7.April 2022 မှ 13.April.2022 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း အနည်းငယ်ရန်များရတတ်တာကိုတွေ့ရပါတယ်။ ပခုံးချင်းယှဉ်လာမဲ့သူတွေ၊ရန်လိုလာသူ တွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ကျောင်းသားဆိုရင်တောင်မှ ပညာလိုက်ပြိုင်တာမျိုးတွေအလွန်ကြုံရတတ်ပါတယ်။ တစ်ခုသတိထားရမှာက မိမိက လုပ်ပိုင်ခွင့်ရှိသူ၊နေရာတစ်ခုခုမှာ ပေါက်မြောက်သူဆိုရင်သတိထားပါ။ မိမိကိုယ်တိုင် က ကိုယ်ချင်းစာစိတ်နည်းပြီး ပြတ်သားလွန်းတဲ့ ဆုံးဖြတ်ချက်တွေချနေမိတတ်ပါတယ်။
ငွေကြေးကံကတော့ဝင်လာ လိုက်ပြန်ထွက်သွားလိုက်ဆိုတာမျိုးတွေဖြစ်နေတတ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဂရုစိုက်ဖို့လိုပါတယ်။ ကျန်းမာရေးတရှောင်ရှောင်ဖြစ်လိမ့်မယ်။ ကျန်းမာရေးကြောင့်ငွေကုန်မယ်။ အပူအားကြီးသူများ အနာစိမ်းလိုအဖု အပိန့်တွေ၊အကြိတ်တွေဖြစ်တတ်ပါတယ်။ သတိထားရမှာက ရေချိုးမှားခြင်း၊ ခါးနာခြင်း၊ ကျောက်ကပ်ရောဂါ စတာတွေပါပဲ။ စိတ်ညစ်စရာတွေတစ်ခုမဟုတ် ကြုံတတ်ပါတယ်။ ဒါပေမဲ့ ဖြေရှင်းနိုင်မှာပါ။
ဝန်ထမ်းများ အလုပ် တာဝန်တွေပိနေရပါလိမ့်မယ်။ ပင်ပန်းရမဲ့ ကာလပါပဲ။ အချစ်ရေးကံကကောင်းပေမဲ့ အလုပ်မအားတာကြောင့် ဆုံဆည်းရဖို့မလွယ်ပါဘူး။ ပညာရေးအထူးကောင်းပါတယ်။ ဒါပေမဲ့ စားချိန် အိပ်ချိန်ထိခိုက်သည်ထိ စာမလုပ်ပါနဲ့။အကျိုးပေးဂဏန်း ၃၊၄၊၈အထူးဟော ကျန်းမာရေးသာဂရုစိုက်ပါ ယတြာ နွမ်းပါးသူတွေကို ဒိန်ချဉ်ဝယ်လှူလိုက်ပါ
တနင်္လာ
ကောင်းသောကံတွေဖြစ်လာပြီး မိမိအနည်းငယ်အားထည့်လိုက်ရုံနဲ့တောင် ထူးခြားတဲ့အဆင်ပြေခြင်းတွေ ကြုံရတတ်ပါတယ်။ မိခင်၊အမျိုးသမီးအကြီးအကဲတွေရဲ့အကူအညီတွေအထူးရလာတတ်ပါတယ်။ စီးပွားရေးနဲ့ပတ် သက်ပြီးအခွင့်အလမ်းကောင်းတွေရလာတတ်ပါတယ်။ အလုပ်ပိုတွေကောင်းစွာလျှော့ချနိုင်ပါလိမ့်မယ်။ အလှူအတန်းနဲ့ပတ်သက်ပြီးတော့လဲ လှူတန်းခွင့်တွေ၊တတ်နိုင်သူဆို အလှူကြီးပေးခွင့်တွေကြုံလာတတ်ပါတယ်။
