အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ
ဆံပင်တွေပြန်နက်ကုန်ပြီးတဲ့
ဆံပင်တွေပြန်နက်တာဟုတ်ပမလားတော့ မမေးနဲ့လက်ဖက်ခြောက်မှုန့်ရယ်၊ကြိတ်မှန်မှုန့်နဲ့ ရောစပ်ထားတဲ့ အုန်းဆီဆေးကိုက အမည်းရောင်လက်ကိုစွဲတော့တာ တစ်လနှစ်လစွဲစွဲမြဲမြဲသာလိမ်းကြည့်လိုက်..။
Unicode
အသက်ငယ်ငယ်လေးနဲ့ ဆံံပင်ဖြူနေရင် လုပ်သာကြည့်လိုက်ပါ
ဆံံပင်တွေပြန်နက်ကုန်ပြီးတဲ့
ဆံဖြူသူတို့ ဆံကေသာပြန်မနက်တော့ဘူးဆိုရင် စိတ်တွေပဲထိုင်ညစ်မနေပါနဲ့…နည်းလမ်းလေးရှိပါ တယ်…ပင်ကိုယ်ဗီဇအနက်ရောင်ရှိတဲ့ နတ်သစ်ရွက်ကဦးဆောင် သွားမှာပါ။
အဲ့ဒါက လက်ဖက်ခြောက်ပါပဲ လက်ဖက်ခြောက်ကို မီးနဲ့ကျွတ်အောင်လှော်ပါ။
နောက်တစ်ခုကသိပ်အရေးကြီးတဲ့ ကြိတ်မှန်ရွက်ကို သိဖို့ိလိုပါတယ်။ ဆံပင်ပြန်နက်ဖို့သူ့ရဲ့အကူအညီကလည်း လိုတာကိုး။ကြိတ်မှန်ရွက်က မသိလို့သာရှား တာပါ။အလေ့ကျလမ်းဘေးပေါက်တာပဲ။
ကြိတ်မှန်ရွက်ကို နေရိပ်မှာလှန်း ခြောက်ရင် လက်ဖက်ခြောက်အလှော်မှုန့်(၃)ဆ၊ကြိတ်မှန်ရွက် အခြောက်မှုန့်(၁)ဆကို အုန်းဆီစစ်စစ်နဲ့ ရောဖျော်ပြီး နေတိုင်းလိမ်းပေး။
(မပျစ်မကျဲအုန်းဆီစစ်စစ်နှင့်စပ်ပါရန်)
ဆံံပင်တွေပြန်နက်တာဟုတ်ပမလားတော့ မမေးနဲ့လက်ဖက်ခြောက်မှုန့်ရယ်၊ကြိတ်မှန်မှုန့်နဲ့ ရောစပ်ထားတဲ့ အုန်းဆီဆေးကိုက အမည်းရောင်လက်ကိုစွဲတော့တာ တစ်လနှစ်လစွဲစွဲမြဲမြဲသာလိမ်းကြည့်လိုက်..။
အဲ့ဒီဆေးခေါင်းလိမ်းဆီသုံးနေချိန်အာလူးစားရပါတယ်။ အာလူးကို သုပ်လိုက်၊ချက်လိုက်စားပေးရပါတယ်။အဟာရက လည်း ကောင်း၊ဆေးကလည်း ကောင်းဆိုရင် ဆံပင်တွေပြန်နက်လာမှာသေချာနေပါလိမ့်မယ်။
လုပ်သာလုပ်ကြည့်လိုက်ပါ…အံံ့သြဖွယ်ဆံပင်နက် ဆေးပါ။အသက်အရွယ်နှင့်ဆိုင်မည်ထင်ပါသည်။အသက်အရွယ်ကြီးသူတို့အတွက် တော့ဆံပင်ပြန်ဖြူနိုင်မည်မထင်ပါ။ဆေးဆရာကြီး ဘိုးတော်သိန်းပေးသော ဆေးနည်းဖြစ်ပါသည်။
လူလောကဝယ် မည်းရာကဖြူသွားတတ်သလို ဖြူရာက လည်းပြန်ပြီးမည်းနက် တတ်သည်မှာ ဆံကေသာလည်းပါဝင်နေပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)