လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ
Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့ လာမယ့်တစ်လအတွင်းမှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ သိရဖို့ သေချာအာရုံစိုက်ပြီး ဒီကတ်တွေထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။
(၁) Knight of Swords
ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေးထားတဲ့အရာတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတစ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့ တခြားအခွင့်အရေးတွေကို သတိမပြုမိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲ တခြားအခွင့်အလမ်းတွေအတွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။
(၂) 7 of Cups
ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်အရေးကောင်းတွေ အများကြီးရလာနိုင်ပေမယ့် တစ်ခုခုလုပ်ဖို့အတွက် ဘယ်လိုမှအားစိုက်မထုတ်နိုင်၊ ဘဝကြီးကို စိတ်မပါလက်မပါဖြစ်နေကြောင့် ဒီအတိုင်းလက်လွှတ်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ အံ့သြဖို့ကောင်းတာက သင့်အနေနဲ့ ဘာမှမလုပ်နိုင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့ကြားက ဆုံးဖြတ်ချက်တစ်ခုခုချလိုက်ရင် အဲ့ဒီဆုံးဖြတ်ချက်က သင့်အတွက် မှန်ကန်နေတာမျိုးဖြစ်နေတာပါပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ ဝန်မလေးပါနဲ့။
(၃) 3 of Cups
အဆင်မပြေဖြစ်ခဲ့သမျှတွေက စပြီးအဆင်ပြေလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတာ၊ စိတ်ပျက်နေတာတွေကို တတ်နိုင်သလောက် ဖျောက်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစိုက်လုပ်နေလိုက်ပါ။ နောက်ဆုံးမှာ သင်မျှော်လင့်နေတဲ့ အခွင့်အရေးက သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။ မရင့်ကျက်တဲ့ အပြောအဆို၊ အမူအရာလေးတွေ လုပ်မိပြောမိနေတတ်တာကြောင့် အဲ့ဒါလေးကို သတိထားပြီး ဆင်ခြင်လိုက်ပါ။
Credit to MAY THAZINHTOO
Zawgyi
လာမယ့္တစ္လအတြင္း ဘယ္လိုအေျပာင္းအလဲေတြ ျဖစ္မလဲသိရဖို႔ ကတ္တစ္ခုကို ေ႐ြးလိုက္ပါ
Tarot card ေလးေတြက သင့္ရဲ႕ ကံၾကမၼာကို မသတ္မွတ္ႏိုင္ပါဘူး။ ဒါေပမယ့္ သင္ႀကဳံေတြ႕ရမယ့္ ကံၾကမၼာနဲ႔ပတ္သက္ၿပီး အရိပ္အႁမြက္ေတာ့ ေျပာျပႏိုင္ပါတယ္။ ဒီေတာ့ လာမယ့္တစ္လအတြင္းမွာ ဘယ္လိုအရာေတြျဖစ္လာမလဲဆိုတာ သိရဖို႔ ေသခ်ာအာ႐ုံစိုက္ၿပီး ဒီကတ္ေတြထဲက တစ္ခုကိုေ႐ြးၿပီးဖတ္ၾကည့္လိုက္ေနာ္။
(၁) Knight of Swords
ဒီကတ္ေလးကိုေ႐ြးလိုက္တယ္ဆိုရင္ေတာ့ လာမယ့္တစ္လအတြင္းမွာ ကိုယ္ျဖစ္ခ်င္တဲ့အရာေတြ၊ ကိုယ္ေတြးထားတဲ့အရာေတြနဲ႔ ပတ္သက္လို႔ ျမန္ျမန္ဆန္ဆန္ေျပာင္းလဲလာတာမ်ိဳးျဖစ္လာႏိုင္ပါတယ္။ ကိုယ္ျဖစ္ခ်င္တာတစ္ခုကိုပဲ အာ႐ုံစိုက္ေနေတာ့ သင့္အတြက္ေကာင္းမြန္တဲ့ တျခားအခြင့္အေရးေတြကို သတိမျပဳမိလိုက္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ျဖစ္ခ်င္တာေတြအတြက္ ႀကိဳးစားေနဆဲမွာပဲ တျခားအခြင့္အလမ္းေတြအတြက္လည္း နားစြင့္ထားမယ္ဆိုရင္ ပိုအဆင္ေျပႏိုင္ပါတယ္။
(၂) 7 of Cups
ဘာကိုမွ စိတ္မဝင္စား၊ ဘာကိုမွမလုပ္ခ်င္ေလာက္ေအာင္ ျဖစ္ေနပါလိမ့္မယ္။ ကိုယ့္အတြက္ အခြင့္အေရးေကာင္းေတြ အမ်ားႀကီးရလာႏိုင္ေပမယ့္ တစ္ခုခုလုပ္ဖို႔အတြက္ ဘယ္လိုမွအားစိုက္မထုတ္ႏိုင္၊ ဘဝႀကီးကို စိတ္မပါလက္မပါျဖစ္ေနေၾကာင့္ ဒီအတိုင္းလက္လႊတ္လိုက္ရတာမ်ိဳးျဖစ္တတ္ပါတယ္။ အံ့ၾသဖို႔ေကာင္းတာက သင့္အေနနဲ႔ ဘာမွမလုပ္ႏိုင္ေလာက္ဘူးလို႔ ကိုယ့္ကိုယ္ကို ထင္ေနတဲ့ၾကားက ဆုံးျဖတ္ခ်က္တစ္ခုခုခ်လိုက္ရင္ အဲ့ဒီဆုံးျဖတ္ခ်က္က သင့္အတြက္ မွန္ကန္ေနတာမ်ိဳးျဖစ္ေနတာပါပဲ။ ဒါေၾကာင့္ ဆုံးျဖတ္ခ်က္ခ်ဖို႔ ဝန္မေလးပါနဲ႔။
(၃) 3 of Cups
အဆင္မေျပျဖစ္ခဲ့သမွ်ေတြက စၿပီးအဆင္ေျပလာႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကို အားမလိုအားမရျဖစ္ေနတာ၊ စိတ္ပ်က္ေနတာေတြကို တတ္ႏိုင္သေလာက္ ေဖ်ာက္ၿပီး ကိုယ္လုပ္စရာရွိတာကိုသာ အာ႐ုံစိုက္လုပ္ေနလိုက္ပါ။ ေနာက္ဆုံးမွာ သင္ေမွ်ာ္လင့္ေနတဲ့ အခြင့္အေရးက သင့္ဆီ ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာပါလိမ့္မယ္။ မရင့္က်က္တဲ့ အေျပာအဆို၊ အမူအရာေလးေတြ လုပ္မိေျပာမိေနတတ္တာေၾကာင့္ အဲ့ဒါေလးကို သတိထားၿပီး ဆင္ျခင္လိုက္ပါ။
Credit to MAY THAZINHTOO