ၾကားသိရသမွ်
Zawgyi
Unicode
နိုင်ငံခြားမှာ အလုပ်ကြိုးစားလုပ်ပြီး အိမ်အတွက် ဝင်ငွေတွေပို့ပေး ထောက်ပံ့ပေးခဲ့ပေမယ့်လည်း ပိုက်ဆံပြန်မပို့ပေးနိုင်သည့်အခါ ..See more. ..
ဗီယက်နမ်နိုင်ငံမှ မိန်းကလေးတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက်နှင့် ညီမလေးဖြစ်သူရဲ့ ပညာသင်စရိတ်အား ထောက်ပံ့ပေးရန် နိုင်ငံခြားမှာ စွန့်စွန့်စားစား သွားရောက်ပြီးတော့ အလုပ်ပင်ပင်ပန်းပန်းလုပ်ခဲ့သည်။
မိန်းကလေးသည် သူမရသမျှ လစာအားလုံးကို မိသားစု မောင်နှမတွေအတွက် ထောက်ပံ့ပေးခဲ့သော်လည်း တက္ကသိုလ်တက်နေသော ညီမတစ်ယောက်မှာ အလိုက်မသိပဲ ပိုက်ဆံဖြုန်းလွန်းအားကြီးခဲ့သည်။
မိန်းကလေးသည် အစ်မတစ်ယောက်အနေနှင့် တာဝန်ကျေပွန်ခဲ့ပေမယ့် ညီမဖြစ်သူကတော့ စာမကြိုးစားပဲ ဈေးကြီးတန် အဝတ်အစားများစွာ ဝယ်ယူကာ
အပြင်မှာ သူငယ်ချင်းတွေနှင့် ဘားမှာသွားကဲပြီး ကုန်ကျသမျှကို အစ်မဖြစ်သူက လိုက်ရှင်းပေးခဲ့ရသည်။
ထို့အပြင် ညီမဖြစ်သူသည် မိန်းကလေးရဲ့ ကိုယ်ရေးကိုယ်တာအတွက် စုဆောင်းငွေကဒ်ကိုလည်း မသိအောင်ခိုးယူပြီး သုံးစွဲခဲ့၍
မိဘနှစ်ပါးအား သူမအလုပ်ကလည်း အရင်လိုအဆင်မပြေတော့တာကြောင့် ပိုက်ဆံမထည့်ပေးနိုင်တော့ကြောင်းနှင့် ညီမလေးအား ကိုယ့်ကိုအချိန်ပိုင်း အလုပ်ရှာပြီး ကျောင်းတက်ရန် အသိပေးပြောဆိုခဲ့သည်။
သို့ပေမယ့် မိဘနှစ်ပါးသည် သူမအား အဝေးမှာတစ်ယောက်တည်း အဆင်ပြေရဲ့လားဆိုပြီး စိတ်ပူမည့်အစား ပိုက်ဆံမပို့ပေးနိုင်တာကို သိရှိပြီး ဆူပူကြိမ်းမောင်းပြီးတော့ အဆက်အသွယ်ဖြတ်ခဲ့သည်။crd