အိမ္ေထာင္ဘက္ေ႐ြးတဲ့အခါ ေန႔နံ မသင့္လို႔ စိတ္ညစ္ေနသူမ်ားအတြက္ မွ်ေ၀ေပးလိုက္ပါတယ္
က်ေနာ္ ငယ္ငယ္တုန္းကတက္ခဲ့တဲ့ အလယ္တန္းေက်ာင္းရဲ႕ေဘးမွာ အစိုးရသစ္စက္ဝင္းႀကီးရွိတယ္။ သစ္စက္ဝင္းရဲ႕ အေနာက္ထဲမွာ ဝန္ထမ္းတန္းလ်ားႀကီးရွိတယ္။ အဲဒီဝန္ထမ္း တန္းလ်ားမွာ ေက်ာင္းက သူငယ္ခ်င္းေတြ ရွိၾကေတာ့ မၾကာခဏေရာက္ျဖစ္တယ္။
သစ္စက္ဝင္းဝင္ေပါက္က လူတကာ ေပးမဝင္ဘူး။ အဲဒီေတာ့ တန္းလ်ားထဲကို သြားခ်င္ရင္ ရထားလမ္းေဘး လူသြားလမ္းကေနသြားရတယ္။ ရထားလမ္းဆိုတဲ့အတိုင္း က်ဴးေက်ာ္တဲေတြ အမ်ားႀကီး ရွိသလို ဝက္ေတြလည္းျခံခတ္ၿပီး ေမြးထားၾကတယ္။
တရက္မွာ ကြၽန္ေတာ္လည္း သူငယ္ခ်င္းဆီအသြား လမ္းတဝက္မွာ ဝက္သိုးႀကီးတစ္ေကာင္ကို ဂါလီေပၚမွာ တင္လာတာ ေတြ႕ရတယ္။ ဂါလီဆိုတာ ဆိုက္ကားလိုပဲ။ဒါေပမယ့္ လူစီးဖို႔ မဟုတ္ဘူး။ ပစၥည္းတင္ဖို႔ပါ။
ဝက္ပိုင္ရွင္ကလည္း ဂါလီေဘးကေန လိုက္လာတယ္။ ရထားလမ္းေဘးက လူသြားလမ္းေလးကို ဂါလီႀကီး တြန္းဝင္လာေတာ့ လူေတြေတာင္ သြားရလာရ ခက္ကုန္တယ္။ ဂါလီေပၚက ဝက္သိုးကလည္း ၿငိမ္ၿငိမ္ မေနေတာ့ ဂါလီလည္း ယိမ္းထိုးေနတာပါပဲ။
ဝက္ၿခံတစ္ခု အေရွ႕ေရာက္ေတာ့ ဂါလီ ရပ္သြားတယ္။ အဲဒီၿခံထဲမွာက ဝက္မတစ္ေကာင္ ရွိေနတယ္။ လူေတြက ဝက္သိုးႀကီးကို မႏိုင္မနင္းဝိုင္းၿပီး မၾကတယ္။
ၿပီးေတာ့ ဝက္မၿခံထဲ ထည့္လိုက္တယ္။ အဲဒီလို ဝက္မဂၤလာေဆာင္ လုပ္ၿပီးေတာ့ ဝက္ကေလးေတြ ေမြးလာရင္ ဝက္သိုးပိုင္ရွင္လည္း အခ်ိဳးက် ေဝစုရတယ္ ဆိုပဲ။
ဟိုတေလာက အေမရိကားမွာေနတဲ့အစ္ကိုတစ္ေယာက္ ရန္ကုန္ျပန္ၿပီး ဇနီးေလာင္းရွာတယ္။ ထုံးစံအတိုင္း နီးရာနီးရာ စပ္ၾကဟပ္ၾကေပါ့။ ညီျဖစ္တဲ့ကြၽန္ေတာ့္ဆီကိုလည္း အကူအညီလွမ္းေတာင္းလို႔ ဝိုင္တီယူက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ညီမနဲ႔ေတာင္ ခ်ိတ္ေပးလိုက္ေသးတယ္။
ဓါတ္ပုံေတြ ကိုယ္ေရးအခ်က္အလက္ေတြ ေတာင္း၊ ဟိုဘက္ေရာ… ဒီဘက္ေရာ အီးေမးလ္ေတြ ပို႔ေပး… ၾကားထဲက ငထြားခါးနာရၿပီး အလုပ္ေတြေတာင္ မ်ားကုန္တယ္။ အားလုံး အိုေခၿပီဆိုေတာ့ ကိုယ္ေတာ္က ရန္ကုန္ဆင္းၿပီး လာၾကည့္တယ္။ သူလည္း သေဘာက်တယ္တဲ့။
