စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန် အကူအညီနှင့် ချေးငွေရရှိရေး ဆန်စပါးအသင်းချုပ်က…
စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန် စိတ်၀င်စားသူများကို အကူအညီနှင့် ချေးငွေရရှိရေးအတွက် မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်က
ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် အဆိုပါ အသင်ချုပ်က သတင်းထုတ်ပြန်ထားသည်။
လျှပ်စစ်ဓာတ်အားအလှည့်ကျ ရရှိနေမှုများကြောင့် ဆန်စက်များ ပုံမှန်လည်ပတ်ရန်အခက်အခဲရှိနေခြင်းကို ရေရှည်တွင်
အဆင်ပြေစေရန်အတွက်လည်းကောင်း စွန့်ပစ်စပါးခွံမှ
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မဟာဓာတ်အားကွန်ရက်နှင့်ချိတ်ဆက်ကာ စွမ်းအင်ထုတ်နိုင်ရန်နှင့်
Bolier Turbine Power Generation စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အစီအစဉ်ရှိသည့် ဆန်စပါးလုပ်ငန်းရှင်များ၊
ကုမ္ပဏီများအနေဖြင့် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီးအသင်းချုပ်သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“စိတ်ဝင်စားတယ်ဆိုရင် လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ ဆန်စပါးလုပ်ငန်းရှင်တွေအနေနဲ့ လိပ်စာအပြည့်အစုံကို
ကျွန်တော်တို့အသင်းချုပ်ဆီကို စာတင်ထားရမယ်”ဟု ဆန်းစပါးအသင်းချုပ်မှ တာ၀န်ရှိသူတဦးက ပြောသည်။
ဆက်လက်ပြီး ဆန်ကြိတ်ခွဲရာမှ ဘေးထွက်ပစ္စည်းဖြစ်သည့် စာသုံးနိုင်သည့် ဖွဲနုဆီထုတ်ရန် စပါးခွံကဲ့သို့ပင်
ဆန်စပါးအသင်းချုပ်သို့ဆန်စက်လုပ်ငန်းနှင့် ကုမ္ပဏီများမှ အကူအညီတောင်းနိုင်ပြီး အကူအညီပေးသွားမည်ဖြစ်ကြောင်း
ယင်းအသင်းချုပ်က သတင်း ထုတ်ပြန်ထားသည်။
News Watch
zawgyi,
စပါးခြံမွ လွ်ပ္စစ္ထုတ္လုပ္ရန္ အကူအညီႏွင့္ ေခ်းေငြရရွိေရး ဆန္စပါးအသင္းခ်ဳပ္က…
စပါးခြံမွ လွ်ပ္စစ္ထုတ္လုပ္ရန္ စိတ္၀င္စားသူမ်ားကို အကူအညီႏွင့္ ေခ်းေငြရရွိေရးအတြက္ ျမန္မာႏိုင္ငံဆန္းစပါးအသင္းခ်ဳပ္က
ကူညီေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း မတ္လ ၁၇ ရက္ေန႔ ရက္စြဲျဖင့္ အဆိုပါ အသင္ခ်ဳပ္က သတင္းထုတ္ျပန္ထားသည္။
လွ်ပ္စစ္ဓာတ္အားအလွည့္က် ရရွိေနမႈမ်ားေၾကာင့္ ဆန္စက္မ်ား ပုံမွန္လည္ပတ္ရန္အခက္အခဲရွိေနျခင္းကို ေရရွည္တြင္
အဆင္ေျပေစရန္အတြက္လည္းေကာင္း စြန႔္ပစ္စပါးခြံမွ
လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ၿပီး မဟာဓာတ္အားကြန္ရက္ႏွင့္ခ်ိတ္ဆက္ကာ စြမ္းအင္ထုတ္ႏိုင္ရန္ႏွင့္
Bolier Turbine Power Generation စနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရန္အစီအစဥ္ရွိသည့္ ဆန္စပါးလုပ္ငန္းရွင္မ်ား၊
ကုမၸဏီမ်ားအေနျဖင့္ မတ္လ ၃၁ ရက္ေန႔ ေနာက္ဆုံးထားၿပီးအသင္းခ်ဳပ္သို႔ ဆက္သြယ္ႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။
“စိတ္ဝင္စားတယ္ဆိုရင္ လက္ရွိလုပ္ကိုင္ေနတဲ့ ကုမၸဏီေတြ၊ ဆန္စပါးလုပ္ငန္းရွင္ေတြအေနနဲ႔ လိပ္စာအျပည့္အစုံကို
ကြၽန္ေတာ္တို႔အသင္းခ်ဳပ္ဆီကို စာတင္ထားရမယ္”ဟု ဆန္းစပါးအသင္းခ်ဳပ္မွ တာ၀န္ရွိသူတဦးက ေျပာသည္။
ဆက္လက္ၿပီး ဆန္ႀကိတ္ခြဲရာမွ ေဘးထြက္ပစၥည္းျဖစ္သည့္ စာသုံးႏိုင္သည့္ ဖြဲႏုဆီထုတ္ရန္ စပါးခြံကဲ့သို႔ပင္
ဆန္စပါးအသင္းခ်ဳပ္သို႔ဆန္စက္လုပ္ငန္းႏွင့္ ကုမၸဏီမ်ားမွ အကူအညီေတာင္းႏိုင္ၿပီး အကူအညီေပးသြားမည္ျဖစ္ေၾကာင္း
ယင္းအသင္းခ်ဳပ္က သတင္း ထုတ္ျပန္ထားသည္။
News Watch