ၾကားသိရသမွ်

မႏၲေလးတိုင္း ႏြားထိုးႀကီးနယ္တြင္ ျဖစ္သြားတာပါ SeeMore….

Zawgyi

မႏၲေလးတိုင္း ႏြားထိုးႀကီးနယ္တြင္ ျဖစ္သြားတာပါ SeeMore….

​ေအာင္​ေဇယ်/People’s Spring

မႏၲေလးတိုင္း၊ ႏြားထိုးႀကီးၿမိဳ့နယ္ ဆူးျဖဴကုန္းေက်းရြာတြင္ လင္မယားခ်င္းစကားမ်ားရာ ဇနီးက အၾကမ္းဖက္စစ္တပ္သြားတိုင္၍ စစ္ေကာင္စီတ​ပ္က ခင္ပန္းျဖစ္သူအား ဖမ္းဆီးသ.တ္ျဖ.တ္ခဲ့ေၾကာင္း ေဒသခံမ်ားက ေျေျပာသည္

ႏြားထိုးႀကီးၿမိဳ့နယ္ ဆူးျဖဴကုန္းရြာသား (၂၈)ႏွစ္အရြယ္ ေမာင္ေက်ာ္သူသည္ ေယာကၡမပိုင္ေထာ္လာဂ်ီ ေမာင္းႏွင္ၿပီး ယာဥ္ေမာင္းအလုပ္လုပ္ကိုင္သူတစ္ဦးျဖစ္ေၾကာင္း၊ ဧၿပီ၁ရက္ နံနက္ပိုင္းက ၎တို့ လင္မယားခ်င္း စိတ္အခန္႔မသင့္၍ စကားမ်ားခဲ့ကာ မိန္းမျဖစ္သူမွ ရပ္ရြာအုပ္ခ်ဳပ္ေနသူမ်ားအား သြားေရာက္တိုင္ၾကားခဲ့ၿပီး

ေန႔လယ္၁နာရီခန္႔တြင္ ဆူးျဖဴကုန္းရြာ စာသင္ေက်ာင္းတြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္သားမ်ား၏ ဖမ္းဆီးျခင္းကို ခံခဲ့ရေၾကာင္း ျမင္းၿခံလူထုလွုပ္ရွားမွုေကာ္မတီက သတင္းထုတ္ျပန္သည္။ထို့အျပင္ ညေန၄ နာရီခန္႔တြင္ ေမာင္ေက်ာ္သူအား ရြာလယ္ကန္ေပါင္ေပၚတြင္ သတိလစ္ေမ့ေျမာလဲက်ေန သည္ကို ေတြ႕ရွိရၿပီး

ည၈နာရီေက်ာ္တြင္ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎၏နာေရးအား ယမန္ေန႔ ဧၿပီ၃ရက္ ညေန၃နာရီတြင္ ျပဳလုပ္ၿပီးစီးခဲ့ေၾကာင္း ျမင္းၿခံလူထုလွုပ္ရွားမွုေကာ္မတီက ထုတ္ျပန္သည္။”ေမာင္ေက်ာ္သူကို ရြာသားေတြကေတြ႕ၿပီး ေရေလာင္းႏွိုးခ်ိန္မွာ သတိရခဲ့ေပမဲ့ မလွုပ္ရွားနိုင္ေတာ့ဘဲ အိမ္ကိုပို့ေပးၿပီး ညပိုင္းမွာဆုံးသြားတာပါ။”ဟု ေဒသခံတစ္ဦးက ေျပာသည္။