ဒါေပမယ့္ ဆင္ေျပာင္ႀကီး အၿမီးက်မွ တစ္ပါေလေရာ။အေမရိကားမွာေနတဲ့ သူ႔အဖိုးက ကန႔္ကြယ္တယ္တဲ့။ မိန္းခေလးက ေခြးႏွစ္ဖြားျဖစ္လို႔ မႀကိဳက္ဘူးတဲ့။ အဖိုးႀကီးရဲ႕ ေခြၽးမတစ္ေယာက္လည္း ေခြးႏွစ္ဖြားပဲ။
အဲဒီေခြၽးမက ရန္လိုၿပီး ေဟာင္ဖြာဖြာလုပ္တတ္လို႔ ေခြးႏွစ္ဖြား မယူရဘူးဆိုၿပီး ဖုန္းဆက္တားပါေလေရာ။ အဲဒါနဲ႔ အဲဒီ ဇာတ္လမ္းေလး ပလုံသြားတယ္။ အဲဒီ ဇာတ္လမ္း ပလုံသြားေတာ့… ေနာက္ထပ္ ဇာတ္လမ္းတစ္ခုကို အမ်ိဳးေတြက စီစဥ္ေပးၾကတယ္။ရန္ကုန္က ဟိုတယ္ပိုင္ရွင္တစ္ေယာက္ရဲ႕ သမီးနဲ႔ ခ်ိတ္ေပးတယ္။
ဟိုတယ္ကိုသြား၊ ညစာေတြစား၊ စကားေတြ ေျပာ၊ အိုေခ စိုေျပလို႔။ မိန္းခေလးကလည္း ေခ်ာပါတယ္။ ပညာတတ္လည္း ျဖစ္တယ္။ ထုံးစံအတိုင္း ဘုံေက်ာင္းမွာ စာသြားခ်ေတာ့ အဲဒီတစ္ေယာက္ကို ယူရင္ မိသားစုထဲက အသက္ႀကီးႀကီး ေျခႏွစ္ေခ်ာင္း ထြက္ပါမယ္ဆိုလို႔ တပ္ေခါက္သြားရတယ္။
အသက္ ၈၀ ေက်ာ္ သူ႔အဖိုးေသမွာစိုးလို႔ မယူရဲေတာ့ဘူးတဲ့။ ဒီမိန္းခေလးကိုမယူပဲ တျခားတစ္ေယာက္နဲ႔ ယူလည္း အသက္ႀကီးႀကီး ေျခႏွစ္ေခ်ာင္းက ထြက္ခ်ိန္တန္ရင္ ထြက္မွာပဲေလ။ ဘာေတြ အယူသီးေနၾကလည္း မသိဘူး
ကြၽန္ေတာ္ ရန္ကုန္ကို ေဖေဖာ္ဝါရီလ ျပန္တုန္းက အိမ္မွာလည္း မာမားနဲ႔ စကားစပ္မိရင္း “ဓမၼာ
ေသာက အင္းဝ ရာဇာ” အေၾကာင္း ျငင္းၾကေသးတယ္။ အိမ္ေထာင္ဘက္ မျဖစ္ရဘူးဆိုတဲ့ ေမြးရက္ေတြ အေၾကာင္းေပါ့။
ကြၽန္ေတာ္က အယုံအၾကည္ မရွိေၾကာင္း အဆိုတင္သြင္းေတာ့ မာမားက… သိပ္သေဘာက်ပုံ မရဘူး။ ေရွးထုံးလည္း မပယ္နဲ႔ ေဈးသုံးလည္း မလြယ္နဲ႔ဆိုၿပီး ေျပာေနေသးတယ္။ကြၽန္ေတာ္လည္း ခ်က္က်လက္က် ေျဖရွင္းခ်က္ မထုတ္ႏိုင္ေသးေတာ့
ဆက္ျငင္းမေနေတာ့ဘူး။ ရန္ကုန္မွာရွိတုန္းက လမ္းမေတာ္ဘက္ကို ေရာက္သြားရင္း သရက္ေတာ ေက်ာင္းတိုက္ဘက္ သြားလိုက္တယ္။ အဲဒီ ေက်ာင္းေတြမွာ ေဒါက္တာဘြဲ႕ရ ဆရာေတာ္တစ္ပါး သီတင္းသုံးေနပါတယ္။
ဆရာေတာ္က အျပည္ျပည္ဆိုင္ရာေထရဝါဒ ဗုဒၶသာသနာျပဳတကၠသိုလ္မွာ ပါေမာကၡ၊ ဌာနမႉးပါ။ အဲဒီတကၠသိုလ္က မရမ္းကုန္း စြယ္ေတာ္ဘုရားနားမွာ ရွိပါတယ္။ ဆရာေတာ္ကို ဦးခ် ကန႔္ေတာ့ၿပီး စိတ္ထဲမွာ က်လိက်လိ ျဖစ္ေနတဲ့ ဓမၼာေသာက အင္းဝရာဇာ အေၾကာင္းကို ေမးေလွ်ာက္လိုက္တယ္။