သတိပေးလိုတာက အလုပ်နဲ့ ပတ်သက်ပြီး သုံးသင့်တာကို မသုံးဘဲ နှမြောမှုကြောင့် ဆုံးရှုံးမှု၊နစ်နာမှုတစ်စုံတရာကြုံ ရတတ်ပါတယ်။ ကျန်းမာရေးအတွက်လဲပူပန်စရာမလိုပါဘူး။ အနာနဲ့ဆေးတွေ့မဲ့ကာလပါပဲ။ ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့မှာပါ။ မွေးရပ်နဲ့ အဝေးမှာ လုပ်ကိုင်နေတဲ့ စီးပွားရေးများ အောင်မြင်ပါလိမ့်မယ်။ ဝန်ထမ်းများ နေရာကောင်းရတတ်ပါတယ်။
အမွှေးနံ့သာနဲ့ပက်သက်သော လက်ဆောင်များ ရလာတတ်ပါတယ်။ အချစ်ရေးကံကောင်းလာပါလိမ့်မယ်။ ချစ်သူနဲ့ နားလည်မှုတွေတည်ဆောက်နိုင်ပါလိမ့်မယ်။ ပညာရေးကံမြင့်မားနေပါတယ်။ ဒါပေမဲ့ ရိုးသားစွာကြိုးစားဖို့လိုပါတယ်။အကျိုးပေးဂဏန်း ၂/၅/၉ အထူးဟော ကောင်းသောကံတွေအလှည့်ရောက်ပါပြီ ယတြာ နီးစပ်ရာစေတီဘုရားသွားပြီး မွေးနံထောင့်မှာရေသပ္ပာယ်ပါ။
အင်္ဂါ
စိတ်ကူးကောင်းတွေရလာတတ်ပါတယ်။ မိမိအတွေးအခေါ်တွေက မှန်သောလမ်းကြောင်းပေါ်ရောက်လာ တတ်ပါတယ်။တစ်ခုသတိထားရမှာက နမော်နမဲ့ လုပ်တာ၊ရှန်းတာ၊မေ့တာမျိုး ဒီကာလမှာအလွန်ဖြစ်တတ်ပါတယ်။ ငွေကံကောင်းနေတာမို့ အလုပ်က ဆုကြေးဆိုတာမျိုးတွေရလာတတ်ပါတယ်။ လုပ်ငန်းအတွက်ခက်ခဲနေတဲ့ကိစ္စတွေ ဖြေရှင်းလာနိုင်ပါလိမ့်မယ်။ မိတ်ကောင်းဆွေကောင်းတွေပေါများတဲ့ကာလဖြစ်ပေမဲ့..ဆွေမျိုးအရင်းကြီးတွေ တော့ ဒုက္ခပေးတာမျိုးကြုံရတတ်ပါတယ်။
ဒီကာလအတွင်း ကံကောင်းခြင်းတွေ ရရှိမှာပါ။ပျော်စရာ စိတ်ကြည်နူးစရာများလဲ ကြုံဆုံရပါလိမ့်မယ်။ ကျန်းမာရေးအတွက်လဲ ပူပန်စရာမလိုပါဘူး ။ ပုံမှန်အတိုင်း ဂရုစိုက်နေရင်ရပါပြီ။စန်းပွင့်နေတဲ့ အတွက် ချစ်သူခင်သူပေါများသလို အချစ်သစ်လဲတွေ့တတ်ပါတယ်။ အနေနီးသူနဲ့ ငြိစွန်းလွယ်တဲ့ကာလပါပဲ။
