ဗဟုသုတ

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့…

ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !

တစ်ခါက ရွာတစ်ရွာမှာ လူ၂ယောက် တစ်နေကုန်စကားများငြင်းခုန်နေကြတယ်။ တစ်ယောက်က ၈x၃=၂၁ လို့ပြောတယ်။ နောက်တစ်ယောက်က “မဟုတ်ဘူး မှားနေတယ်။ ၈x၃=၂၄ မှ အမှန်” ဆိုပြီး
စကားများကြတာ ရွာသူကြီးအိမ်ရောက်လာကြတယ်။

သူကြီးက ဖြစ်စဉ်ကိုနားထောင်ပြီး ၂၄ လို့ပြောတဲ့သူကို ကြိမ်ဒဏ်ပေးခိုင်းလိုက်တယ်။ ရိုက်ခံရတဲ့သူကမကျေမနပ်နဲ့ သူကြီးကို ပြန်ပြောတယ်။ သူမမှားဘဲနဲ့ ဘာလို့ ကြိမ်ဒဏ်ပေးခံရသလဲပေါ့။

သူကြီးကပြောတယ် ၈x၃ =၂၁ လို့ပြောတဲ့သူနဲ့ တစ်နေ ကုန် ငြင်းခုန်ပြီးစကားများနိုင်ရအောင် မင်းလောက်အသိဉာဏ်မရှိတဲ့သူကို အပြစ်မပေးရင် ဘယ်သူ့ကို အပြစ်ပေးရမလဲဆိုပြီးပြောပါတယ်။

ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာလည်း ဒီလိုလူတွေနဲ့ အမြဲတွေ့ရတတ်ပါတယ်။ လျှာအရိုးမရှိတိုင်းပေါက်တတ်ကရတွေပြောပြီး သူထင်တာပဲအမြဲမှန်တယ်လို့ထင်နေတတ်တဲ့သူနဲ့ ပြိုင်ငြင်းရင် ပါးစပ် ( ၁၀) ပေါက်လောက်ပါလဲ ပြိုင်ငြင်းနိုင်မှာမဟုတ်ပါဘူး။

နောက်ဆုံး ဒုက္ခရောက်ပြီး ဉာဏ်မရှိတဲ့လူက ကိုယ်ဖြစ်သွားနိုင်ပါတယ်။ ဒီအတိုင်းလွှတ်ထားလိုက်တာက ပိုအဆင်ပြေနိုင်ပါတယ်။ဒါကြောင့် ဉာဏ်မရှိတဲ့သူနဲ့ ပြိုင်မငြင်းပါနဲ့ !

Credit

Zawgyi

ဉာဏ္မရွိတဲ့သူနဲ႔ ၿပိဳင္မျငင္းပါနဲ႔ !

တစ္ခါက ႐ြာတစ္႐ြာမွာ လူ၂ေယာက္ တစ္ေနကုန္စကားမ်ားျငင္းခုန္ေနၾကတယ္။ တစ္ေယာက္က ၈x၃=၂၁ လို႔ေျပာတယ္။ ေနာက္တစ္ေယာက္က “မဟုတ္ဘူး မွားေနတယ္။ ၈x၃=၂၄ မွ အမွန္” ဆိုၿပီး
စကားမ်ားၾကတာ ႐ြာသူႀကီးအိမ္ေရာက္လာၾကတယ္။

သူႀကီးက ျဖစ္စဥ္ကိုနားေထာင္ၿပီး ၂၄ လို႔ေျပာတဲ့သူကို ႀကိမ္ဒဏ္ေပးခိုင္းလိုက္တယ္။ ႐ိုက္ခံရတဲ့သူကမေက်မနပ္နဲ႔ သူႀကီးကို ျပန္ေျပာတယ္။ သူမမွားဘဲနဲ႔ ဘာလို႔ ႀကိမ္ဒဏ္ေပးခံရသလဲေပါ့။

သူႀကီးကေျပာတယ္ ၈x၃ =၂၁ လို႔ေျပာတဲ့သူနဲ႔ တစ္ေန ကုန္ ျငင္းခုန္ၿပီးစကားမ်ားႏိုင္ရေအာင္ မင္းေလာက္အသိဉာဏ္မရွိတဲ့သူကို အျပစ္မေပးရင္ ဘယ္သူ႔ကို အျပစ္ေပးရမလဲဆိုၿပီးေျပာပါတယ္။

ကြၽန္ေတာ္တို႔ ေဘးပတ္ဝန္းက်င္မွာလည္း ဒီလိုလူေတြနဲ႔ အၿမဲေတြ႕ရတတ္ပါတယ္။ လွ်ာအ႐ိုးမရွိတိုင္းေပါက္တတ္ကရေတြေျပာၿပီး သူထင္တာပဲအၿမဲမွန္တယ္လို႔ထင္ေနတတ္တဲ့သူနဲ႔ ၿပိဳင္ျငင္းရင္ ပါးစပ္ ( ၁၀) ေပါက္ေလာက္ပါလဲ ၿပိဳင္ျငင္းႏိုင္မွာမဟုတ္ပါဘူး။

ေနာက္ဆုံး ဒုကၡေရာက္ၿပီး ဉာဏ္မရွိတဲ့လူက ကိုယ္ျဖစ္သြားႏိုင္ပါတယ္။ ဒီအတိုင္းလႊတ္ထားလိုက္တာက ပိုအဆင္ေျပႏိုင္ပါတယ္။ဒါေၾကာင့္ ဉာဏ္မရွိတဲ့သူနဲ႔ ၿပိဳင္မျငင္းပါနဲ႔ !

Credit