ေထရဝါဒဗုဒၶဘာသာမွာ အိမ္ေထာင္ဘက္ကို ဘယ္လို ေ႐ြးရမလဲေပါ့။ ဆရာေတာ္က မိန႔္ေတာ္မူတယ္။ အိမ္ေထာင္ဘက္၊ ပါရမီျဖည့္ဘက္ ဆိုတာ အေတာ္ကို အေရးႀကီးတဲ့ ကိစၥတစ္ခုပါ… ဒါေပမယ့္ ဓမၼာေသာက အင္းဝရာဇာ ဆိုတာ ေထရဝါဒဗုဒၶဘာသာမွာ မပါပါဘူးတဲ့။
ပါရမီျဖည့္ဘက္နဲ႔ပတ္သက္ၿပီး ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီး ေဟာေတာ္မူခဲ့တာက… သမၼာသတၱ၊ သမၼာစိတၱ၊ သမၼာသီလ ဆိုၿပီး အေၾကာင္းအရာ ၃ မ်ိဳးနဲ႔ ျပည့္စုံရမယ္တဲ့။
သမၼာသတၱ… တူညီေသာ ယုံၾကည္မႈ ရွိရမယ္။ သမၼာစိတၱ… တူညီေသာ စိတ္ႏွလုံး ရွိရမယ္။ သမၼာသီလ… တူညီေသာ အက်င့္ျဖဴစင္မႈ ရွိရမယ္။ အဲဒီ ၃ မ်ိဳး တူညီျပည့္စုံရင္ ပါရမီျဖည့္ဘက္ ျဖစ္ၿပီတဲ့။
ေလာကမွာ လင္မယား ၄ မ်ိဳး ရွိတယ္ ဆိုတာကိုလည္း ဆရာေတာ္က ေဟာေသးတယ္
နတ္သားနဲ႔တူေသာ လင္ လူေသနဲ႔တူေသာ မယား၊ လူေသနဲ႔တူေသာ လင္ နတ္သမီးနဲ႔တူေသာ မယား၊ လူေသနဲ႔တူေသာ လင္ လူေသနဲ႔တူေသာ မယား၊ နတ္သားနဲ႔တူေသာ လင္ နတ္သမီးနဲ႔တူေသာ မယား။
နတ္သားနဲ႔တူေသာ လင္ဆိုတာ လင့္ဝတၱရားေတြ ေက်ပြန္ၿပီး မယားအေပၚမွာ ေစာင့္ေရွာက္ ေဖးမ ၾကင္နာတဲ့ ေယာက်ာ္းကို ဆိုလိုတာပါ။ နတ္သမီးနဲ႔တူေသာ မယားဆိုတာ မယားဝတၱရားေတြ ေက်ပြန္ၿပီး ခင္ပြန္းအေပၚမွာ ခ်စ္ခင္ၾကင္နာ ျဖည့္ဆည္းေပးတဲ့မိန္းမကို ဆိုလိုတာပါ။
လူေသဆိုတာကေတာ့ လူေသေကာင္လိုပဲ ခ်စ္ခင္ၾကင္နာမႈေတြမရွိ၊ ဘာတစ္ခုမွမလုပ္ခ်င္ မကိုင္ခ်င္၊ အပ်င္းေတြတစ္ၿပီး ဝတၱရားေတြ လစ္ဟင္းေနတာမ်ိဳးပါ။
ဒါေၾကာင့္ လူေသ လင္မယားမ်ိဳး မျဖစ္ေစပဲ နတ္သား နတ္သမီး လင္မယားမ်ိဳး ျဖစ္ေအာင္ က်င့္ႀကံေနထိုင္ အားထုတ္ရင္လည္း အိမ္ေထာင္ဘက္ေကာင္းေတြ ျဖစ္ၾကမွာပါပဲတဲ့ ။ဆရာေတာ္ ေဟာျပလိုက္ေတာ့လည္း အိမ္ေထာင္ဘက္ ေ႐ြးတဲ့ကိစၥ ရွင္းသြားတာပဲ။
မႈန္ဝါးဝါး ျမင္ကြင္းေတြ ၾကည္လင္သြားတယ္။ မာတာမိခင္ကို ေျပလည္ေခ်ပလမ္းျပဖို႔ စကားအႏွစ္ေတြ ရလိုက္တယ္။ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္မွာ အဲဒီ “ဓမၼာ ေသာက အင္းဝ ရာဇာ”… အယူက ကြၽန္ေတာ့္ဘဝမွာ သပြတ္အူလို လာရႈပ္ေနႏိုင္တယ္။
