အသိပညာ

မိသားစုတိုင္းမွာ… ဒုကၡေပးလြန္းတဲ့သူေတြ ပါလာခဲ့တဲ့အခါ…

မိသားစုတိုင္းမွာ… ဒုကၡေပးလြန္းတဲ့သူေတြ ပါလာခဲ့တဲ့အခါ…
တစ္ခါက မိသားစု တစ္စုဟာ ေလွတစ္စင္းနဲ႔ ခရီးထြက္လာတယ္။ အေဖျဖစ္သူက ေရွ႕မွာ အားရပါးရေလွာ္။ အေမက လိုရာေရာက္ဘို႔ ေနာက္ကေန ေလွကို ပဲ့ကိုင္လို႔ေပါ့။

ျမစ္ကမ္းေဘးကၾကည့္ရင္ အင္မတန္ အားက်စရာပဲ။ ေလွေပၚက အေျခအေနကိုေျပာျပမယ္ေနာ္။ အေဖက ေရွ႕ကို အားပါးတရနဲ႔ ခရီးျမန္ဖို႔ ေလွာ္ခတ္ေနလို႔ ေနာက္မလွည့္အားဘူး။

အေမကေတာ့ ေနာက္ဆုံးကေန ေလွထိမ္းေနရေတာ့ အားလုံးကို ျမင္ေနရတာေပါ့။ အထူးသျဖင့္ အလယ္မွာ ထိုင္စီးေနတဲ့ သားတေယာက္က သူ႔ေအာက္ကို ငုံ႔ၿပီး ဓားခြၽန္တစ္ေခ်ာင္းနဲ႔ ထိုးေဖာက္ေနတာ သတိထားမိတယ္။

အေမျဖစ္သူက အေဖႀကီးမသိေအာင္ တားေပမဲ့ မရဘူး။ ေနာက္ဆုံး ေရွ႕ေရာက္ေအာင္
အားပါးတရ ေလွာ္ေနတဲ့ ဖခင္က သိသြားတယ္။

” မင္းဘာလုပ္တာလဲ….”လို႔ … လွည့္ၿပီးေမးေတာ့ သားက ” ေလွကို ဓားခြၽန္နဲ႔ ေဖာက္ေနတာ..” လို႔ေျပာတယ္။ ” မင္းဘာလို ဒီလို လုပ္တာလဲ…”ေမးေတာ့

”ဘာျဖစ္လဲ… ဘယ္သူ႔ ေအာက္မွာမွ အေပါက္ေဖာက္တာ မဟုတ္ဘူး…… ကိုယ့္ေအာက္ ကိုယ္ေဖာက္တာ….” လို႔ေျပာၿပီး အားနဲ႔ ထိုးစိုက္ လိုက္တယ္။

ေလွထဲကိုေရေတြ အရွိန္နဲ႔ဝင္လာတယ္။ အားလုံးဟာ ေရကူးတတ္တဲ့ သူေတြဆိုေတာ့ အသက္ေတြေတာ့ မဆုံးရႈံးဘူးေပါ့။ ဒါေပမဲ့ ေလွေလးကေတာ့ ျမဳပ္ၿပီး ခရီးကေတာ့ ပ်က္သြားတယ္။

ဒီအျဖစ္အပ်က္လိုပါပဲ။ တခါတရံ မိသားစုတခုမွာ ဘာမွလဲ မလုပ္ႏိူင္။ အလယ္ကေန ထိုင္စီးၿပီး ဒုကၡေပးမဲ့သူေတြ ပါတတ္ပါတယ္။

သူတို႔စိတ္ထဲမွာ ေလွရဲ႕ အလယ္က ထိုင္စီးေနသူလိုပါပဲ။ ကိုယ့္ေအာက္ကိုယ္ေဖါက္တာ။ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္လို႔ ေတြးတတ္ပါတယ္။ တကယ္ေတာ့ ေလွေပၚမွာ တစ္မိသားစုလုံးထိုင္ေနတာပါ။

တစ္ခရီးထဲ သြားေနတဲ့ တစ္မိသားစုလုံးဒုကၡေရာက္ကုန္တာပါ။ ဒါေၾကာင့္ မိသားစုတခုမွာ
ကိုယ္ဘာသာ ကိုယ္လုပ္တာ။ ကိုယ္ျဖစ္ရင္ ကိုယ္ခံမယ္ဆိုတာ မရွိပါဘူး။

တေယာက္ေယာက္က ေဖာက္လာရင္ က်န္သူ အကုန္လုံး ဒုကၡေရာက္ တတ္ပါတယ္။ ကိုယ့္ေၾကာင့္ ဒုကၡမျဖစ္ဖို႔… တျခားသူမ်ားကိုလည္း ေတြးပူတတ္ဖို႔ လိုအပ္ပါတယ္။

