သုံးလိုက်လို့ ကုန်သွားတယ် ဆိုတာမရှိပါဘူး/ အချိန် ကြာလို့ ကုန်သွားတယ် ဆိုတာ မရှိပါဘူး၊ နေရင်းထိုင်ရင်း ကုန်သွားတယ် ဆိုတာ မရှိပါဘူး။
တစ်သက်လုံးသုံး တစ်သက်လုံး မကုန်ပါဘူးတဲ့/မီးဖို gas တွေလို ဖောက်ထုတ် မီးရှို့ ပစ်တာ မဟုတ်လို့ ကုန် သွားစရာ အကြောင်းမရှိ ပါဘူး။ ဘေဘီလည်းခံရပါများလို့ တင်ပေးလိုက်ပါတယ် ဒီ ရေခဲသေတ္တာ၊ အဲကွန်းတွေမှာ သုံးတဲ့ Gas ဂတ်စ် ဆိုတာ refrigerant လို့ခေါ်တဲ့ အအေးပြု ဓာတ်ငွေ့ တစ်မျိုး ဖြစ်ပါတယ်/
ဒီ refrigerant ( အအေးပြု ဓာတ်ငွေ့ ) တွေဟာ ရေခဲသေတ္တာတွေ၊ အဲကွန်းတွေရဲ့ ပိုက်လိုင်းတွေထဲမှာ အရည် ဖြစ်လိုက် အငွေ့ ဖြစ်လိုက်နဲ့/ ကွန်ပရက်စာမော်တာရဲ့.. အကူအညီနဲ့ လှည့်ပတ် နေရင်း အပူထုတ်ခြင်း အပူစုပ်ယူခြင်းများ ပြုလုပ်ပေးခြင်းဖြင့် အအေးပြုခြင်းသံသရာကို ဖြစ်ပေါ်စေပါတယ်..
၎င်း အအေးပြုခြင်းသံသရာကို စဉ်ဆက်မပြတ် လုပ်ဆောင်နေခြင်းဖြင့် ရေခဲသေတ္တာ၊ အဲကွန်းများတွင် အပူချိန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်/
အဲဒီလို ပိုက်လိုင်းတွေထဲမှာပဲ လှည့်ပတ် သွားလာနေပြီး ထွက်ပေါက်မရှိ၊ အလုံ ပိတ် ရှိနေ တာကြောင့် ကုန်သွား စရာ အကြောင်း မရှိပါဘူး.. ကုန်သွားတယ် ဆိုရင် ဘာကြောင့် ကုန်သွားတယ် ဆိုတဲ့ အကြောင်းရင်း ရှိရပါတယ်။
ပိုက်လိုင်း တစ်နေရာက ပေါက်သွားလို့ ဂတ်စ် ယိုစိမ့်မှု ရှိလို့..၊ ကုန်သွားရခြင်းသာ ဖြစ်ပါတယ်။ အဲတော့ ဆိုလိုတာက ဂတ်စ် လျော့သွားတယ်၊ ဂတ်စ် ကုန်သွားတယ် ဆိုရင် ပိုက်လိုင်း တစ်နေရာရာမှာ ပေါက်နေလို့၊ ဂတ်စ် ယိုစိမ့်မှု gas leakage ရှိနေလို့သာ ဖြစ်တာပါ။ အပေါက်ကြီးရင် ရုတ်တရက် အအေးလျော့ သွားမယ်။ အပေါက်သေးရင် ဖြည်းဖြည်းခြင်း အအေးလျော့သွားမှာ ဖြစ်ပါတယ်။
အဲလို ဖြစ်လာပြီ ဆိုရင် ဘယ်နေရာက ပေါက်နေလဲ၊ ဘယ်နေရာက ယိုစိမ့်မှု ရှိနေလဲ အရင်ရှာရမှာပါ။ ရှာလို့တွေ့ရင် ဖာလို့ရရင် ဖာ၊ ဖာလို့ မရရင် အသစ်လဲ၊လုံအောင် လုပ်ပြီးမှ ဂတ်စ် ပြန်ထည့် ရမှာပါ။အဲလိုမဟုတ်ပဲ အပေါက်မဖာပဲ gas ထပ်ထည့် ရင်တော့ ပြန်ကုန် ဦးမှာပါ နော်
အိမ်သုံး ရေခဲသေတ္တာတွေမှာတော့ chamber type တွေဆိုရင် အခဲခန်းထဲမှာ ရေခဲထုတွေ ထူနေတာကို ဓားတွေ ဝက်အူလှည့်တွေနဲ့ ထိုးခွာရင်း evaporator ပိုက်ပေါက်ပြီး gas ထွက်သွားတတ်တာမျိုး မကြာခဏ ဆိုသလို တွေ့ရတတ်ပါတယ်/
