ၾကားသိရသမွ်

အရှေ့တောင်အာရှ ရာသီဥတုပြောင်းလဲမှုကြောင့်လာမယ့်နှစ်မှာ နာဂစ်ထက်ပိုခံစားရနိုင်တဲ့မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေ…..seemore

ကျိုက္ခမီနယ်မှာ ဘုရားဖူးရင်းလူတွေရေနစ်သေတာ အများကြီး စိတ်မကောင်းပါဘူး။ ဘယ်လိုပဲသေသေ ကြေကွဲနေရတဲ့ အချိန်ပါ

ဒီနေရာမှာ ရေနဲ့ မိုးနဲ့ နေရတဲ့ဒေသတွေဟာ ကိုယ်သိတဲ့ပင်လယ်ရေပြင်ဟာ အရင်က ရေပြင်မဟုတ်တော့ကြောင်း သိနေကြရမှာပဲဖြစ်ပါတယ်၊သိကြတဲ့အတိုင်း အရှေ့တောင်အာရှထဲမှာကို ရာသီဉတုပြောင်းလဲခြင်းကြောင့် မြန်မာက ခံစားရမယ့်အတိုင်းအတာဟာ များပါတယ်

ကမ္ဘာပေါ်မှာ ဘေးအန္တရာယ်အများဆုံးကျရောက်နိုင်တဲ့နေရာတွေမှာပါတာကို အထပ်ထပ်ပြောခဲ့ကြပြီးသားဖြစ်ပါတယ်၊

အထင်ရှားဆုံးကတော့Global Climate Risk Indexမှာမြန်မာဟာ၁၉၉၈ကနေ ၂၀၁၈အထိနှစ်နှစ်ဆယ်ကာလအတွင်းမှာ သဘာဝဘေးအခံရဆုံး နံပတ် ၂ နေရာမှာ မြန်မာနိုင်ငံရပ်တည်နေပါတယ်

Earth ဆိုတဲ့ အဖွဲ့က မြန်မာပြည်အတွက် နောက်ထပ်နှစ် ၈၀ ကျရင် ပင်လယ်ရေမျက်နှာပြင် ဘယ်လို ဖြစ်မလဲလို့တွက်ထားတဲ့ပုံကို ကြည့်နိုင်ပါတယ်၊တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် ၂၁၀၀ ပြည့်နှစ်လောက်ဆိုရင် အခုရှိနေတဲ့ပင်လယ်ရေမျက်နှာပြင်ထက် ခြောက်ပေခွဲမြင့်လာမှာဖြစ်ပါတယ်

အဲဒီလိုဖြစ်တာက နောက်နှစ်သုံးဆယ် နှစ်ငါးဆယ် ကျမှ စဖြစ်မှာမဟုတ်ပါဘူး၊ဧရာဝတီတိုင်းက လယ်သမားတွေကို အခုမေးကြည့်လို့ရပါတယ်။

သူတို့ငယ်ငယ်က ပင်လယ်ဒီရေတိုးတာနဲ့ အခုရေတိုးတာ ဘယ်လိုကွာသွားသလဲဆားငံရေကြောင့် နှစ်တိုင်းဘယ်လို အကြွေးတက်ရသလဲဆို‌တာကို သူတို့ပြောပြကြပါလိမ့်မယ်၊ဖြစ်နိုင်ရင်ရေရှည်ရင်းနှီးမြှုပ်နှံသူတွေဟာသားမြေးကျန်တဲ့အထိချန်ချင်တယ်ဆိုရင် ရန်ကုန်မှာ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းက အချို့နေရာတွေမှာ အိမ်ခြံမြေမဝယ်ခင်အဖက်ဖက်ချိန်ဆစဉ်းစားသင့်ပါတယ်