အိမ်ထောင်သည်များ အိမ်ထောင်ရေး အပေါ်သစ္စာရှိဖို့ လိုအပ်တဲ့ကာလပါပဲ။ စုတ်ကိစ္စတွေ ရှုပ်ထွေးလာနိုင်လို့ပါ။ ကွဲကွာနေတဲ့ မိတ်ဆွေတွေနဲ့ ပြန်လည်တွေ့ဆုံရတတ်ပါတယ်။ ပညာရေးအတွက် အားစိုက်လို့ အကောင်းဆုံးကာလပါ။ စာ ကျက်ရတွက်ရ လွယ်နေပါလိမ့်မယ်။အကျိုးပေးဂဏန်း ၆/၅/၃အထူးဟော စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ယတြာ မုန့်လုံးရေပေါ် ဘုရားကပ်ပါ
ဗုဒ္ဓဟူး/ရာဟု
ဟိုဟာ လုပ်ရနိုး ဒီဟာလုပ်ရနိုးဖြစ်နေတတ်ပါတယ်။ လူကြီးမိဘစကားနားမဝင်ဘဲ ထင်ရာစိုင်းနေတတ်ပါ တယ်။ အထူးသဖြင့် ချစ်မှုရေးရာကိစ္စများတွင် စေတနာနဲ့ လမ်းညွှန်ပေးသူကိုတောင် မိမိကမုန်းမိနေတတ်ပါတယ်။ လူအများရဲ့ အမြင်စောင်းအပုပ်ချခြင်းကိုခံနေရပါလိမ့်မယ်။ ငွေကံကောင်းနေပေမဲ့ အသုံးအစွဲများနေတာကိုအထူး တွေ့ရပါတယ်။လူမှုဆက်ဆံရေးအပိုင်း အားနည်းမှုတွေဖြစ်ပေါ်တတ်ပါတယ်။
ပျင်းရိခြင်း၊အချိန်ဆွဲခြင်းတွေကြောင့် ထင်သလောက်မထွန်းပေါက်တာမျိုးကြုံရတတ်ပါတယ်။ အခက်အခဲ ပြဿ နာတွေကို ခေါင်းအေးအေးထားပြီး ဖြေရှင်းသင့်ပါတယ်။ အားနည်းတာကတော့ အိမ်တွင်းရေးအပူသောကတွေရှိလိမ့်မယ်။ မိသားစုအတွက် အိမ်ထောင်ဦးစီးအတွက် ပူပင်ရတတ်တယ်။အလုပ်နဲ့ပတ်သက်ပြီးတော့ ကံကောင်းဖို့လိုပါသေးတယ်။ အလုပ်သစ် လျှောက်နေသူများ ကြန့်ကြာနေတာမျိုး ကြုံရတတ်တယ်။
အမွေကိစ္စတွေ ဒီကာလမှာကြုံမယ်ဆိုရင်တော့ ဖြေရှင်းဖို့ ခက်ခဲပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဦးနှောက် အာရုံကြောနဲ့ပတ်သက်သော ရောဂါဘယများ ဂရုစိုက်ဖို့ လိုပါ တယ်။ ဝင်ငွေအနည်းငယ် လျော့နည်းမဲ့ ကာလပါပဲ။ပညာရေးမှာတော့ မိမိကိုယ်တိုင်ကျောင်းစာတွေနဲ့ ရှုပ်ထွေးပြီး သောကရောက် လုံးပန်းနေရပါလိမ့်မယ်။ အချစ်ရေးကံကတော့ မကောင်းသေးပါဘူး။အကျိုးပေးဂဏန်း ၆/၇/၀အထူးဟော အနည်းငယ် အတွေးမှား၊အလုပ်မှားပြုမိနေတတ်ပါတယ်။ယတြာ စနေထောင့်မှာ သမ္ဗုဒ္ဓေ ဂါထာနဲ့ ပုတီးစိပ်ပါ။
ကြာသပတေး
