ၾကားသိရသမွ်

မီးပျက်နေတဲ့ ရန်ကုန်မြို့ ရေဒုက္ခကြုံနေရတဲ့ (ရုပ်/သံ)

မီးပျက်နေတဲ့ ရန်ကုန်မြို့ ရေဒုက္ခကြုံနေရတဲ့ (ရုပ်/သံ)

လူပေါင်း ၈ သန်းခန့်ရှိတဲ့ ရန်ကုန်မြို့မှာ လျှပ်စစ်မီးမမှန်တာကြောင့် အလုပ်အကိုင်နဲ့ နေထိုင်ရေး ပြဿနာတွေကြုံနေရတဲ့ အပြင် သောက်သုံးရေ ပြဿနာကိုပါ ရင်ဆိုင်နေကြရပါတယ်။

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်ကစပြီး လျှပ်စစ်မီး ပြတ်တောက်မူဆိုးရွားလာတာကြောင့် တိုက်ခန်းတွဲတွေမှာ နေထိုင်သူတွေ ရေအခက်အခက်ရှိနေတာပါ။

စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနကတော့ လာမယ့် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ တပတ်ကြာ လျှပ်စစ်ဓာတ်အားလိုင်းတွေပြုပြင်မှာဖြစ်တဲ့အတွက် အချို့နေရာတွေမှာ ၂၄ နာရီထိမီးပြတ်တောက်နိုင်တယ်လို့ ကြေညာထားပါတယ်။

ရန်ကုန်မြို့မှာ နှစ်စဉ်နွေရာသီရောက်တိုင်း ရေရှားမူနဲ့ရင်ဆိုင်နေရပြီး ခုလိုလျှပ်စစ်မီး ပြတ်တောက်နေတာက ရေအတွက်ပိုခက်စေတယ်လို့ ရန်ကုန်မြို့ခံတွေကပြောကြပါတယ်။

Video Player

00:00
03:21

CRD

မီးပ်က္ေနတဲ့ ရန္ကုန္ၿမိဳ႕ ေရဒုကၡႀကဳံေနရတဲ့ (႐ုပ္/သံ)

လူေပါင္း ၈ သန္းခန႔္ရွိတဲ့ ရန္ကုန္ၿမိဳ႕မွာ လွ်ပ္စစ္မီးမမွန္တာေၾကာင့္ အလုပ္အကိုင္နဲ႕ ေနထိုင္ေရး ျပႆနာေတြႀကဳံေနရတဲ့ အျပင္ ေသာက္သုံးေရ ျပႆနာကိုပါ ရင္ဆိုင္ေနၾကရပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လလယ္ပိုင္းေလာက္ကစၿပီး လွ်ပ္စစ္မီး ျပတ္ေတာက္မူဆိုး႐ြားလာတာေၾကာင့္ တိုက္ခန္းတြဲေတြမွာ ေနထိုင္သူေတြ ေရအခက္အခက္ရွိေနတာပါ။

စစ္ေကာင္စီ လွ်ပ္စစ္ဝန္ႀကီးဌာနကေတာ့ လာမယ့္ မတ္လ ၁၂ ရက္ကေန ၁၈ ရက္ေန႕အထိ တပတ္ၾကာ လွ်ပ္စစ္ဓာတ္အားလိုင္းေတြျပဳျပင္မွာျဖစ္တဲ့အတြက္ အခ်ိဳ႕ေနရာေတြမွာ ၂၄ နာရီထိမီးျပတ္ေတာက္နိုင္တယ္လို႔ ေၾကညာထားပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ႏွစ္စဥ္ႏြေရာသီေရာက္တိုင္း ေရရွားမူနဲ႕ရင္ဆိုင္ေနရၿပီး ခုလိုလွ်ပ္စစ္မီး ျပတ္ေတာက္ေနတာက ေရအတြက္ပိုခက္ေစတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြကေျပာၾကပါတယ္။

CRD