ၾကားသိရသမွ်

မြောင်မြို့နယ်တွင် ပုံသဏ္ဍာန် ထူးခြားလှသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိ

ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာအနောက်ဘက် ဧရာဝတီမြစ်ဆိပ်ကမ်းအနီးတွင် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားလှသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများကို ဒေသခံတစ်ဦးမှ တွေ့ရှိခဲ့သည်ဟု သိရပါတယ်။

ရွှေသားချည်းသက်သက်ဖြင့် အနုလက်ရာပြောင်မြောက်စွာ ပြုလုပ်ထားသော ၎င်းရွှေထည်ပစ္စည်းများတွင် ရွှေနားဒေါင်းများ ရွှေဆွဲပြားများအပါအဝင် အခြားအမျိုးအမည် မခန့်မှန်းနိုင်သေးသော ရွှေထည်ပစ္စည်းများလည်း ပါဝင်ပြီး ပျူခေတ်လက်ရာများ

ဖြစ်နိုင်သည် ဟု (အကြမ်းမျဉ်း) ခန့်မှန်းထားကြပါသည်။ ရှေးဟောင်းယဉ်ကျေးမှု အနုလက်ရာ ရွှေထည်ပစ္စည်းများတွေ့ရှိရသည့် ကျောင်းဖြူရွာသည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ ဒေသတွင် တည်ရှိပြီး ယောအတွင်းဝန်ဦးဖိုးလှိုင်၏ ဇာတိရွာဖြစ်သော

ရွာပုလဲရွာအနီးတွင် တည်ရှိသည့် ရွာတစ်ရွာဖြစ်သည်။ မြောင်မြို့သည် အထက်မြန်မာပြည် စစ်ကိုင်းခရိုင်၏ အနောက်ဖက်ပိုင်းတွင် ရှိ၍ မြင်းမူမြို့၏ အနောက်တောင်ဖက် ၁၄ မိုင်အကွာ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီနှင့်

ချင်းတွင်းမြစ်တို့ဆုံရာ ထောင့်ချိုးတွင် ဧရာဝတီမြစ်၏လကျာ်ဖက်ကမ်းပေါ်၌ တည်ရှိသည်။ မြောင်မြို့နယ်၏ ရုံးစိုက်ရာ မြို့ဖြစ်သည်။ မြောင်မြို့နယ်သည် ၁၇၉ စတုရန်းမိုင် ကျယ်ဝန်းသည် ။ ချောင်းဦး မရိုးကုန်း ပေတရာ လမ်းမကြီးသည် ထိုမြို့ကိုဖြတ်သွားသည်။

မြို့အတွင်းသို့ မြစ်ရေမဝင်နိုင်ရန် မြောက်အင်းမကြီးတွင် ရေကာတာကြီးတစ်ခုကို ပြုလုပ်ထားသည်။ မြင်းခြံ-မန္တလေးသွား သင်္ဘောများသည် ထိုမြို့တွင် အစုန်အဆန် ဆိုက်ကပ်ကြသည်။ မြောင်မြို့၏ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇၇၉၅ ယောက်

ဖြစ်၏။ (၁) မြို့ပေါ်တွင် မြို့ပိုင်ရုံး၊ ရဲဌာနာ၊ဆေးရုံ၊ အစိုးရအထက်တန်းကျောင်း စသည့် အစိုးရ အဆောက်အအုံ များလည်း ရှိသည်။ မြောင်မြို့သည် မြန်မာမင်းများ လက်ထက်က မြင်းခေါင်းတစ်ဦး အုပ်ချုပ်ရသော နယ်ဖြစ်၍၊ ထိုစဉ်က ရွှေဘိုမြို့ဝန်၏

လက်အောက်ခံ ဖြစ်ခဲ့၏။ နောင်အခါ အာလာကပ္ပ မြို့ဝန်၏ လက်အောက်ခံဖြစ်ခဲ့သည်။ မြောင်မြို့နှင့်တကွ အနီးအပါး တစ်ဝိုက်ကို ရှေးအခါက ပေါင်းမြောင်းတိုက်ဟု ခေါ်တွင်ခဲ့၍၊ ပုဂံပြည့်ရှင် ဘုရင်နရပတိစည်သူက တည်ထောင်ခဲ့သည်ဟု ဆိုလေသည်။

Credit