အိမ်သုံး အဲကွန်းတွေမှာတော့ gas ကုန်တယ်။ ဂတ်စ် ထပ်ထည့်ရတယ် ဆိုတာ အမြဲလိုလို ကြားနေရတယ် ။ ဂတ်စ် ကုန်ရင် ဘာကြောင့်ကုန်သလဲ အဖြေ အရင် ရှာရမှာပါ။
Indoor Outdoor အဆက် Joint တွေ၊ Outdoor မှာပါတဲ့ L key valve တွေ မှာ ယိုစိမ့်မှုတွေ ရှိနိုင်ပါတယ်။ indoor outdoor joint တွေ မလုံတာကတော့ services သမားတွေ..၊ မသေသပ်မှုကြောင့် အဖြစ်များပါတယ်။ ပိုက်မဆက်မှီ ပိုက်ကို ကော်လံဖော်ရာမှာ မသေသပ်ရင် ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။
flare nut တွေ ကြပ်တဲ့နေရာမှာ လက်ဆ များသွားရင် flare nut တွေ ကွဲပြီး ယိုစိမ့်မှု ဖြစ်တတ်ပါတယ်။ L key valve တွေ မလုံတာကတော့ oil seal တွေ မကောင်းတာ ဖြစ်တတ်ပါတယ်။ oil seal လဲလို့ ရပါတယ်။
pressure gauge တပ်တဲ့ pin valve လေးမကောင်းရင်လဲ ယိုစိမ့်တတ်ပါတယ်။ အဲဒီ pin valve လေး လဲလို့ ရပါတယ်။ အဲတော့ နိဂုံးချုပ် အနေနဲ့ ရေခဲသေတ္တာ အဲကွန်း သုံးစွဲ သူတွေကို ပြောချင်တာက/ ရေခဲသေတ္တာ သို့မဟုတ် အဲကွန်း မအေးတော့ဘူး ဆိုတိုင်း gas ကုန်တာ မဟုတ်ပါဘူး။ အခြားအစိတ်အပိုင်းတွေ ချို့ယွင်းမှု ရှိရင်လည်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ်။
အချို့ အတုအယောင် services အဖွဲ့ တွေဆိုရင် အလကား နေရင်း gas လျော့တယ်။ gas ကုန်တယ်၊ ဆိုပြီး ဟန်ဆောင် gas ထည့်ပြ၊ gasဘိုးတောင်းယူနေကြတာတွေ ရှိပါတယ်။ အဲဒီလို gas လျော့တယ်၊ gas ကုန်တယ်၊ gas လျော့လို့ gas.. ထပ်ထည့် လိုက်ရတယ်၊ gas ဘိုး ဘယ်လောက် ကျပါတယ်၊ ဆိုပြီး တောင်းလာ ခဲ့ရင် ဘာကြောင့် လျော့သွားတာလဲ မေးပါ။ ဘယ်နေရာက ယိုစိမ့်မှု ရှိလို့ ကုန်သွားတာလဲ မေးပါ။
ခိုင်လုံတဲ့ အဖြေ ရှိရပါမယ်။ အဲဒီ ယိုတဲ့နေရာကို လုံအောင် ဘယ်လို ဖြေရှင်း လိုက်လဲ မေးပါ။ နောက်အချိန်တို.. အတွင်း အဲဒီနေရာကထပ် မဖြစ်အောင်မည်သို့/ တာဝန်ယူပေးနိုင်လဲ မေးပါ။ ခိုင်လုံတဲ့ အဖြေ ရှိရပါမယ်။ အဲလိုမှ မဟုတ်ရင် gas ဘိုး နဲ့ပဲ အသစ် တစ်လုံး ဝယ်တာလောက် ပြန်ကုန်သွားတတ်ပါတယ်။
Airconတပ်ဆင်သမားအားလုံးမဆိုလိုပါ နားမလည်သူအချို့ကို ရိုက်စားနေသူများကို ပြန်ပြောပြတတ်အောင်ပါရှင့် တစ်ကယ် သမာသမတ်ကျပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့၊ ကျွမ်းကျင်တဲ့ services အဖွဲ့တွေလည်း အများကြီးရှိပါတယ်..
