ၾကားသိရသမွ်

လမ်းပိတ်ထားတာကို သွားမိလို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ကြရတဲ့ မိသားစုဝင်(၆)ဦး

လမ်းပိတ်ထားတာကို သွားမိလို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ကြရတဲ့ မိသားစုဝင်(၆)ဦး

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ပြည်သူများ အသုံးမပြုရန် PDF က သတိ ပေးချက် ထုတ်ပြန်ထားချိန်

စစ်ယာဉ်တန်းကို ကျော်တက်ပြီး လမ်းအသုံးပြုသော အိမ်စီးကားတစ်စီး မိုင်းမိပြီး လူ ၆ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို ပြည်သူ များ အသုံးမပြုရန် PDF က သတိပေးချက် ထုတ်ပြန်ထားချိန် စစ်ယာဉ်တန်းကို ကျော်တက်ပြီး လမ်းအသုံးပြုသော အိမ်စီးကားတစ်စီ

ဧပြီလ ၅ ရက်နေ့တွင် မိုင်းမိပြီး လူ ၆ ဦးသေဆုံးကြောင်း ဒေသခံများနှင့် ဒေသ တော်လှန်ရေး အဖွဲ့များထံမှ သိရှိရသည်။

ယမန်နေ့ ဧပြီ ၅ရက်နေ့ မင်းကင်းမြို့နယ် အထက်စသာရွာမှ အိမ်စီးကားတစီးသည် မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း ကလေးဝမြို့နယ် စခန်းကြီးကျေးရွအနီး ၂ မိုင်ခန့်တွင် မိုင်းမိပြီး

ကားပေါ်ရှိ ပြည်သူ ၆ဦး သေဆုံးခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာသိရှိရကြောင်း၊ အဆိုပါ Honda Fit အိမ်စီးကားသည် တစီးလုံးနီးပါးပျက်စီးသွားပြီး တစစီဖြစ်သွားကြောင်း၊

ထိုကား မိုင်းမမိခင်အချိန်တွင် လမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို ကျော်တက်ပြီး ရှေ့မှသွားခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့ တောင်တွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ TDPDF နှင့် ဒေသခံ ပကဖ အဖွဲ့များက ပြည်သူများသွားလာမှုကို မပြုလုပ်ကြသေးရန်ထုတ်ပြန်ထားကြောင်း

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂) ၊ MKPDF-2 က သတင်းထုတ်ပြန်သည်။

ဧပြီ ၃ရက်နေ့တွင် ၎င်းလမ်းပိုင်းရှိ မိုင်တိုင် ၇၀ တွင်လည်း စစ်ကား (၄)စီးကို ဒေသခံ ပကဖ အဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စကစ နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များအကြား မိုင်းဆွဲ တိုက်ခိုက်မှုများ ဧပြီ ၃ ရက်နေ့အထိဆက်တိုက် ဖြစ်ပွားနေခဲ့ကြောင်း၊

အိမ်စီးကား မိုင်းမိပြီး လူ ၆ ဦးသေဆုံးမှုဖြစ်စေခဲ့သော မိုင်းမှာ မည်သည့်အဖွဲ့၏မိုင်းဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ယခုကာလ စစ်ရေးလှုပ်ရှားမှုများ ရှုပ်ထွေးနေသည့် အတွက် မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို အသုံးမပြုကြသေးရန်နှင့် မဖြစ်မနေသွားလာလိုပါက ဒေသခံ ကာကွယ်ရတပ်ဖွဲ့များကို ချိတ်ဆက်အသိပေး မေးမြန်းပြီးမှသာ သွားလာကြရန်

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂) ၊ MKPDF-2 က သတိပေးထုတ်ပြန်ထားသည်။

Credit