ၾကားသိရသမွ်

ကားတစ်စီးနဲ့ ဆန်အိတ်တွေတင်လာပြီး ဘယ်လိုလိမ်ရောင်းနေတာလဲဆိုတာ…

ကားပေါ်ကို ဆန်အိတ်တွေ တင်လာပြီး ဆန်လိမ်ရောင်းတဲ့ လိမ်နည်းအသစ်တဲ့ (ဘယ်လိုတွေ လိမ်ကြလဲဆိုတာ ဝင်သာဖတ်ကြည့်လိုက်တော့)

မေမြို့က လူတွေ သတိထားကြပါနော် ။ရွှေဘိုကနေ လာတာဆိုပြီး ပွဲရုံကနေဆို အကြွေးပေးရလို့ သူတို့က စိုက်ပျိုးချိန်မို့ ငွေလိုလို့ဆိုပြီး ကားနဲ့ ဆန်တွေ လိုက်ရောင်းတာပါ။အူလည်လည်ပုံစံနဲ့ ဗိုက်ကလဲ အရမ်းဆာနေပီ လမ်းတွေလဲ မသိဘူးဆိုပြီး သနားစရာလုပ်ပြတော့ ကျမမှာ အိမ်စားဖို့ လုပ်ထားတဲ့ ရှမ်းခေါက်ဆွဲ 3 ပွဲတောင် အလကား ကျွေးလိုက်သေးတာ။

သူတို့ကလောင်နဲ့ ထိုးပြတာ ပေါ်ဆန်းမွှေး ချက်ခိုင်းတာလဲ ပေါ်ဆန်းမွှေးပါ။အဲ့တာနဲ့ ကိုယ်ကလဲ ပေါ်ဆန်းမွှေးပဲစားလို့ အသစ်ဆိုရင်တောင် ဟောင်းသွားမှ စားမယ်ဆိုပြီး အသစ်ကို 55000 ဆို မဆိုးဘူးဆိုပြီး 5အိတ် ၀ယ်လိုက်တာ 5သောင်းခွဲနဲ့ ကားပေါ်မှာ ကလောင်ထိုးပြတာလဲ ပေါ်ဆန်းမွှေး

ကိုယ်ထားမယ့်နေရာမှာ ချပေးပြီးတော့ ထိုးပြတာလဲ ပေါ်ဆန်းမွှေးပဲ (သူတို့ လက်ထဲမှာ ပေါ်ဆန်းမွှေး ဆန်ကို ကိုင်ပြီး ကလောင် ထိုးပြသလိုလုပ်ပီး လိမ်တာ) သူတို့ ပြန်သွားပီး ဆန်အိတ်တွေ ကြည့်လိုက်တော့ ဆန်က ပုံထဲကအတိုင်းဖြစ်နေတာ ဆန်ကြမ်းတွေ တအိတ်မှ

ပေါ်ဆန်းမွှေးမဟုတ်တာ ကျမမှာ လိမ်ခံရလို့ ငိုလိုက်ရတာ အမော အဲ့ဆန်တွေလဲ မစားနိုင်ဘူး။အားရအောင် ငိုပြီး ကိုကို အိမ်ပြန်ရောက်တော့ သူ့ခေါ်ပီး ‌မေမြို့ထဲမှာ လိုက်ရှာမယ်ဆိုပီး လိုက်ရှာတာ ပြန်‌တွေ့တယ်။

အဲ့မှာ အဲ့မိန်းမတွေ အခြားနေရာမှာ လိုက်လိမ်နေတာ တွေ့တော့တာပဲ ကိုယ်လဲ ပွဲကြမ်းပီလေ အဲ့မှာ သူတို့က သူတို့ ဆန်တင်ထားတဲ့ ကားခေါ်ပီး ပြေးမလို့ သူတို့ ကြံသေးတယ်(အဲ့မှာ ကိုယ်ကလဲ ဘယ်ရမလဲ ကားကို ပုံရိုက်ပြီး အဲ့မိန်းမကို ပုံရိုက်ပီး မန်းလေး -ပြင်ဦးလွင်သွားတဲ့ ဂိတ်ကို

pH ဆက်တဲ့ပုံစံနဲ့ သူတို့ ကားနံပတ်မှတ်ထားတယ် ဒီကထွက်ပြေးတာနဲ့ ဖမ်းပေးဆိုပြီး ဟန်ဆောင် pHဆက်တော့ သူတို့ မပြေးရဲတော့ဘူး )အဲ့တာကို မှားချမိတာပါဆိုပြီး ထပ်လိမ်သေးတာ သမီးရယ် တံဆိတ်ပါတဲ့ အိတ်ပဲယူပါဆိုပြီး မျက်နှာပြောင်တိုက် လိမ်သေး

တကယ်က 5 အိတ်၀ယ်ဝာာ ပေါ်ဆန်းမွှေး တအိတ်မှ မပါဘူး။ကိုယ်လဲ မရတော့ဘူး အန်တီတို့ ထောင်ထဲ မရောက်ချင် သမီးငွေ ပြန်ပေးလိုက် အန်တီတို့ ဆန်အလကားပေးတောင်း ကျမ မရချင်တော့ဘူးလို့ အဲ့မှာသူတို့ ကြောက်ပီး ငွေပြန်ပေးတာ အဲ့လိုလိမ်ခံရတဲ့ သူတွေအရမ်းများနေပီ ပြောတယ် နောက်ထပ် အလိမ်မခံရဖို့ များများ share ပေးကြနော်။May Zin Htoo