အဲဒီလို ကျွမ်းကျင်တဲ့ services အဖွဲ့တွေ ဆိုရင်တော့ အခုပြောခဲ့တဲ့ မေးခွန်းအားလုံး သင်မမေးခင် မေးစရာ မလိုအောင် အားလုံး ရှင်းပြ ပြောပြ ပါလိမ့်မယ်။
မသိနားမလည်တဲ့ သူတွေကို လိမ်မစားချင်ကျနဲ့ သူတစ်ပါး မျက်ရည်နှင့် ဆန်ဆေးတယ် ဆိုတာ ဝဋ်လိုက်တက်ပါတယ်။ ။ ရမ်းရွှီး ရမ်းကု စက်ဆရာ အတုများရဲ့ ပါးစပ်ဖျားမှာ လမ်းမဆုံး စေရန် ရည်သန် ရေးသားလိုက် ရပါတယ်နော် လာမ+ဆဲကြနဲ့နော် ဘေဘီက စေတနာနဲ့
ခရစ်ဒစ် မူရင်းရေးသားသူ
zawgyi
သုံးလိုက္လို႔ ကုန္သြားတယ္ ဆိုတာမရွိပါဘူး/ အခ်ိန္ ၾကာလို႔ ကုန္သြားတယ္ ဆိုတာ မရွိပါဘူး၊ ေနရင္းထိုင္ရင္း ကုန္သြားတယ္ ဆိုတာ မရွိပါဘူး။
တစ္သက္လုံးသုံး တစ္သက္လုံး မကုန္ပါဘူးတဲ့/မီးဖို gas ေတြလို ေဖာက္ထုတ္ မီးရႈိ႕ ပစ္တာ မဟုတ္လို႔ ကုန္ သြားစရာ အေၾကာင္းမရွိ ပါဘူး။ ေဘဘီလည္းခံရပါမ်ားလို႔ တင္ေပးလိုက္ပါတယ္ ဒီ ေရခဲေသတၱာ၊ အဲကြန္းေတြမွာ သုံးတဲ့ Gas ဂတ္စ္ ဆိုတာ refrigerant လို႔ေခၚတဲ့ အေအးျပဳ ဓာတ္ေငြ႕ တစ္မ်ိဳး ျဖစ္ပါတယ္/
ဒီ refrigerant ( အေအးျပဳ ဓာတ္ေငြ႕ ) ေတြဟာ ေရခဲေသတၱာေတြ၊ အဲကြန္းေတြရဲ႕ ပိုက္လိုင္းေတြထဲမွာ အရည္ ျဖစ္လိုက္ အေငြ႕ ျဖစ္လိုက္နဲ႔/ ကြန္ပရက္စာေမာ္တာရဲ႕.. အကူအညီနဲ႔ လွည့္ပတ္ ေနရင္း အပူထုတ္ျခင္း အပူစုပ္ယူျခင္းမ်ား ျပဳလုပ္ေပးျခင္းျဖင့္ အေအးျပဳျခင္းသံသရာကို ျဖစ္ေပၚေစပါတယ္..
