ၾကားသိရသမွ်

ထိန္းသိမ္းမႈမရွိျခင္းေၾကာင့္ ယိုယြင္း ပ်က္စီးေနသည့္ ပိေတာက္တစ္ေထာင္ဘုရား

ထိန္းသိမ္းမႈမရွိျခင္းေၾကာင့္ ယိုယြင္း ပ်က္စီးေနသည့္ ပိေတာက္တစ္ေထာင္ဘုရား

ျပဳျပင္မႈကင္းမဲ့ၿပီး ထိန္းသိမ္းသူမရွိတဲ့ ဘုရားေတြကိုၾကည့္ၿပီး ထိန္းသိမ္းေစာင့္ေရွာက္မဲ့သူပဲျဖစ္ျဖစ္ ၊ တာဝန္ရွိသူေတြပဲျဖစ္ျဖစ္ ျမင္ၿပီး အခ်ိန္မွီ ထိန္းသိမ္းႏိုင္ေအာင္တင္ေပးလိုက္ပါတယ္ ။ ပုံေတြမွာ ျမင္ရတာကေတာ့ ပုန္းအင္း ရွမ္းျပည္ေတာင္ပိုင္းမွာရွိတဲ့ ပိေတာက္တေထာင္ဘုရားပါ။

 

ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕အလြန္ ေမြေတာ္ကကၠဴဘုရားအေက်ာ္ ေနာင္မြန္အုပ္စုပုန္းအင္း ေနာင္ဆန္႔႐ြာဘက္မွာရွိပါတယ္။ ထိန္းသိမ္းသူမရွိေတာ့လည္း ႏွေျမာမိပါတယ္။ တစ္ကယ္သာျပဳျပင္မြမ္းမံလိုက္ရင္အရမ္းကို ၾကည္ညိဳဖြယ္ရာ ေကာင္းမွာ အမွန္ပါ။

 

ဘုရားေတြကိုၾကည့္ၿပီး အရမ္းကိုစိတ္မေကာင္းျဖစ္ရပါတယ္ ၊ အခုပုံေတြနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္မွာ အခုလိုမန႔္ထားတာကိုလည္းေတြ႕ရွိရပါတယ္။“ေဗာဓိတစ္ေထာင္ ကံ့ေကာ္တစ္ေထာင္ ဘာတစ္ေထာင္ ညာတစ္ေထာင္နဲ႔ ျမန္မာျပည္တစ္နံတလ်ား ဘုရားေတြကေပါမွေပါ့။

 

သို႔ေပသိ ဒီလို ျမက္ေတာကိုင္းေတာ ၿခဳံေတာ္ထဲျမင္ရတာေတြကမ်ားပါတယ္။ ဗုဒၶသာသနာအတြက္ တကယ္စိတ္မခ်မ္းသာစရာပါ။ ကိုယ့္သာသနာေစ်း ကိုယ္ျပန္ခ်ေနတာနဲ႔ တူပါတယ္။ ရခဲမွရတနာပါ။ အရလြယ္ေတာ့ တန္ဖိုးမထားၾကေတာ့ပါ။ဆြမ္းမဘုန္းေပးရ ေရမဘုန္းေပးရ။ ဆီမီးပန္းလည္း မပူေဇာ္ႏိုင္ၾက။ မ်ားေသာအားျဖင့္ ထိုဘုရားဝန္းထဲ ဖိနပ္မခြၽတ္ၾက။ ဆယ္ဖီဆြဲရာဌာန ေပ်ာ္ပြဲစားရာဌာနေတြ ျဖစ္ေနတာမ်ားပါတယ္။

 

တိ႒ေႏၲ နိဗၺဳေတာစာပိ သေမစိေတၱ သမံ ဖလံ ဆိုသည္ႏွင့္အညီ ႐ုပ္ပြါးေတာ္ကို သက္ေတာ္ထင္ရွား ဘုရားလို တန္ဖိုးထားရင္ အက်ိဳးႀကီးမားသလို အခုလို တန္ဖိုးမထား ပစ္ပယ္ထားၾကမယ္ဆိုရင္ ဓမၼက်ိန္စာသင့္ၾကမွာ စိုးရိမ္မိပါတယ္။”

