ဟား၅ကောင်ဆိုတာနဲ့ တစ်နိုင်ငံလုံးကပရိသတ်အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့သူတွေဖြစ်ပါတယ်။
အနုပညာအလုပ်တွေလုပ်ချိန်ကတည်းက သူတို့ရဲ့ဟာသလေးတွေနဲ့ရယ်မောခဲ့ရတာပါ။
ခုမှာလည်း တော်လှန်ရေးအတွက် လွတ်မြောက်နယ်မြေတစ်ခုမှာရောက်ရှိနေတာဖြစ်ပြီး အာဏာရှင်တွေကိုတော်လှန်နေတာဖြစ်ပါတယ်။
လွတ်မြောက်နယ်မြေကနေလည်း တော်လှန်ရေးအတွက် သူ့တို့ဟာတက်နိုင်တဲ့ဘက်ကနေပါဝင်နေတာပါ။
လူမှုကွန်ရက်ကနေလည်း သူတို့က တေဟာလေးတွေ တော်လှန်ရေးအငြိမ့်လေးတွေကိုလည်းဖျော်ဖြေပေးလေ့ရှိတာပါ။
ပရိသတ်တွေကလည်း ဟား၅ကောင်ဆို ခုချိန်မှာ မချစ်ပဲမနေနိုင်လောက်အောင်ပဲဖြစ်ပါတယ်။
ခုမှာလည်း သူတို့ရဲ့ video လေးတစ်ခုကိုကြည့်ပြီး ပရိသတ်တွေရယ်မောစေမှာအမှန်ပဲဖြစ်ပါတယ်။
မနေ့က စစ်တပ်ကတိုက်လေယာဉ်တစ်စီးပျက်ကျသွားတာကို ဟာသပုံစံလေးလုပ်ထားတာပါ။
ပရိသတ်တွေလည်းတိုင်းကျော်တစ်ယောက်ဘယ်လိုဟာသလေးတွေနဲ့ဖန်တီးထားလဲဆိုတာကတော့ အောက်က video လေးကိုကြည့်ပြီးအားပေးကြပါဦးနော်။