၎ အေအးျပဳျခင္းသံသရာကို စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနျခင္းျဖင့္ ေရခဲေသတၱာ၊ အဲကြန္းမ်ားတြင္ အပူခ်ိန္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေစတာ ျဖစ္ပါတယ္/
အဲဒီလို ပိုက္လိုင္းေတြထဲမွာပဲ လွည့္ပတ္ သြားလာေနၿပီး ထြက္ေပါက္မရွိ၊ အလုံ ပိတ္ ရွိေန တာေၾကာင့္ ကုန္သြား စရာ အေၾကာင္း မရွိပါဘူး.. ကုန္သြားတယ္ ဆိုရင္ ဘာေၾကာင့္ ကုန္သြားတယ္ ဆိုတဲ့ အေၾကာင္းရင္း ရွိရပါတယ္။
ပိုက္လိုင္း တစ္ေနရာက ေပါက္သြားလို႔ ဂတ္စ္ ယိုစိမ့္မႈ ရွိလို႔..၊ ကုန္သြားရျခင္းသာ ျဖစ္ပါတယ္။ အဲေတာ့ ဆိုလိုတာက ဂတ္စ္ ေလ်ာ့သြားတယ္၊ ဂတ္စ္ ကုန္သြားတယ္ ဆိုရင္ ပိုက္လိုင္း တစ္ေနရာရာမွာ ေပါက္ေနလို႔၊ ဂတ္စ္ ယိုစိမ့္မႈ gas leakage ရွိေနလို႔သာ ျဖစ္တာပါ။ အေပါက္ႀကီးရင္ ႐ုတ္တရက္ အေအးေလ်ာ့ သြားမယ္။ အေပါက္ေသးရင္ ျဖည္းျဖည္းျခင္း အေအးေလ်ာ့သြားမွာ ျဖစ္ပါတယ္။
အဲလို ျဖစ္လာၿပီ ဆိုရင္ ဘယ္ေနရာက ေပါက္ေနလဲ၊ ဘယ္ေနရာက ယိုစိမ့္မႈ ရွိေနလဲ အရင္ရွာရမွာပါ။ ရွာလို႔ေတြ႕ရင္ ဖာလို႔ရရင္ ဖာ၊ ဖာလို႔ မရရင္ အသစ္လဲ၊လုံေအာင္ လုပ္ၿပီးမွ ဂတ္စ္ ျပန္ထည့္ ရမွာပါ။အဲလိုမဟုတ္ပဲ အေပါက္မဖာပဲ gas ထပ္ထည့္ ရင္ေတာ့ ျပန္ကုန္ ဦးမွာပါ ေနာ္
အိမ္သုံး ေရခဲေသတၱာေတြမွာေတာ့ chamber type ေတြဆိုရင္ အခဲခန္းထဲမွာ ေရခဲထုေတြ ထူေနတာကို ဓားေတြ ဝက္အူလွည့္ေတြနဲ႔ ထိုးခြာရင္း evaporator ပိုက္ေပါက္ၿပီး gas ထြက္သြားတတ္တာမ်ိဳး မၾကာခဏ ဆိုသလို ေတြ႕ရတတ္ပါတယ္/
အိမ္သုံး အဲကြန္းေတြမွာေတာ့ gas ကုန္တယ္။ ဂတ္စ္ ထပ္ထည့္ရတယ္ ဆိုတာ အၿမဲလိုလို ၾကားေနရတယ္ ။ ဂတ္စ္ ကုန္ရင္ ဘာေၾကာင့္ကုန္သလဲ အေျဖ အရင္ ရွာရမွာပါ။
Indoor Outdoor အဆက္ Joint ေတြ၊ Outdoor မွာပါတဲ့ L key valve ေတြ မွာ ယိုစိမ့္မႈေတြ ရွိႏိုင္ပါတယ္။ indoor outdoor joint ေတြ မလုံတာကေတာ့ services သမားေတြ..၊ မေသသပ္မႈေၾကာင့္ အျဖစ္မ်ားပါတယ္။ ပိုက္မဆက္မွီ ပိုက္ကို ေကာ္လံေဖာ္ရာမွာ မေသသပ္ရင္ ယိုစိမ့္မႈ ျဖစ္တတ္ပါတယ္။