တွေးစရာ စဉ်းစားစရာ ဆုံးဖြတ်ရခက်ခဲစရာတွေနဲ့ ကြုံကြိုက်နေရပါလိမ့်မယ်။ အိမ်မှာနေချင်စိတ်ကုန်နေတတ်ခြင်း လက်ရှိနေရာမှာနေချင်စိတ်ကုန်ခမ်းနေတတ်ခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။ လူငယ်များ အိမ်ပြေးဖြစ်ရတတ်ပါတယ်။ ရပ်ဝေးမှ သတင်းကောင်းတွေကြားရတတ်ပါတယ်။ ဘာသာရေးကိစ္စ အလှူကိစ္စတွေနဲ့ပက်သက်တဲ့ ခရီးတွေသွားရတတ်ပါတယ်။
အလုပ်ခွင်ထဲမှာ မိမိချစ်ခင်လေးစားရသော ဆရာသမားတစ်ဦးအပြောင်းအရွှေ့ကိစ္စများ ကြုံရတတ်ပါတယ်။ ငွေကံသင့်ပါတယ်။ လောဘတကြီး ရလိုမှု၊ မတရားနည်းနဲ့ ငွေရလိုမှုတွေကိုရှောင်းရှားရမဲ့ ကာလပါ။ စပ်တူလုပ်ငန်းများ ရှယ်ယာဝင်တစ်ဦး နုတ်ထွက်သွားဖို့ ရှိနေပါတယ်။ ရပ်ဝေးသွားပြီး အလုပ်လုပ်ရမဲ့ကံမျိုးလဲ တွေ့ရပါတယ်။
အချစ်ရေးကံအားကောင်းနေတဲ့ အချိန်ပါပဲ။အချစ်သစ်တွေ့မဲ့ ကာလအပိုင်းအခြားပါ။ အိမ်ထောင်သည်များ အိမ်ထောင်ရေးအပေါ် စိတ်ကုန်နေတဲ့ စိတ်တွေ ဖြစ်ပေါ်နေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်မှာ ရှိနေတတ်တဲ့ အချိန်ပါပဲ။ ဝမ်းပျက်လွယ်ပါတယ်။ သတိထားဖို့ပါ၊အကျိုးပေးဂဏန်း ၂/၄/၉အထူးဟော ကံသင့်ပါတယ် ယတြာ နှင်းဆီပန်း ၁၀ပွင့် ဘုရားကပ်လှူပါ
သောကြာ
ကျဆင်းနေတဲ့ စီးပွားရေးများ ပြန်လည်ဦးမော့လာပါလိမ့်မယ်။ ငွေကြေးကြပ်တည်းမှုတွေ ပြေလည်သွားပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လဲ ဖောက်သည်သစ်တွေ တိုးပွားလာဖို့ ရှိပါတယ်။ ငွေကြေးလာဘ်လာဘတွေပေါများလာပါလိမ့်မယ်။ ကံအမြင့်မားဆုံးအချိန်ပါပဲ။ မိမိလိုအင်ဆန္ဒများလဲ ပြည့်ဝပျော်ရွှင်ရပါလိမ့်မယ်။ ငွေကြေးကံကလဲအထူးကောင်းနေပါတယ်။ ရစရာရှိတဲ့ ငွေကြေးများလဲ ရလာပါလိမ့်မယ်။ ခရီးတွေလဲများရတတ်ပါတယ်။ ကောင်းသောခရီးတွေပါ။
မည်သည့်နယ်ပယ်တွင်မဆို Target သစ်များ ချမှတ်အကောင်အထည်ဖော်ခြင်းဖြင့် အောင်မြင်မှုတွေရပါလိမ့်မယ်။ ကျန်းမာရေးကံကောင်းနေပါလိမ့်မယ်ဒါပေမဲ့ အလုပ်ပင်ပန်းခြင်း ၊ အလုပ်ကိစ္စအပြင် အခြားဗာဟီရကိစ္စတွေလဲ များနေခြင်းက ကျန်းမာရေးကိုထိခိုက်စေမှာပါ။ မိတ်ဆွေအပေါင်းအသင်းကံအလွန်ကောင်းပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ အကကူအညီတွေရလာပါလိမ့်မယ်။