ဘဝခရီးမွာ အေဖာ္မြန္ေကာင္းေတြ ရၾကပါေစ။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မိသားစုတိုင်းမှာ… ဒုက္ခပေးလွန်းတဲ့သူတွေ ပါလာခဲ့တဲ့အခါ…
တစ်ခါက မိသားစု တစ်စုဟာ လှေတစ်စင်းနဲ့ ခရီးထွက်လာတယ်။ အဖေဖြစ်သူက ရှေ့မှာ အားရပါးရလှော်။ အမေက လိုရာရောက်ဘို့ နောက်ကနေ လှေကို ပဲ့ကိုင်လို့ပေါ့။

မြစ်ကမ်းဘေးကကြည့်ရင် အင်မတန် အားကျစရာပဲ။ လှေပေါ်က အခြေအနေကိုပြောပြမယ်နော်။ အဖေက ရှေ့ကို အားပါးတရနဲ့ ခရီးမြန်ဖို့ လှော်ခတ်နေလို့ နောက်မလှည့်အားဘူး။

အမေကတော့ နောက်ဆုံးကနေ လှေထိမ်းနေရတော့ အားလုံးကို မြင်နေရတာပေါ့။ အထူးသဖြင့် အလယ်မှာ ထိုင်စီးနေတဲ့ သားတယောက်က သူ့အောက်ကို ငုံ့ပြီး ဓားချွန်တစ်ချောင်းနဲ့ ထိုးဖောက်နေတာ သတိထားမိတယ်။

အမေဖြစ်သူက အဖေကြီးမသိအောင် တားပေမဲ့ မရဘူး။ နောက်ဆုံး ရှေ့ရောက်အောင်
အားပါးတရ လှော်နေတဲ့ ဖခင်က သိသွားတယ်။

” မင်းဘာလုပ်တာလဲ….”လို့ … လှည့်ပြီးမေးတော့ သားက ” လှေကို ဓားချွန်နဲ့ ဖောက်နေတာ..” လို့ပြောတယ်။ ” မင်းဘာလို ဒီလို လုပ်တာလဲ…”မေးတော့

”ဘာဖြစ်လဲ… ဘယ်သူ့ အောက်မှာမှ အပေါက်ဖောက်တာ မဟုတ်ဘူး…… ကိုယ့်အောက် ကိုယ်ဖောက်တာ….” လို့ပြောပြီး အားနဲ့ ထိုးစိုက် လိုက်တယ်။

လှေထဲကိုရေတွေ အရှိန်နဲ့ဝင်လာတယ်။ အားလုံးဟာ ရေကူးတတ်တဲ့ သူတွေဆိုတော့ အသက်တွေတော့ မဆုံးရှုံးဘူးပေါ့။ ဒါပေမဲ့ လှေလေးကတော့ မြုပ်ပြီး ခရီးကတော့ ပျက်သွားတယ်။

ဒီအဖြစ်အပျက်လိုပါပဲ။ တခါတရံ မိသားစုတခုမှာ ဘာမှလဲ မလုပ်နိူင်။ အလယ်ကနေ ထိုင်စီးပြီး ဒုက္ခပေးမဲ့သူတွေ ပါတတ်ပါတယ်။

သူတို့စိတ်ထဲမှာ လှေရဲ့ အလယ်က ထိုင်စီးနေသူလိုပါပဲ။ ကိုယ့်အောက်ကိုယ်ဖေါက်တာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်လို့ တွေးတတ်ပါတယ်။ တကယ်တော့ လှေပေါ်မှာ တစ်မိသားစုလုံးထိုင်နေတာပါ။

တစ်ခရီးထဲ သွားနေတဲ့ တစ်မိသားစုလုံးဒုက္ခရောက်ကုန်တာပါ။ ဒါကြောင့် မိသားစုတခုမှာ
ကိုယ်ဘာသာ ကိုယ်လုပ်တာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံမယ်ဆိုတာ မရှိပါဘူး။

တယောက်ယောက်က ဖောက်လာရင် ကျန်သူ အကုန်လုံး ဒုက္ခရောက် တတ်ပါတယ်။ ကိုယ့်ကြောင့် ဒုက္ခမဖြစ်ဖို့… တခြားသူများကိုလည်း တွေးပူတတ်ဖို့ လိုအပ်ပါတယ်။

ဘဝခရီးမှာ အဖော်မွန်ကောင်းတွေ ရကြပါစေ။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။