flare nut ေတြ ၾကပ္တဲ့ေနရာမွာ လက္ဆ မ်ားသြားရင္ flare nut ေတြ ကြဲၿပီး ယိုစိမ့္မႈ ျဖစ္တတ္ပါတယ္။ L key valve ေတြ မလုံတာကေတာ့ oil seal ေတြ မေကာင္းတာ ျဖစ္တတ္ပါတယ္။ oil seal လဲလို႔ ရပါတယ္။
pressure gauge တပ္တဲ့ pin valve ေလးမေကာင္းရင္လဲ ယိုစိမ့္တတ္ပါတယ္။ အဲဒီ pin valve ေလး လဲလို႔ ရပါတယ္။ အဲေတာ့ နိဂုံးခ်ဳပ္ အေနနဲ႔ ေရခဲေသတၱာ အဲကြန္း သုံးစြဲ သူေတြကို ေျပာခ်င္တာက/ ေရခဲေသတၱာ သို႔မဟုတ္ အဲကြန္း မေအးေတာ့ဘူး ဆိုတိုင္း gas ကုန္တာ မဟုတ္ပါဘူး။ အျခားအစိတ္အပိုင္းေတြ ခ်ိဳ႕ယြင္းမႈ ရွိရင္လည္း မေအးေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။
အခ်ိဳ႕ အတုအေယာင္ services အဖြဲ႕ ေတြဆိုရင္ အလကား ေနရင္း gas ေလ်ာ့တယ္။ gas ကုန္တယ္၊ ဆိုၿပီး ဟန္ေဆာင္ gas ထည့္ျပ၊ gasဘိုးေတာင္းယူေနၾကတာေတြ ရွိပါတယ္။ အဲဒီလို gas ေလ်ာ့တယ္၊ gas ကုန္တယ္၊ gas ေလ်ာ့လို႔ gas.. ထပ္ထည့္ လိုက္ရတယ္၊ gas ဘိုး ဘယ္ေလာက္ က်ပါတယ္၊ ဆိုၿပီး ေတာင္းလာ ခဲ့ရင္ ဘာေၾကာင့္ ေလ်ာ့သြားတာလဲ ေမးပါ။ ဘယ္ေနရာက ယိုစိမ့္မႈ ရွိလို႔ ကုန္သြားတာလဲ ေမးပါ။
ခိုင္လုံတဲ့ အေျဖ ရွိရပါမယ္။ အဲဒီ ယိုတဲ့ေနရာကို လုံေအာင္ ဘယ္လို ေျဖရွင္း လိုက္လဲ ေမးပါ။ ေနာက္အခ်ိန္တို.. အတြင္း အဲဒီေနရာကထပ္ မျဖစ္ေအာင္မည္သို႔/ တာဝန္ယူေပးႏိုင္လဲ ေမးပါ။ ခိုင္လုံတဲ့ အေျဖ ရွိရပါမယ္။ အဲလိုမွ မဟုတ္ရင္ gas ဘိုး နဲ႔ပဲ အသစ္ တစ္လုံး ဝယ္တာေလာက္ ျပန္ကုန္သြားတတ္ပါတယ္။
Airconတပ္ဆင္သမားအားလုံးမဆိုလိုပါ နားမလည္သူအခ်ိဳ႕ကို ႐ိုက္စားေနသူမ်ားကို ျပန္ေျပာျပတတ္ေအာင္ပါရွင့္ တစ္ကယ္ သမာသမတ္က်ၿပီး တာဝန္ယူမႈ တာဝန္ခံမႈ ရွိတဲ့၊ ကြၽမ္းက်င္တဲ့ services အဖြဲ႕ေတြလည္း အမ်ားႀကီးရွိပါတယ္..
အဲဒီလို ကြၽမ္းက်င္တဲ့ services အဖြဲ႕ေတြ ဆိုရင္ေတာ့ အခုေျပာခဲ့တဲ့ ေမးခြန္းအားလုံး သင္မေမးခင္ ေမးစရာ မလိုေအာင္ အားလုံး ရွင္းျပ ေျပာျပ ပါလိမ့္မယ္။
မသိနားမလည္တဲ့ သူေတြကို လိမ္မစားခ်င္က်နဲ႔ သူတစ္ပါး မ်က္ရည္ႏွင့္ ဆန္ေဆးတယ္ ဆိုတာ ဝဋ္လိုက္တက္ပါတယ္။ ။ ရမ္း႐ႊီး ရမ္းကု စက္ဆရာ အတုမ်ားရဲ႕ ပါးစပ္ဖ်ားမွာ လမ္းမဆုံး ေစရန္ ရည္သန္ ေရးသားလိုက္ ရပါတယ္ေနာ္ လာမ+ဆဲၾကနဲ႔ေနာ္ ေဘဘီက ေစတနာနဲ႔
ခရစ္ဒစ္ မူရင္းေရးသားသူ