အချစ်ရေးမှာတော့ မိမိကိုယ်တိုင်ချစ်သူကို အချိန်မပေးနိုင်ခြင်းက ချစ်သူရဲ့ ငြိုငြင်ခြင်း ကိုခံရပါလိမ့်မယ်။ ပညာရေးကောင်းပါတယ်။ မိမိကိုယ်တိုင် သိလွယ်တတ်လွယ်နေပါလိမ့်မယ်။ အကျိုးပေးဂဏန်း ၃/၆/၄အထူးဟော စီးပွားရေးကောင်းမည် ယတြာ သစ္စာပန်း ၉ညွန့် ဘုရားကပ်လှူပါ
စနေ
ဒီကာလအတွင်း ဖခင်နဲ့ အတိုက်အခံအလွန်ဖြစ်ရတတ်ပါတယ်။ လုပ်ငန်းခွင်မှာလဲ အထက်လူကြီးနဲ့ အဆင်မပြေဖြစ်ရပါလိမ့်မယ်။ ငွေကံကတော့ အကောင်းဘက်မှာရှိပါတယ်။ ငွေဝင်သလောက် အကုန်အကျလဲအလွန်များတတ်တယ်ပေါ့ဗျ။ ကိုယ်ပိုင်စီးပွားများ ဝန်ထမ်းမမြဲခြင်းမျိုးကြုံရတတ်ပါတယ်။ ငွေကံလဲ မြင့်မားနေပါလိမ့်မယ်။ ရစရာရှိတဲ့ ငွေများ ဆုံးပြီလို့ ထင်ထားတဲ့ငွေများ ပြန်လည်ရရှိလာပါလိမ့်မယ်။
အပျော်ခရီးများ အပန်းဖြေခရီးများလဲ သွားရတတ်ပါတယ်။ရွှေထွက်တတ်ပါတယ်။ အရာရာအချိန်ပေးပြီး ဆောင်ရွက်မှအဆင်ပြေချောမွေ့မှာပါ။ ဒါကြောင့် စိတ်ရှည်ဖို့တော့ လိုအပ်ပါတယ်။ တနင်္ဂနွေသားသမီးကြောင့် စိတ်ညစ်ရတာမျိုးလဲ ကြုံ ရဖို့ရှိပါတယ်။ ကျန်းမာရေးကတော့ မညံ့ပါဘူး။
အနည်းငယ်တော့ ဂရုစိုက်ဖို့ လိုတာပေါ့ဗျ။ အထူးသဖြင့်အမျိုးသမီးများ ဓမ္မတာနဲ့ပက်သက်သော ရောဂါများ ဖြစ်ရပါလိမ့်မယ်။အချစ်ရေးကံ ညံ့နေတတ်ပါတယ်။ ပညာရေးအတွက် စိတ်ပူစရာမလိုသေးပါဘူး။ ပုံမှန်သာ ကြိုးစားသွားပါ။ အကျိုးပေးဂဏန်း ၅/၇/၀အထူးဟော နည်းနည်းတော့ အလုပ်များရမည် ယတြာ ကျန်းမာရေးမကောင်းသူများကို လူမမာစာများ လက်ဆောင်ပေးလိုက်ပါ။
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 09 44 5555 695
Zawgyi