ေန႔မတည့္ နံမတည့္ ဆိုတာႀကီးေၾကာင့္ ခ်စ္ရဲ႕နဲ႔ ေဝးခဲ့ရတဲ့ ခ်စ္သူေတြဘယ္ေလာက္မ်ား ရွိကုန္ၿပီလဲ။ တခ်ိဳ႕အယူအဆေတြဟာ ေသေသခ်ာခ်ာ ဂဃနဏ မသိပဲ ေလသံၾကား ဖမ္းတရားနာ ေနၾကတာပါ။
အဲဒီေတာ့ ေဘးထြက္ဆိုးက်ိဳးေတြကိုခံရတာေပါ့။ ကြၽန္ေတာ့္အလွည့္မွာေတာ့ အဲဒါေၾကာင့္ ေဝးရတယ္ဆိုတာမ်ိဳး လုံး၀ အျဖစ္မခံႏိုင္ပါဘူး။
ဒါေၾကာင့္ အခုကတည္းက ေသခ်ာရွင္းလင္းေအာင္ ေမးျမန္းထားတာ ေပါ့ကြယ္။ ေလာေလာဆယ္ေတာ့ အေမရိကားကအစ္ကို ျမန္မာျပည္ျပန္ၿပီး မိန္းမရွာေနရတာကိုျမင္ေတာ့ ကြၽန္ေတာ့္ မ်က္စိထဲမွာ ဝက္သိုးႀကီးကို ပိုေတာ္တယ္လို႔ ျမင္မိလာတယ္။
အစ္ကိုခင္မ်ာ ဝက္ပ်ိဳမေတြရွိတဲ့ ၿခံေတြကို ဂါလီႀကီးစီးၿပီး သြားေနရေပမယ့္ ရည္မွန္းခ်က္ မေရာက္ရွာဘူး။ ငယ္ငယ္တုန္းက ျမင္ခဲ့တဲ့ဝက္သိုးႀကီးနဲ႔ ယွဥ္လိုက္ရင္ သူက ညံ့ေနသလားပဲဗ်ာ။ အေျဖက ရွင္းရွင္းေလးပါ။ ဝက္ေတြက အယူမသီးဘူးေလ…။
credit to Ko Myo Thu#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ျပန္လည္မ်ွေ၀ျခင္း ျဖစ္ပါသည္။
Unicode

အိမ်ထောင်ဘက်ရွေးတဲ့အခါ နေ့နံ မသင့်လို့ စိတ်ညစ်နေသူများအတွက် မျှဝေပေးလိုက်ပါတယ်
ကျနော် ငယ်ငယ်တုန်းကတက်ခဲ့တဲ့ အလယ်တန်းကျောင်းရဲ့ဘေးမှာ အစိုးရသစ်စက်ဝင်းကြီးရှိတယ်။ သစ်စက်ဝင်းရဲ့ အနောက်ထဲမှာ ဝန်ထမ်းတန်းလျားကြီးရှိတယ်။ အဲဒီဝန်ထမ်း တန်းလျားမှာ ကျောင်းက သူငယ်ချင်းတွေ ရှိကြတော့ မကြာခဏရောက်ဖြစ်တယ်။
သစ်စက်ဝင်းဝင်ပေါက်က လူတကာ ပေးမဝင်ဘူး။ အဲဒီတော့ တန်းလျားထဲကို သွားချင်ရင် ရထားလမ်းဘေး လူသွားလမ်းကနေသွားရတယ်။ ရထားလမ်းဆိုတဲ့အတိုင်း ကျူးကျော်တဲတွေ အများကြီး ရှိသလို ဝက်တွေလည်းခြံခတ်ပြီး မွေးထားကြတယ်။
တရက်မှာ ကျွန်တော်လည်း သူငယ်ချင်းဆီအသွား လမ်းတဝက်မှာ ဝက်သိုးကြီးတစ်ကောင်ကို ဂါလီပေါ်မှာ တင်လာတာ တွေ့ရတယ်။ ဂါလီဆိုတာ ဆိုက်ကားလိုပဲ။ဒါပေမယ့် လူစီးဖို့ မဟုတ်ဘူး။ ပစ္စည်းတင်ဖို့ပါ။
ဝက်ပိုင်ရှင်ကလည်း ဂါလီဘေးကနေ လိုက်လာတယ်။ ရထားလမ်းဘေးက လူသွားလမ်းလေးကို ဂါလီကြီး တွန်းဝင်လာတော့ လူတွေတောင် သွားရလာရ ခက်ကုန်တယ်။ ဂါလီပေါ်က ဝက်သိုးကလည်း ငြိမ်ငြိမ် မနေတော့ ဂါလီလည်း ယိမ်းထိုးနေတာပါပဲ။
