ၾကားသိရသမွ်

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်နက်ရှိုင်းလည်းဆိုတာကို ဒီတစ်ခေါက်ဖော်ပြမဲ့ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးကသက်သေပြလိုက်တာပါပဲ ။ ဖြစ်စဉ်ကတော့ သားအဖ 3 ယောက်ဟာ Jollibee ဆိုတဲ့ ကြက်ကြော်ဆိုင်မှာ ဝင်ပြီး စားသောက်နေကြတာပါ ။ ဖခင်ဖြစ်သူကတော့ သူ့အတွက် ငွေမလုံလောက်လို့ သမီးဖြစ်သူတွေစားနေကြတာကိုသာ ထိုင်ကြည့်နေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ကို Jhunnel Sarajan အမည်ရှိအမျိုးသားတစ်ဦးက ဓာတ်ပုံရိုက်ယူပြီး social media ပေါ်မှာ ဝေမျှထားခဲ့တာပါ ။

Jhunnel ကလည်း အဆိုပါသားအဖ 3 ယောက်နောက် လိုက်ပြီး စုံစမ်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် 38 နှစ်အရွယ် Arebuabo အမည်ရှိသူပါ ။ လေဖြတ်ဝေဒနာကိုခံစားခဲ့ရပြီး အချိန်အတော်ကြာ အလုပ်မလုပ်ကိုင်နိုင်ခဲ့လို့ ၊ ဆေးရုံက ဆင်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက သူ့အား ထားရစ်ခဲ့တာပါ ။ ဇနီးဖြစ်သူက တစ်ခါတည်း သမီးနှစ်ယောက်လုံးကိုပါခေါ်ပြီး အိမ်ကနေထွက်ခွာသွားခဲ့တာပါ ။

Arebuabo ရဲ့ညီမဖြစ်သူက လိုက်လံဖြောင်းဖျခဲ့ပေမဲ့လည်း ဇနီးဖြစ်သူက လုံးဝပြန်မလိုက်ပဲ ၊ သမီး 2 ယောက်သာသူ့နဲ့အတူနေခွင့်ပေးခဲ့ပါတယ် ။ Arebuabo ဟာ 4 ပေ အကျယ်သာရှိတဲ့ အခန်းလေးထဲမှာ သမီး 2ယောက်နဲ့အတူနေထိုင်နေရတာပါ ။ မနက်ခင်ကို 5 နာရီအချိန်ထပြီး အလုပ်လုပ်ကိုင်ရကာ သမီးနှစ်ယောက်ကိုလည်း ကျောင်းပို့ပြီး ပညာသင်ကြားစေလျက်ရှိပါတယ် ။

အခုလိုဓာတ်ပုံတွေကိုဝေမျှရတဲ့ရည်ရွယ်ချက်ကတော့Arebuaboဟာလေဖြတ်ခဲ့သူဖြစ်ပေမဲ့လည်းသမီးနှစ်ယောက်အပေါ်ဖခင်တာဝန်ကျေပွန်လွန်းသူဖြစ်ကြောင်း ဇနီး နဲ့ အခြားသူတွေကိုပါ သိစေချင်လို့ဖြစ်ကြောင်း Jhunnel က ပြောပြသွားခဲ့ပါတယ် ။

Zawgyi

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်နက်ရှိုင်းလည်းဆိုတာကို ဒီတစ်ခေါက်ဖော်ပြမဲ့ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးကသက်သေပြလိုက်တာပါပဲ ။ ဖြစ်စဉ်ကတော့ သားအဖ 3 ယောက်ဟာ Jollibee ဆိုတဲ့ ကြက်ကြော်ဆိုင်မှာ ဝင်ပြီး စားသောက်နေကြတာပါ ။ ဖခင်ဖြစ်သူကတော့ သူ့အတွက် ငွေမလုံလောက်လို့ သမီးဖြစ်သူတွေစားနေကြတာကိုသာ ထိုင်ကြည့်နေခဲ့တာပါ ။အဆိုပါအဖြစ်အပျက်ကို Jhunnel Sarajanအမည်ရှိအမျိုးသားတစ်ဦးကဓာတ်ပုံရိုက်ယူပြီး social media ပေါ်မှာ ဝေမျှထားခဲ့တာပါ ။

Jhunnel ကလည်း အဆိုပါသားအဖ 3 ယောက်နောက် လိုက်ပြီး စုံစမ်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် 38 နှစ်အရွယ် Arebuaboအမည်ရှိသူပါ ။ လေဖြတ်ဝေဒနာကိုခံစားခဲ့ရပြီး အချိန်အတော်ကြာ အလုပ်မလုပ်ကိုင်နိုင်ခဲ့လို့ ၊ ဆေးရုံက ဆင်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက သူ့အားထားရစ်ခဲ့တာပါ ။ ဇနီးဖြစ်သူက တစ်ခါတည်း သမီးနှစ်ယောက်လုံးကိုပါခေါ်ပြီး အိမ်ကနေထွက်ခွာသွားခဲ့တာပါ ။

Arebuabo ရဲ့ညီမဖြစ်သူက လိုက်လံဖြောင်းဖျခဲ့ပေမဲ့လည်း ဇနီးဖြစ်သူက လုံးဝပြန်မလိုက်ပဲ ၊ သမီး 2 ယောက်သာ သူ့နဲ့အတူနေခွင့်ပေးခဲ့ပါတယ် ။ Arebuabo ဟာ 4 ပေ အကျယ်သာရှိတဲ့ အခန်းလေးထဲမှာ သမီး 2ယောက်နဲ့အတူနေထိုင်နေရတာပါ ။ မနက်ခင်ကို 5 နာရီအချိန်ထပြီး အလုပ်လုပ်ကိုင်ရကာ သမီးနှစ်ယောက်ကိုလည်း ကျောင်းပို့ပြီး ပညာသင်ကြားစေလျက်ရှိပါတယ် ။

အခုလို ဓာတ်ပုံတွေကို ဝေမျှရတဲ့ရည်ရွယ်ချက်ကတော့ Arebuabo ဟာ လေဖြတ်ခဲ့သူဖြစ်ပေမဲ့လည်း သမီးနှစ်ယောက်အပေါ် ဖခင်တာဝန်ကျေပွန်လွန်းသူဖြစ်ကြောင်း ဇနီး နဲ့ အခြားသူတွေကိုပါ သိစေချင်လို့ဖြစ်ကြောင်း Jhunnel က ပြောပြသွားခဲ့ပါတယ် ။

Cellona, ABS-CBN News

crd