7.April 2022 မွ 13.April.2022 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဒီတစ္ပတ္အတြင္း အနည္းငယ္ရန္မ်ားရတတ္တာကိုေတြ႕ရပါတယ္။ ပခုံးခ်င္းယွဥ္လာမဲ့သူေတြ၊ရန္လိုလာသူ ေတြနဲ႔ ရင္ဆိုင္ရတတ္ပါတယ္။ ေက်ာင္းသားဆိုရင္ေတာင္မွ ပညာလိုက္ၿပိဳင္တာမ်ိဳးေတြအလြန္ႀကဳံရတတ္ပါတယ္။ တစ္ခုသတိထားရမွာက မိမိက လုပ္ပိုင္ခြင့္ရွိသူ၊ေနရာတစ္ခုခုမွာ ေပါက္ေျမာက္သူဆိုရင္သတိထားပါ။ မိမိကိုယ္တိုင္ က ကိုယ္ခ်င္းစာစိတ္နည္းၿပီး ျပတ္သားလြန္းတဲ့ ဆုံးျဖတ္ခ်က္ေတြခ်ေနမိတတ္ပါတယ္။
ေငြေၾကးကံကေတာ့ဝင္လာ လိုက္ျပန္ထြက္သြားလိုက္ဆိုတာမ်ိဳးေတြျဖစ္ေနတတ္ပါတယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ဂ႐ုစိုက္ဖို႔လိုပါတယ္။ က်န္းမာေရးတေရွာင္ေရွာင္ျဖစ္လိမ့္မယ္။ က်န္းမာေရးေၾကာင့္ေငြကုန္မယ္။ အပူအားႀကီးသူမ်ား အနာစိမ္းလိုအဖု အပိန႔္ေတြ၊အႀကိတ္ေတြျဖစ္တတ္ပါတယ္။ သတိထားရမွာက ေရခ်ိဳးမွားျခင္း၊ ခါးနာျခင္း၊ ေက်ာက္ကပ္ေရာဂါ စတာေတြပါပဲ။ စိတ္ညစ္စရာေတြတစ္ခုမဟုတ္ ႀကဳံတတ္ပါတယ္။ ဒါေပမဲ့ ေျဖရွင္းႏိုင္မွာပါ။
ဝန္ထမ္းမ်ား အလုပ္ တာဝန္ေတြပိေနရပါလိမ့္မယ္။ ပင္ပန္းရမဲ့ ကာလပါပဲ။ အခ်စ္ေရးကံကေကာင္းေပမဲ့ အလုပ္မအားတာေၾကာင့္ ဆုံဆည္းရဖို႔မလြယ္ပါဘူး။ ပညာေရးအထူးေကာင္းပါတယ္။ ဒါေပမဲ့ စားခ်ိန္ အိပ္ခ်ိန္ထိခိုက္သည္ထိ စာမလုပ္ပါနဲ႔။အက်ိဳးေပးဂဏန္း ၃၊၄၊၈အထူးေဟာ က်န္းမာေရးသာဂ႐ုစိုက္ပါ ယၾတာ ႏြမ္းပါးသူေတြကို ဒိန္ခ်ဥ္ဝယ္လႉလိုက္ပါ
တနလၤာ
ေကာင္းေသာကံေတြျဖစ္လာၿပီး မိမိအနည္းငယ္အားထည့္လိုက္႐ုံနဲ႔ေတာင္ ထူးျခားတဲ့အဆင္ေျပျခင္းေတြ ႀကဳံရတတ္ပါတယ္။ မိခင္၊အမ်ိဳးသမီးအႀကီးအကဲေတြရဲ႕အကူအညီေတြအထူးရလာတတ္ပါတယ္။ စီးပြားေရးနဲ႔ပတ္ သက္ၿပီးအခြင့္အလမ္းေကာင္းေတြရလာတတ္ပါတယ္။ အလုပ္ပိုေတြေကာင္းစြာေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။ အလႉအတန္းနဲ႔ပတ္သက္ၿပီးေတာ့လဲ လႉတန္းခြင့္ေတြ၊တတ္ႏိုင္သူဆို အလႉႀကီးေပးခြင့္ေတြႀကဳံလာတတ္ပါတယ္။