ဝက်ခြံတစ်ခု အရှေ့ရောက်တော့ ဂါလီ ရပ်သွားတယ်။ အဲဒီခြံထဲမှာက ဝက်မတစ်ကောင် ရှိနေတယ်။ လူတွေက ဝက်သိုးကြီးကို မနိုင်မနင်းဝိုင်းပြီး မကြတယ်။
ပြီးတော့ ဝက်မခြံထဲ ထည့်လိုက်တယ်။ အဲဒီလို ဝက်မင်္ဂလာဆောင် လုပ်ပြီးတော့ ဝက်ကလေးတွေ မွေးလာရင် ဝက်သိုးပိုင်ရှင်လည်း အချိုးကျ ဝေစုရတယ် ဆိုပဲ။
ဟိုတလောက အမေရိကားမှာနေတဲ့အစ်ကိုတစ်ယောက် ရန်ကုန်ပြန်ပြီး ဇနီးလောင်းရှာတယ်။ ထုံးစံအတိုင်း နီးရာနီးရာ စပ်ကြဟပ်ကြပေါ့။ ညီဖြစ်တဲ့ကျွန်တော့်ဆီကိုလည်း အကူအညီလှမ်းတောင်းလို့ ဝိုင်တီယူက သူငယ်ချင်းတစ်ယောက်ရဲ့ ညီမနဲ့တောင် ချိတ်ပေးလိုက်သေးတယ်။
ဓါတ်ပုံတွေ ကိုယ်ရေးအချက်အလက်တွေ တောင်း၊ ဟိုဘက်ရော… ဒီဘက်ရော အီးမေးလ်တွေ ပို့ပေး… ကြားထဲက ငထွားခါးနာရပြီး အလုပ်တွေတောင် များကုန်တယ်။ အားလုံး အိုခေပြီဆိုတော့ ကိုယ်တော်က ရန်ကုန်ဆင်းပြီး လာကြည့်တယ်။ သူလည်း သဘောကျတယ်တဲ့။
ဒါပေမယ့် ဆင်ပြောင်ကြီး အမြီးကျမှ တစ်ပါလေရော။အမေရိကားမှာနေတဲ့ သူ့အဖိုးက ကန့်ကွယ်တယ်တဲ့။ မိန်းခလေးက ခွေးနှစ်ဖွားဖြစ်လို့ မကြိုက်ဘူးတဲ့။ အဖိုးကြီးရဲ့ ချွေးမတစ်ယောက်လည်း ခွေးနှစ်ဖွားပဲ။
အဲဒီချွေးမက ရန်လိုပြီး ဟောင်ဖွာဖွာလုပ်တတ်လို့ ခွေးနှစ်ဖွား မယူရဘူးဆိုပြီး ဖုန်းဆက်တားပါလေရော။ အဲဒါနဲ့ အဲဒီ ဇာတ်လမ်းလေး ပလုံသွားတယ်။ အဲဒီ ဇာတ်လမ်း ပလုံသွားတော့… နောက်ထပ် ဇာတ်လမ်းတစ်ခုကို အမျိုးတွေက စီစဉ်ပေးကြတယ်။ရန်ကုန်က ဟိုတယ်ပိုင်ရှင်တစ်ယောက်ရဲ့ သမီးနဲ့ ချိတ်ပေးတယ်။
ဟိုတယ်ကိုသွား၊ ညစာတွေစား၊ စကားတွေ ပြော၊ အိုခေ စိုပြေလို့။ မိန်းခလေးကလည်း ချောပါတယ်။ ပညာတတ်လည်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘုံကျောင်းမှာ စာသွားချတော့ အဲဒီတစ်ယောက်ကို ယူရင် မိသားစုထဲက အသက်ကြီးကြီး ခြေနှစ်ချောင်း ထွက်ပါမယ်ဆိုလို့ တပ်ခေါက်သွားရတယ်။
အသက် ၈၀ ကျော် သူ့အဖိုးသေမှာစိုးလို့ မယူရဲတော့ဘူးတဲ့။ ဒီမိန်းခလေးကိုမယူပဲ တခြားတစ်ယောက်နဲ့ ယူလည်း အသက်ကြီးကြီး ခြေနှစ်ချောင်းက ထွက်ချိန်တန်ရင် ထွက်မှာပဲလေ။ ဘာတွေ အယူသီးနေကြလည်း မသိဘူး
