အေထြအေထြဗဟုသုတ

အမျိုးသားတွေကို စိတ်လှုပ်ရှားသွားစေနိုင်တဲ့ အထိအတွေ့ (၄) မျိုး သို့မဟုတ် အမျိုးသားတွေရဲ့ အားနည်းချက်

ဒါကတော့ ချစ်သူရှိပြီးသား၊ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေ သိထားသင့်တဲ့ အရာတွေပါ။

ကိုယ့်ချစ်သူကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါ စိတ်လှုပ်ရှား သွားတတ်ကြပါသလဲ။

အမျိုးသမီးတွေလိုပဲ သူတို့မှာလည်း ထိလိုက်တာနဲ့ အသည်းယား၊ စိတ်လှုပ်ရှားသွားတဲ့ နေရာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။မေးရိုး

အမျိုးသားတွေဟာ သူတို့ရဲ့ မေးရိုး၊ မေးစေ့တွေကို ချစ်သူအမျိုးသမီးက လက်ချောင်းလေးတွေနဲ့ လာရောက် ထိတွေ့တဲ့အခါ စိတ်လှုပ်ရှားတတ်ကြပါတယ်တဲ့။

ပျော်ရွှင်မှုကိုလည်း ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပြောပြထားသူကတော့ အိပ်ယာထဲက အမျိုးသားများ (Men in Bed) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Barbara Keesling ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ချစ်သူကောင်လေးနဲ့ အနမ်းမခြွေခင် သင့်ရဲ့ လက်ချောင်းလေးတွေနဲ့ နားအောက်ပိုင်း မေးရိုးတောက်လျှောက် ညင်သာစွာ ပွတ်သပ်ပေးဖို့ လိုပါတယ်။

၂။ပခုံးသား

နောက်ထပ် အမျိုးသားတွေ စိတ်လှုပ်ရှားစေတဲ့ နေရာကတော့ ပခုံးသားတွေပါပဲ။

ပခုံးကို ပွတ်သပ်ပေးခြင်းအားဖြင့် အမျိုးသားတွေဟာ extra sensitive ဖြစ်တယ်လို့ ဆိုရတဲ့အထိကို သူတို့စိတ်ထဲ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေကို သင်ဖန်ဆင်းပစ်လိုက်နိုင်မှာပါ။

ပခုံးဆိုတာ စိတ်ဖိစီးမှုတွေရှိတဲ့အခါ တောင့်တောင့်တင်းတင်းလည်း အရှိနိုင်ဆုံးနေရာပါ။

ဒီတော့ ချစ်သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပါ။ အဲ့ဒီနောက်မှာ လက်မလေးကိုသုံးပြီး သူ့ပခုံးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲပေးလိုက်ပါ။

သူ့ပုံစံက သက်သက်သာသာရှိလာပြီ၊ ဖိစီးမှုတွေနည်းသွားတဲ့ပုံပေါက်မှသာ သင့်လက်ကိုလွှတ်ချလိုက်ပါ။

၃။ပေါင်အတွင်းသား

အမျိုးသားတွေဟာ သူတို့ပေါင်အတွင်းဘက်ကို ထိမိလိုက်ရင် နည်းနည်းတွန့်သွားတတ်ပါတယ်။

ကိုယ့်ချစ်သူ ပေါင်အတွင်းသားကို ဆွဲယူပြီး ကိုင်ထိရမယ်ဆိုတာကလည်း နှစ်ယောက်စလုံးအတွက် အူတိအူကြောင်နိုင်လွန်းတယ်လို့ ထင်နိုင်ပါတယ်။

ဒါပေမယ့် ပေါင်အတွင်းဘက်က သွေးကြောတွေကို ထိတွေ့ပေးခြင်းဟာ အမျိုးသားတွေကို စိတ်လှုပ်ရှားစေနိုင်သလို ကာမစိတ်လည်း နိုးကြားစေတယ်လို့ သိရပါတယ်။