သတိေပးလိုတာက အလုပ္နဲ႔ ပတ္သက္ၿပီး သုံးသင့္တာကို မသုံးဘဲ ႏွေျမာမႈေၾကာင့္ ဆုံးရႈံးမႈ၊နစ္နာမႈတစ္စုံတရာႀကဳံ ရတတ္ပါတယ္။ က်န္းမာေရးအတြက္လဲပူပန္စရာမလိုပါဘူး။ အနာနဲ႔ေဆးေတြ႕မဲ့ကာလပါပဲ။ ဆရာေကာင္း သမားေကာင္းေတြနဲ႔ ေတြ႕မွာပါ။ ေမြးရပ္နဲ႔ အေဝးမွာ လုပ္ကိုင္ေနတဲ့ စီးပြားေရးမ်ား ေအာင္ျမင္ပါလိမ့္မယ္။ ဝန္ထမ္းမ်ား ေနရာေကာင္းရတတ္ပါတယ္။
အေမႊးနံ႔သာနဲ႔ပက္သက္ေသာ လက္ေဆာင္မ်ား ရလာတတ္ပါတယ္။ အခ်စ္ေရးကံေကာင္းလာပါလိမ့္မယ္။ ခ်စ္သူနဲ႔ နားလည္မႈေတြတည္ေဆာက္ႏိုင္ပါလိမ့္မယ္။ ပညာေရးကံျမင့္မားေနပါတယ္။ ဒါေပမဲ့ ႐ိုးသားစြာႀကိဳးစားဖို႔လိုပါတယ္။အက်ိဳးေပးဂဏန္း ၂/၅/၉ အထူးေဟာ ေကာင္းေသာကံေတြအလွည့္ေရာက္ပါၿပီ ယၾတာ နီးစပ္ရာေစတီဘုရားသြားၿပီး ေမြးနံေထာင့္မွာေရသပၸာယ္ပါ။
အဂၤါ
စိတ္ကူးေကာင္းေတြရလာတတ္ပါတယ္။ မိမိအေတြးအေခၚေတြက မွန္ေသာလမ္းေၾကာင္းေပၚေရာက္လာ တတ္ပါတယ္။တစ္ခုသတိထားရမွာက နေမာ္နမဲ့ လုပ္တာ၊ရွန္းတာ၊ေမ့တာမ်ိဳး ဒီကာလမွာအလြန္ျဖစ္တတ္ပါတယ္။ ေငြကံေကာင္းေနတာမို႔ အလုပ္က ဆုေၾကးဆိုတာမ်ိဳးေတြရလာတတ္ပါတယ္။ လုပ္ငန္းအတြက္ခက္ခဲေနတဲ့ကိစၥေတြ ေျဖရွင္းလာႏိုင္ပါလိမ့္မယ္။ မိတ္ေကာင္းေဆြေကာင္းေတြေပါမ်ားတဲ့ကာလျဖစ္ေပမဲ့..ေဆြမ်ိဳးအရင္းႀကီးေတြ ေတာ့ ဒုကၡေပးတာမ်ိဳးႀကဳံရတတ္ပါတယ္။
ဒီကာလအတြင္း ကံေကာင္းျခင္းေတြ ရရွိမွာပါ။ေပ်ာ္စရာ စိတ္ၾကည္ႏူးစရာမ်ားလဲ ႀကဳံဆုံရပါလိမ့္မယ္။ က်န္းမာေရးအတြက္လဲ ပူပန္စရာမလိုပါဘူး ။ ပုံမွန္အတိုင္း ဂ႐ုစိုက္ေနရင္ရပါၿပီ။စန္းပြင့္ေနတဲ့ အတြက္ ခ်စ္သူခင္သူေပါမ်ားသလို အခ်စ္သစ္လဲေတြ႕တတ္ပါတယ္။ အေနနီးသူနဲ႔ ၿငိစြန္းလြယ္တဲ့ကာလပါပဲ။
အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရး အေပၚသစၥာရွိဖို႔ လိုအပ္တဲ့ကာလပါပဲ။ စုတ္ကိစၥေတြ ရႈပ္ေထြးလာႏိုင္လို႔ပါ။ ကြဲကြာေနတဲ့ မိတ္ေဆြေတြနဲ႔ ျပန္လည္ေတြ႕ဆုံရတတ္ပါတယ္။ ပညာေရးအတြက္ အားစိုက္လို႔ အေကာင္းဆုံးကာလပါ။ စာ က်က္ရတြက္ရ လြယ္ေနပါလိမ့္မယ္။အက်ိဳးေပးဂဏန္း ၆/၅/၃အထူးေဟာ စိတ္ခ်မ္းသာစရာေတြမ်ားေနတတ္ပါတယ္။ယၾတာ မုန႔္လုံးေရေပၚ ဘုရားကပ္ပါ
ဗုဒၶဟူး/ရာဟု