ကျွန်တော် ရန်ကုန်ကို ဖေဖော်ဝါရီလ ပြန်တုန်းက အိမ်မှာလည်း မာမားနဲ့ စကားစပ်မိရင်း “ဓမ္မာ
သောက အင်းဝ ရာဇာ” အကြောင်း ငြင်းကြသေးတယ်။ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေ အကြောင်းပေါ့။
ကျွန်တော်က အယုံအကြည် မရှိကြောင်း အဆိုတင်သွင်းတော့ မာမားက… သိပ်သဘောကျပုံ မရဘူး။ ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့ဆိုပြီး ပြောနေသေးတယ်။ကျွန်တော်လည်း ချက်ကျလက်ကျ ဖြေရှင်းချက် မထုတ်နိုင်သေးတော့
ဆက်ငြင်းမနေတော့ဘူး။ ရန်ကုန်မှာရှိတုန်းက လမ်းမတော်ဘက်ကို ရောက်သွားရင်း သရက်တော ကျောင်းတိုက်ဘက် သွားလိုက်တယ်။ အဲဒီ ကျောင်းတွေမှာ ဒေါက်တာဘွဲ့ရ ဆရာတော်တစ်ပါး သီတင်းသုံးနေပါတယ်။
ဆရာတော်က အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်မှာ ပါမောက္ခ၊ ဌာနမှူးပါ။ အဲဒီတက္ကသိုလ်က မရမ်းကုန်း စွယ်တော်ဘုရားနားမှာ ရှိပါတယ်။ ဆရာတော်ကို ဦးချ ကန့်တော့ပြီး စိတ်ထဲမှာ ကျလိကျလိ ဖြစ်နေတဲ့ ဓမ္မာသောက အင်းဝရာဇာ အကြောင်းကို မေးလျှောက်လိုက်တယ်။
ထေရဝါဒဗုဒ္ဓဘာသာမှာ အိမ်ထောင်ဘက်ကို ဘယ်လို ရွေးရမလဲပေါ့။ ဆရာတော်က မိန့်တော်မူတယ်။ အိမ်ထောင်ဘက်၊ ပါရမီဖြည့်ဘက် ဆိုတာ အတော်ကို အရေးကြီးတဲ့ ကိစ္စတစ်ခုပါ… ဒါပေမယ့် ဓမ္မာသောက အင်းဝရာဇာ ဆိုတာ ထေရဝါဒဗုဒ္ဓဘာသာမှာ မပါပါဘူးတဲ့။
ပါရမီဖြည့်ဘက်နဲ့ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက… သမ္မာသတ္တ၊ သမ္မာစိတ္တ၊ သမ္မာသီလ ဆိုပြီး အကြောင်းအရာ ၃ မျိုးနဲ့ ပြည့်စုံရမယ်တဲ့။
သမ္မာသတ္တ… တူညီသော ယုံကြည်မှု ရှိရမယ်။ သမ္မာစိတ္တ… တူညီသော စိတ်နှလုံး ရှိရမယ်။ သမ္မာသီလ… တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်။ အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။
လောကမှာ လင်မယား ၄ မျိုး ရှိတယ် ဆိုတာကိုလည်း ဆရာတော်က ဟောသေးတယ်
နတ်သားနဲ့တူသော လင် လူသေနဲ့တူသော မယား၊ လူသေနဲ့တူသော လင် နတ်သမီးနဲ့တူသော မယား၊ လူသေနဲ့တူသော လင် လူသေနဲ့တူသော မယား၊ နတ်သားနဲ့တူသော လင် နတ်သမီးနဲ့တူသော မယား။