ဒီအချက်ကတော့ အိမ်ထောင်သည်တွေ ပိုသိထားသင့်တဲ့ အကြောင်းအရာပါပဲ။

ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူမနေခင် သူတို့ပေါင်တွင်းသားတွေကို နှိပ်ပေးခြင်းဟာ နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့အိမ်ထောင်ရေးသုခကို ခံစားရစေမှာပါ။

၄။တင်ပါး

အမျိုးသားတွေဟာ သူတို့တင်ပါးကို များသောအားဖြင့် အထိမခံတတ်ကြပါဘူး။

ဘာရယ်မဟုတ်ပေမယ့် စနောက်ပြီး ကိုယ်မယ်လုပ်လိုက်ရင်တောင် မရရတဲ့နည်းနဲ့ ရှောင်တတ်ကြပါတယ်။

ဒါပေမယ့် သင့်အိမ်ထောင်ဖက်ကို သူ့တင်ပါးကိုင်ပြီး စနောက်တာမျိုး မဟုတ်ပဲ နှိပ်နယ်ပေးမယ့်အကြောင်း ပြောပြပြီး

သူတို့တင်ပါးကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဟာလည်း အမျိုးသားတွေကို စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့အရာပါပဲ။

crd

Zawgyi

ဒါကေတာ့ ခ်စ္သူရွိၿပီးသား၊ အိမ္ေထာင္ရွိၿပီးသား အမ်ိဳးသမီးေတြ သိထားသင့္တဲ့ အရာေတြပါ။

ကိုယ့္ခ်စ္သူေကာင္ေလးေတြဟာ သူတို႔ခႏၶာကိုယ္ရဲ႕ ဘယ္အစိတ္အပိုင္းေတြကို ထိေတြ႕တဲ့အခါ စိတ္လႈပ္ရွား သြားတတ္ၾကပါသလဲ။

အမ်ိဳးသမီးေတြလိုပဲ သူတို႔မွာလည္း ထိလိုက္တာနဲ႔ အသည္းယား၊ စိတ္လႈပ္ရွားသြားတဲ့ ေနရာမ်ိဳးေတြ ရွိေနပါတယ္။ အဲ့ဒါေတြကေတာ့

၁။ေမး႐ိုး

အမ်ိဳးသားေတြဟာ သူတို႔ရဲ႕ ေမး႐ိုး၊ ေမးေစ့ေတြကို ခ်စ္သူအမ်ိဳးသမီးက လက္ေခ်ာင္းေလးေတြနဲ႔ လာေရာက္ ထိေတြ႕တဲ့အခါ စိတ္လႈပ္ရွားတတ္ၾကပါတယ္တဲ့။

ေပ်ာ္႐ႊင္မႈကိုလည္း ခံစားရတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို ေျပာျပထားသူကေတာ့ အိပ္ယာထဲက အမ်ိဳးသားမ်ား (Men in Bed) ဆိုတဲ့ စာအုပ္ကို ေရးသားခဲ့တဲ့ စာေရးဆရာ Barbara Keesling ပဲျဖစ္ပါတယ္။

ဒါ့ေၾကာင့္ ခ်စ္သူေကာင္ေလးနဲ႔ အနမ္းမေႁခြခင္ သင့္ရဲ႕ လက္ေခ်ာင္းေလးေတြနဲ႔ နားေအာက္ပိုင္း ေမး႐ိုးေတာက္ေလွ်ာက္ ညင္သာစြာ ပြတ္သပ္ေပးဖို႔ လိုပါတယ္။

၂။ပခုံးသား

ေနာက္ထပ္ အမ်ိဳးသားေတြ စိတ္လႈပ္ရွားေစတဲ့ ေနရာကေတာ့ ပခုံးသားေတြပါပဲ။

ပခုံးကို ပြတ္သပ္ေပးျခင္းအားျဖင့္ အမ်ိဳးသားေတြဟာ extra sensitive ျဖစ္တယ္လို႔ ဆိုရတဲ့အထိကို သူတို႔စိတ္ထဲ ေက်နပ္မႈ၊ ေပ်ာ္႐ႊင္မႈ၊ စိတ္လႈပ္ရွားမႈေတြကို သင္ဖန္ဆင္းပစ္လိုက္ႏိုင္မွာပါ။