ဆူးျဖဴကုန္းေက်းရြာရွိ အၾကမ္းဖက္စစ္တပ္သည္ ၿပီးခဲ့သည့္ မတ္လကုန္ပိုင္းကလည္း ႏြားထိုးႀကီးၿမိဳ့နယ္ ကန္ႀကီးေက်းရြာ(အုပ္စု) ကန္ႀကီးေက်းရြာမွ CDM ေက်ာင္း ဆရာတစ္ဦးအား ဖမ္းဆီးခဲ့ၿပီးေနာက္ ရိုက္ႏွက္ႏွိပ္စက္မွုမ်ား ျပဳလုပ္ခဲ့ေၾကာင္း၊ ေက်ာင္းဆရာသည္ ရရွိထားေသာဒဏ္ရာမ်ားေၾကာင့္ အေရးေပၚေဆးကုသမွုခံယူေနရေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ဇန္နဝါရီ၁ရက္မွ ယေန႔အထိ ၃လေက်ာ္ကာလအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္၏ ဥပေဒမဲ့သတ္ျဖတ္မွုေၾကာင့္ ျမင္းၿခံခရိုင္၌ သံဃာ​ေတာ္တစ္ပါးႏွင့္အရပ္သားရွစ္ဦး ေ.သဆုံ.းခဲ့ေၾကာင္း၊ ျမင္းၿခံၿမိဳ့နယ္မွ သံဃာ​ေတာ္တစ္ပါးႏွင့္ အရပ္သား ​ေလးဦး၊ ႏြားထိုးႀကီးၿမိဳ့နယ္မွအရပ္သား သုံးဦး၊ ငါန္းဇြန္ၿမိဳ့နယ္မွ အရပ္သား တစ္ဦးတို့ ျဖစ္ေၾကာင္း ျမင္းၿခံလူထုလွုပ္ရွားမွုေကာ္မတီက ဆိုသည္။

People’s Spring News

Unicode

မန္တလေးတိုင်း နွားထိုးကြီးနယ်တွင် ဖြစ်သွားတာပါ SeeMore….

အောင်ဇေယျ/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းကျေးရွာတွင် လင်မယားချင်းစကားများရာ ဇနီးက အကြမ်းဖက်စစ်တပ်သွားတိုင်၍ စစ်ကောင်စီတပ်က ခင်ပန်းဖြစ်သူအား ဖမ်းဆီးသ.တ်ဖြ.တ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

နွားထိုးကြီးမြို့နယ် ဆူးဖြူကုန်းရွာသား (၂၈)နှစ်အရွယ် မောင်ကျော်သူသည် ယောက္ခမပိုင်ထော်လာဂျီ မောင်းနှင်ပြီး ယာဉ်မောင်းအလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း၊ ဧပြီ၁ရက် နံနက်ပိုင်းက ၎င်းတို့ လင်မယားချင်း စိတ်အခန့်မသင့်၍ စကားများခဲ့ကာ မိန်းမဖြစ်သူမှ ရပ်ရွာအုပ်ချုပ်နေသူများအား သွားရောက်တိုင်ကြားခဲ့ပြီး

နေ့လယ်၁နာရီခန့်တွင် ဆူးဖြူကုန်းရွာ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်သည်။ထို့အပြင် ညနေ၄ နာရီခန့်တွင် မောင်ကျော်သူအား ရွာလယ်ကန်ပေါင်ပေါ်တွင် သတိလစ်မေ့မြောလဲကျနေ သည်ကို တွေ့ရှိရပြီး

ည၈နာရီကျော်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏နာရေးအား ယမန်နေ့ ဧပြီ၃ရက် ညနေ၃နာရီတွင် ပြုလုပ်ပြီးစီးခဲ့ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်သည်။”မောင်ကျော်သူကို ရွာသားတွေကတွေ့ပြီး ရေလောင်းနှိုးချိန်မှာ သတိရခဲ့ပေမဲ့ မလှုပ်ရှားနိုင်တော့ဘဲ အိမ်ကိုပို့ပေးပြီး ညပိုင်းမှာဆုံးသွားတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆူးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့် မတ်လကုန်ပိုင်းကလည်း နွားထိုးကြီးမြို့နယ် ကန်ကြီးကျေးရွာ(အုပ်စု) ကန်ကြီးကျေးရွာမှ CDM ကျောင်း ဆရာတစ်ဦးအား ဖမ်းဆီးခဲ့ပြီးနောက် ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းဆရာသည် ရရှိထားသောဒဏ်ရာများကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ၁ရက်မှ ယနေ့အထိ ၃လကျော်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် မြင်းခြံခရိုင်၌ သံဃာတော်တစ်ပါးနှင့်အရပ်သားရှစ်ဦး ေ.သဆုံ.းခဲ့ကြောင်း၊ မြင်းခြံမြို့နယ်မှ သံဃာတော်တစ်ပါးနှင့် အရပ်သား လေးဦး၊ နွားထိုးကြီးမြို့နယ်မှအရပ်သား သုံးဦး၊ ငါန်းဇွန်မြို့နယ်မှ အရပ်သား တစ်ဦးတို့ ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဆိုသည်။

People’s Spring News