ၾကားသိရသမွ်






နိုင်ငံတကာက စစ်ရာဇဝတ်မှု့ ဘယ်လောက်ပြောနေပါစေ အာဏာရှင် နှင့် လက်ပါးစေတွေဟာ ပြောလို့မရတဲ့ လူးစားမျိုးဆိုတာ ဒါသက်သေပဲလို့ ဒေသခံ





လစ်သူယေးနီးယားနိုင်ငံကတော့ ရုရှားဓာတ်ငွေ့ကို လုးံဝငြင်းပယ်သည့် ပထမဆုံးနိုင်ငံဖြစ်လာပြီးအီးယူ အတွက် နမူနာအဖြစ်ဖေါ်ပြလိုက်ပါတယ်…..





𝓣𝓱𝓮𝓽 𝓜𝓪𝓾𝓷𝓰

unicode

ရုရှားတပ်တွေ နောက်ပြန်အဆုတ် ယူကရိန်း တပ်မှအပေါ်စီးက ပြန်လည်ပစ်ခတ်(ရုပ်သံ)🚀

အပျက်အစီး ဆုးံရှုးံမှု့များကြားထဲမှ မြို့တစ်ချို့ ကိုထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ ရုရှား

ယူကရိန်းတပ်တွေက Kyiv မြို့နားက Bucha မြို့ကို ရုရှားတပ်တွေလက်ကနေ ပြန်လည်သိမ်းယူပြီးနောက် စနေနေ့က အရပ်သား လူ ၂၀ ထက်မနည်း အလောင်းတွေကို လမ်းတစ်လမ်းတည်းမှာ တင်သေဆုးံနေတာတွေ့ရှိခဲ့ပါတယ်……..

ဒေသခံတစ်ချို့၏ပြောပြချက်အရ ၎င်းရပ်ကွက်သည် လူလတ်တန်းစားရပ်ကွက်ဖြစ်ပြီး တိုက်ပွဲအတွင်း ထွက်ပြေးဖို့ ကြိုးစားရာမှ ရုရှားစစ်သားတွေက ပေးမထွက်ပဲ ပစ်သတ်ခဲ့တာလို့လည်း သိရပါတယ်……..

နိူင်ငံတကာက စစ်ရာဇဝတ်မှု့ ဘယ်လောက်ပြောနေပါစေ အာဏာရှင် နှင့် လက်ပါးစေတွေဟာ ပြောလို့မရတဲ့ လူးစားမျိုးဆိုတာ ဒါသက်သေပဲလို့ ဒေသခံ

တစ်ချို့ကဝေဖန်ထောက်ပြထားပါတယ်…….

ရုရှား၏ကျူးကျော်မှုကြောင့် လူပေါင်း (၁၀ )သန်းကျော်လည်း နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးကြရပါတယ်…….အများစုက အမျိုးသမီးများနှင့် ကလေးငယ်များ ဖြစ်ကြပါတယ်…..

တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေပြီး အချို့ဒေသများမှာတိုက်ခိုက်မှုများ လျော့နည်းလာသဖြင့် ယခုအခါ ဒေသခံတွေ ၎င်းတို့နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်…….

ရုရှားတင့်ကားအများစု ကိယက်ဗ်မြို့အပြင်ဘက်မှာ အများကြီးဖျက်ဆီးခံခဲ့ရတာကိုလည်းတွေ့နေရပါတယ်…….

လစ်သူယေးနီးယားနိူင်ငံကတော့ ရုရှားဓာတ်ငွေ့ကို လုးံဝငြင်းပယ်သည့် ပထမဆုံးနိုင်ငံဖြစ်လာပြီးအီးယူ အတွက် နမူနာအဖြစ်ဖေါ်ပြလိုက်ပါတယ်…..

ယခင် သမ္မတဟောင်း လက်ထက်က စွမ်းအင်နဲ့ ပတ်သတ်လို့ ရုရှားအပေါ်အပြည့်အဝ အားထားသည့်ပုံစံမျိုး မလုပ်ကြဖို့လည်း ထရန့်က တိုက်တွန်းခဲ့ပါသေးတယ်……..

ရုရှားက Donbas ဒေသကို မေလ ၉ ရက်နေ့အထိ အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့အမေရိကန် ထောက်လှမ်းရေး၏ သတင်းအရCNN က ဖော်ပြထားပါတယ်……..

လက်ရှိမှာတော့ ကီးယက်ဗ် မြို့ကိုထိုးစစ်ဆင်တာအရှိန်လျှော့ကျသွားပေမယ့် Mariupol မြို့ကတော့(၈၀%)လောက်ထိကို ပျက်စီး သွားခဲ့ပါပြီ………

ရုရှားကျောထောက်ခံပြုထားတဲ့ ယူကရိန်း ခွဲထွက်ရေးသူပုန် ချေချန်း တပ်ဖွဲ့တွေတည်ရှိတဲ့ ရုရှားနယ်စပ် မြို့တစ်ချို့ကတော့ နောက်တစ်လအတွင်း ထိန်းချုပ်ဖို့ တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ…

Video Player