ပခုံးဆိုတာ စိတ္ဖိစီးမႈေတြရွိတဲ့အခါ ေတာင့္ေတာင့္တင္းတင္းလည္း အရွိႏိုင္ဆုံးေနရာပါ။

ဒီေတာ့ ခ်စ္သူနဲ႔ မ်က္ႏွာခ်င္းဆိုင္လိုက္ပါ။ အဲ့ဒီေနာက္မွာ လက္မေလးကိုသုံးၿပီး သူ႔ပခုံးတစ္ေလွ်ာက္ ညင္သာစြာ ပြတ္ဆြဲေပးလိုက္ပါ။

သူ႔ပုံစံက သက္သက္သာသာရွိလာၿပီ၊ ဖိစီးမႈေတြနည္းသြားတဲ့ပုံေပါက္မွသာ သင့္လက္ကိုလႊတ္ခ်လိုက္ပါ။

၃။ေပါင္အတြင္းသား

အမ်ိဳးသားေတြဟာ သူတို႔ေပါင္အတြင္းဘက္ကို ထိမိလိုက္ရင္ နည္းနည္းတြန႔္သြားတတ္ပါတယ္။

ကိုယ့္ခ်စ္သူ ေပါင္အတြင္းသားကို ဆြဲယူၿပီး ကိုင္ထိရမယ္ဆိုတာကလည္း ႏွစ္ေယာက္စလုံးအတြက္ အူတိအူေၾကာင္ႏိုင္လြန္းတယ္လို႔ ထင္ႏိုင္ပါတယ္။

ဒါေပမယ့္ ေပါင္အတြင္းဘက္က ေသြးေၾကာေတြကို ထိေတြ႕ေပးျခင္းဟာ အမ်ိဳးသားေတြကို စိတ္လႈပ္ရွားေစႏိုင္သလို ကာမစိတ္လည္း ႏိုးၾကားေစတယ္လို႔ သိရပါတယ္။

ဒီအခ်က္ကေတာ့ အိမ္ေထာင္သည္ေတြ ပိုသိထားသင့္တဲ့ အေၾကာင္းအရာပါပဲ။

ကိုယ့္အိမ္ေထာင္ဖက္နဲ႔ အတူမေနခင္ သူတို႔ေပါင္တြင္းသားေတြကို ႏွိပ္ေပးျခင္းဟာ ႏွစ္ဦးစလုံးအတြက္ ေကာင္းမြန္တဲ့အိမ္ေထာင္ေရးသုခကို ခံစားရေစမွာပါ။

၄။တင္ပါး

အမ်ိဳးသားေတြဟာ သူတို႔တင္ပါးကို မ်ားေသာအားျဖင့္ အထိမခံတတ္ၾကပါဘူး။

ဘာရယ္မဟုတ္ေပမယ့္ စေနာက္ၿပီး ကိုယ္မယ္လုပ္လိုက္ရင္ေတာင္ မရရတဲ့နည္းနဲ႔ ေရွာင္တတ္ၾကပါတယ္။

ဒါေပမယ့္ သင့္အိမ္ေထာင္ဖက္ကို သူ႔တင္ပါးကိုင္ၿပီး စေနာက္တာမ်ိဳး မဟုတ္ပဲ ႏွိပ္နယ္ေပးမယ့္အေၾကာင္း ေျပာျပၿပီး

သူတို႔တင္ပါးကို ညင္သာစြာ ႏွိပ္နယ္ေပးျခင္းဟာလည္း အမ်ိဳးသားေတြကို စိတ္လႈပ္ရွားေပ်ာ္႐ႊင္ေစတဲ့အရာပါပဲ။

crd