WWF က ၂၀၁၇ မှာတုန်းက ထုတ်တဲ့ Assessing climate risk in Myanmar ဆိုတဲ့စာအုပ်မှာလည်း ဧရာဝတီတိုင်းက ပင်လယ်နားနီးတဲ့မြေနိမ့်တွေဟာ သိပ်မကြာခင်မှာ ရေအောက်မြှုပ်သွားနိုင်တာကိုတွက်ပြခဲ့ပါတယ်၊မြန်မာနိုင်ငံဟာ အကြမ်းဖျင်းအားဖြင့် အခုလာမယ့် ၂၀၂၀ ကျော်ကာလတွေမှာ ကမ်းရိုးတန်းတလျှောက်လုံး ၅ စင်တီမီတာကနေ

၁၃ စင်တီမီတာ အထိတက်လာပြီး၂၀၅၀ အကျော်ကာလမှာတော့ ၂၀ စင်တီမီတာကနေ ၄၁ စင်တီမီတာနဲ့ ၂၀၈၀အကျော်မှာတော့ ၃၇စင်တီမီတာကနေ ၈၃ စင်တီမီတာအထိတိုးလာမယ့်အခြေအနေအတွက် ပြင်ဆင်ရမယ်လို့ သတိပေးထားခဲ့ပါတယ်၊အပေါ်ဆုံးကပုံ Earth ကကြိုပြီး တွက်ဆထားတဲ့ မြေပုံမှာ အပြာရင့်နဲ့ အပြာနုခြယ်ထားတာကို မြင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက်ထိခိုက်နိုင်တဲ့ လူဦးရေလေးသန်းလောက် ရှိတယ်ဆိုပေမယ့် ဧရာဝတီရဲ့ စိုက်ပျိုးမြေ ပျက်စီးယုတ်လျော့ရခြင်းဟာ၊အခြားနေရာတွေကိုပါထိခိုက်နိုင်ပြီး ရေကြီးတာတစ်ခုတည်းမဟုတ်ဘဲ မုန်တိုင်းရဲ့ သက်ရောက်မှုနဲ့ မုတ်သုံပြောင်းလဲလာပုံတွေကိုပါ တွေ့နေကြရဦးမှာပါ

ဒီရေလှိုင်းတွေရဲ့ ပုံစံဟာ ကိုယ်သိတဲ့ အတက်အကျပုံစံလည်း ဖြစ်ချင်မှ ဖြစ်တော့မှာပါအဘိုးအဘွားတွေခေတ်က ဘုရားပွဲဒီအချိန်မှာရေ က ဒီလောက်ပဲ တက်လို့ ကိုယ့် ခေတ်မှာလည်း ဒီရေ တက်ပုံကျပုံ တက်ချိန်ကျချိန်က ဒီလိုပဲဖြစ်နေမယ်လို့တွက်လို့ရတော့မှာမဟုတ်ပါဘူး၊

အာဏာမသိမ်းခင်အချိန်အထိ အကြီးဆုံးစိတ်ပူခဲ့တာဟာ ရာသီဉတုပြောင်းလဲခြင်းနဲ့ကလေးတွေ လူငယ်တွေရင်ဆိုင်ရမယ့် အနာဂတ်ပါပဲ။ဘာဖြစ်လို့လဲဆိုတော့ ရာသီဉတုပြောင်းလဲလာရင်လည်း နင်းပြားက ရွှေ့ပြောင်းရတာချင်းတူရင်တောင် ပိုပြီး အခြေမဲ့နိုင်လို့ပါ

ဒီအဖြစ်တွေကြောင့် တရားမျှတတဲ့ လူ့အဖွဲ့အစည် းဖြစ်ဖို့ပိုလိုအပ်ပါတယ်။ ရွေးကောက်ပွဲရှိရုံနဲ့ မျှတတဲ့လူ့အဖွဲ့အစည်းမဖြစ်ပါဘူး အာဏာရှင်တွေ အုပ်ချုပ်တဲ့တိုင်းပြည်ကတော့ အန္တရာယ် ပိုပြီးထူပြောပါတယ်။ ပိုပြီး ကူကယ်ရာမဲ့ကြရပါအုံးမည်

Credit

Unicode