကာင္းဘူးလား ဆိုေတာ့ ဟုတ္တယ္ ခုတေလာ ေနထိုင္၍ မေကာင္းေၾကာင္း ေခါင္းမူး၍ ေခါင္းက အၿမဲလို ကိုက္ေနတတ္ေၾကာင္း ညဆို ႏွစ္ၿခိဳက္စြာအိပ္မေပ်ာ္ဘူး ျဖစ္ေနတယ္လို႔ ျပန္ေျပာတယ္ ။

ေဆးခန္း မျပဘူးလား ဆိုေတာ့ ခုပဲ ေဆးခန္းက ျပန္လာလို႔ ေဆးေတြအမ်ားႀကီးပဲ ဝယ္ခဲ့ရေသးတယ္ ။ ဘာေဆးေတြလဲ နားလည္လား ၾကည့္ေပးဦးဆိုၿပီး သူ႔အိပ္ထဲက ေဆးေတြထုတ္ျပတဲ့ အခ်ိန္ ေရသံနဲ႔ လုပ္ထားတဲ့ လက္ေကာက္ ပုတီးကုံးေလးပါထြက္လာတယ္ ။

ဒါနဲ႔ ေဆးေတြကေတာ့ သိပ္နားမလည္လို႔ ဟိုၾကည့္ ဒီၾကည့္ လုပ္ၿပီး ေရသံ ပုတီးေလးအေၾကာင္း ေမးလိုက္တယ္ ။

အဲေတာ့ မိတ္ေဆြက ျပန္ေျပာပါတယ္။ တစ္ေလာက ေဗဒင္ သြားေမးေတာ့ မေကာင္းျမင္ ရန္လိုတဲ့လူ ရွိလို႔ ေဗဒင္ဆရာက ရန္ေသေအာင္ သြားေလရာ ေရသံ ေဆာင္ခိုင္းတာနဲ႔

မိုးကုတ္က မိတ္ေဆြတစ္ေယာက္ဆီက ေရသံ ပုတီးတစ္ကုံးမွာၿပီးေဆာင္ခဲ့ေၾကာင္းရွင္းျပေတာ့ ကြၽန္ေတာ္ ဒီေရသံပုတီးကို သံသယ ရွိမိတယ္။

ကြၽန္ေတာ္လည္း သူ႔ကို ရွင္းျပတယ္။ ဒီလို ေရသံ ပုတီးေတြကအရမ္းဝယ္ဝတ္လို႔ မသင့္ေတာ္ဘူး။ တခ်ိဳ႕ဟာေတြက ေရသံ ႏွင့္ အရမ္းတူၿပီး လူကို ဥပါဒ္ေပးတဲ့ ေရဒီယို အက္တစ္ျဖစ္တဲ့ ေက်ာက္ေတြ ျဖစ္တတ္တယ္ ။

သူကို ကြၽန္ေတာ့္႐ုံးကို ေခၚၿပီးတစ္ခါတည္း ေရဒီယို အက္တစ္စစ္ေဆးတဲ့ စက္နဲ႔ စမ္းလိုက္ေတာ့ စက္က ခ်က္ခ်င္းပဲ အသံေတြထြက္ၿပီး သူ႔ေရသံပုတီးမွာ ေရဒီယို အက္တစ္ ျဖစ္ေနတဲ့ တြင္းထြက္ ပါေနတယ္ ။

အဲ့ေတာ့မွ သူလဲ ျပန္စဥ္းစားၿပီးဟုတ္လိမ့္မယ္။ ဒီေရသံပုတီး ေဆာင္ၿပီးရက္ပိုင္းအၾကာပဲ ခုလိုေတြ ျဖစ္ေနတာလို႔ ေျပာရွာတယ္ ။

တစ္ခ်ိဳ႕ေသာ ေရဒီယို အက္တစ္ တြင္းထြက္ေတြက လူနဲ႔ နီးကပ္စြာ ထားရင္ လူကို ေရာင္ျခည္သင့္ၿပီးက်န္းမာေရးကို ထိခိုက္ၿပီးအသက္ဆုံးတဲ့အထိ ျဖစ္သြားႏိုင္ပါတယ္ ။

ကြၽန္ေတာ္တို႔ဆီက ေရသံဆိုၿပီး ေသြးေနၾကတဲ့ ေက်ာက္ေတြထဲမွာ ” zirconolite ” ႏွင့္ “thorite ” ဆိုတဲ့ ေရဒီယို သတၱိႂကြတဲ့ တြင္းထြက္ေတြျဖစ္ေနတတ္ပါတယ္ ။

သာမန္အားျဖင့္ေတာ့ ၾကည့္ရင္ေတာ့ ေရသံနဲ႔ တူေနတတ္ပါတယ္ ။ အဲလို ေရဒီယို သတၱိႂကြ တြင္းထြက္ေတြက လူႏွင့္ နီးကပ္စြာ အစဥ္အၿမဲ ရွိေနရင္

လူ႔ခႏၲာကိုယ္က ဆဲလ္ေတြကို ဒုကၡေပးၿပီး ကင္ဆာကို ျဖစ္ပြါးေစနိင္ပါတယ္ ။

ဒီလိုမသိပဲ ေရသံလို႔ ေခၚၿပီး ဝတ္ဆင္ရင္း ဒုကၡေရာက္သြားတဲ့ လူေတြလဲ ရွိႏိုင္ပါလားလို႔ ေတြးမိရင္း မိတ္ေဆြအေပါင္းကို အသိ/သတိ ေပးလိုက္ပါတယ္ ။

ေလးစားစြာျဖင့္ မူရင္းေရးသူအား ခရက္ဒစ္ ေပးပါတယ္ခင္ဗ်ာ။