နတ်သားနဲ့တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။ နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင်ကြင်နာ ဖြည့်ဆည်းပေးတဲ့မိန်းမကို ဆိုလိုတာပါ။
လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင်ကြင်နာမှုတွေမရှိ၊ ဘာတစ်ခုမှမလုပ်ချင် မကိုင်ချင်၊ အပျင်းတွေတစ်ပြီး ဝတ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။
ဒါကြောင့် လူသေ လင်မယားမျိုး မဖြစ်စေပဲ နတ်သား နတ်သမီး လင်မယားမျိုး ဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲတဲ့ ။ဆရာတော် ဟောပြလိုက်တော့လည်း အိမ်ထောင်ဘက် ရွေးတဲ့ကိစ္စ ရှင်းသွားတာပဲ။
မှုန်ဝါးဝါး မြင်ကွင်းတွေ ကြည်လင်သွားတယ်။ မာတာမိခင်ကို ပြေလည်ချေပလမ်းပြဖို့ စကားအနှစ်တွေ ရလိုက်တယ်။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ အဲဒီ “ဓမ္မာ သောက အင်းဝ ရာဇာ”… အယူက ကျွန်တော့်ဘဝမှာ သပွတ်အူလို လာရှုပ်နေနိုင်တယ်။
နေ့မတည့် နံမတည့် ဆိုတာကြီးကြောင့် ချစ်ရဲ့နဲ့ ဝေးခဲ့ရတဲ့ ချစ်သူတွေဘယ်လောက်များ ရှိကုန်ပြီလဲ။ တချို့အယူအဆတွေဟာ သေသေချာချာ ဂဃနဏ မသိပဲ လေသံကြား ဖမ်းတရားနာ နေကြတာပါ။
အဲဒီတော့ ဘေးထွက်ဆိုးကျိုးတွေကိုခံရတာပေါ့။ ကျွန်တော့်အလှည့်မှာတော့ အဲဒါကြောင့် ဝေးရတယ်ဆိုတာမျိုး လုံး၀ အဖြစ်မခံနိုင်ပါဘူး။
ဒါကြောင့် အခုကတည်းက သေချာရှင်းလင်းအောင် မေးမြန်းထားတာ ပေါ့ကွယ်။ လောလောဆယ်တော့ အမေရိကားကအစ်ကို မြန်မာပြည်ပြန်ပြီး မိန်းမရှာနေရတာကိုမြင်တော့ ကျွန်တော့် မျက်စိထဲမှာ ဝက်သိုးကြီးကို ပိုတော်တယ်လို့ မြင်မိလာတယ်။
အစ်ကိုခင်မျာ ဝက်ပျိုမတွေရှိတဲ့ ခြံတွေကို ဂါလီကြီးစီးပြီး သွားနေရပေမယ့် ရည်မှန်းချက် မရောက်ရှာဘူး။ ငယ်ငယ်တုန်းက မြင်ခဲ့တဲ့ဝက်သိုးကြီးနဲ့ ယှဉ်လိုက်ရင် သူက ညံ့နေသလားပဲဗျာ။ အဖြေက ရှင်းရှင်းလေးပါ။ ဝက်တွေက အယူမသီးဘူးလေ…။
credit to Ko Myo Thu#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။