 

ပရိတ္သတ္ႀကီးလည္းအခုစာေလးကိုဖတ္ၿပီးတဲ့အခ်ိန္မွာ ထိန္းသိမ္းမဲ့သူေတြ ျမန္ျမန္ေပၚေအာင္ ရွယ္ေပးဖို႔ ေမတၱာရပ္ခံပါတယ္။

Writer ; Kwee (Jeeptoolay)

Source ; Long Kham

Unicode

ထိန်းသိမ်းမှုမရှိခြင်းကြောင့် ယိုယွင်း ပျက်စီးနေသည့် ပိတောက်တစ်ထောင်ဘုရား

ပြုပြင်မှုကင်းမဲ့ပြီး ထိန်းသိမ်းသူမရှိတဲ့ ဘုရားတွေကိုကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်မဲ့သူပဲဖြစ်ဖြစ် ၊ တာဝန်ရှိသူတွေပဲဖြစ်ဖြစ် မြင်ပြီး အချိန်မှီ ထိန်းသိမ်းနိုင်အောင်တင်ပေးလိုက်ပါတယ် ။ ပုံတွေမှာ မြင်ရတာကတော့ ပုန်းအင်း ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပိတောက်တထောင်ဘုရားပါ။

ရှမ်းပြည်နယ် တောင်ကြီးမြို့အလွန် မွေတော်ကက္ကူဘုရားအကျော် နောင်မွန်အုပ်စုပုန်းအင်း နောင်ဆန့်ရွာဘက်မှာရှိပါတယ်။ ထိန်းသိမ်းသူမရှိတော့လည်း နှမြောမိပါတယ်။ တစ်ကယ်သာပြုပြင်မွမ်းမံလိုက်ရင်အရမ်းကို ကြည်ညိုဖွယ်ရာ ကောင်းမှာ အမှန်ပါ။

ဘုရားတွေကိုကြည့်ပြီး အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ် ၊ အခုပုံတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ အခုလိုမန့်ထားတာကိုလည်းတွေ့ရှိရပါတယ်။“ဗောဓိတစ်ထောင် ကံ့ကော်တစ်ထောင် ဘာတစ်ထောင် ညာတစ်ထောင်နဲ့ မြန်မာပြည်တစ်နံတလျား ဘုရားတွေကပေါမှပေါ့။

သို့ပေသိ ဒီလို မြက်တောကိုင်းတော ခြုံတော်ထဲမြင်ရတာတွေကများပါတယ်။ ဗုဒ္ဓသာသနာအတွက် တကယ်စိတ်မချမ်းသာစရာပါ။ ကိုယ့်သာသနာဈေး ကိုယ်ပြန်ချနေတာနဲ့ တူပါတယ်။ ရခဲမှရတနာပါ။ အရလွယ်တော့ တန်ဖိုးမထားကြတော့ပါ။ဆွမ်းမဘုန်းပေးရ ရေမဘုန်းပေးရ။ ဆီမီးပန်းလည်း မပူဇော်နိုင်ကြ။ များသောအားဖြင့် ထိုဘုရားဝန်းထဲ ဖိနပ်မချွတ်ကြ။ ဆယ်ဖီဆွဲရာဌာန ပျော်ပွဲစားရာဌာနတွေ ဖြစ်နေတာများပါတယ်။

တိဋ္ဌန္တေ နိဗ္ဗုတောစာပိ သမေစိတ္တေ သမံ ဖလံ ဆိုသည်နှင့်အညီ ရုပ်ပွါးတော်ကို သက်တော်ထင်ရှား ဘုရားလို တန်ဖိုးထားရင် အကျိုးကြီးမားသလို အခုလို တန်ဖိုးမထား ပစ်ပယ်ထားကြမယ်ဆိုရင် ဓမ္မကျိန်စာသင့်ကြမှာ စိုးရိမ်မိပါတယ်။”

ပရိတ်သတ်ကြီးလည်းအခုစာလေးကိုဖတ်ပြီးတဲ့အချိန်မှာ ထိန်းသိမ်းမဲ့သူတွေ မြန်မြန်ပေါ်အောင် ရှယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Writer ; Kwee (Jeeptoolay)

Source ; Long Kham