ဟိုဟာ လုပ္ရႏိုး ဒီဟာလုပ္ရႏိုးျဖစ္ေနတတ္ပါတယ္။ လူႀကီးမိဘစကားနားမဝင္ဘဲ ထင္ရာစိုင္းေနတတ္ပါ တယ္။ အထူးသျဖင့္ ခ်စ္မႈေရးရာကိစၥမ်ားတြင္ ေစတနာနဲ႔ လမ္းၫႊန္ေပးသူကိုေတာင္ မိမိကမုန္းမိေနတတ္ပါတယ္။ လူအမ်ားရဲ႕ အျမင္ေစာင္းအပုပ္ခ်ျခင္းကိုခံေနရပါလိမ့္မယ္။ ေငြကံေကာင္းေနေပမဲ့ အသုံးအစြဲမ်ားေနတာကိုအထူး ေတြ႕ရပါတယ္။လူမႈဆက္ဆံေရးအပိုင္း အားနည္းမႈေတြျဖစ္ေပၚတတ္ပါတယ္။
ပ်င္းရိျခင္း၊အခ်ိန္ဆြဲျခင္းေတြေၾကာင့္ ထင္သေလာက္မထြန္းေပါက္တာမ်ိဳးႀကဳံရတတ္ပါတယ္။ အခက္အခဲ ျပႆ နာေတြကို ေခါင္းေအးေအးထားၿပီး ေျဖရွင္းသင့္ပါတယ္။ အားနည္းတာကေတာ့ အိမ္တြင္းေရးအပူေသာကေတြရွိလိမ့္မယ္။ မိသားစုအတြက္ အိမ္ေထာင္ဦးစီးအတြက္ ပူပင္ရတတ္တယ္။အလုပ္နဲ႔ပတ္သက္ၿပီးေတာ့ ကံေကာင္းဖို႔လိုပါေသးတယ္။ အလုပ္သစ္ ေလွ်ာက္ေနသူမ်ား ၾကန႔္ၾကာေနတာမ်ိဳး ႀကဳံရတတ္တယ္။
အေမြကိစၥေတြ ဒီကာလမွာႀကဳံမယ္ဆိုရင္ေတာ့ ေျဖရွင္းဖို႔ ခက္ခဲပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဦးေႏွာက္ အာ႐ုံေၾကာနဲ႔ပတ္သက္ေသာ ေရာဂါဘယမ်ား ဂ႐ုစိုက္ဖို႔ လိုပါ တယ္။ ဝင္ေငြအနည္းငယ္ ေလ်ာ့နည္းမဲ့ ကာလပါပဲ။ပညာေရးမွာေတာ့ မိမိကိုယ္တိုင္ေက်ာင္းစာေတြနဲ႔ ရႈပ္ေထြးၿပီး ေသာကေရာက္ လုံးပန္းေနရပါလိမ့္မယ္။ အခ်စ္ေရးကံကေတာ့ မေကာင္းေသးပါဘူး။အက်ိဳးေပးဂဏန္း ၆/၇/၀အထူးေဟာ အနည္းငယ္ အေတြးမွား၊အလုပ္မွားျပဳမိေနတတ္ပါတယ္။ယၾတာ စေနေထာင့္မွာ သမၺဳေဒၶ ဂါထာနဲ႔ ပုတီးစိပ္ပါ။
ၾကာသပေတး
ေတြးစရာ စဥ္းစားစရာ ဆုံးျဖတ္ရခက္ခဲစရာေတြနဲ႔ ႀကဳံႀကိဳက္ေနရပါလိမ့္မယ္။ အိမ္မွာေနခ်င္စိတ္ကုန္ေနတတ္ျခင္း လက္ရွိေနရာမွာေနခ်င္စိတ္ကုန္ခမ္းေနတတ္ျခင္းမ်ိဳးလဲ ႀကဳံရတတ္ပါတယ္။ လူငယ္မ်ား အိမ္ေျပးျဖစ္ရတတ္ပါတယ္။ ရပ္ေဝးမွ သတင္းေကာင္းေတြၾကားရတတ္ပါတယ္။ ဘာသာေရးကိစၥ အလႉကိစၥေတြနဲ႔ပက္သက္တဲ့ ခရီးေတြသြားရတတ္ပါတယ္။
အလုပ္ခြင္ထဲမွာ မိမိခ်စ္ခင္ေလးစားရေသာ ဆရာသမားတစ္ဦးအေျပာင္းအေ႐ႊ႕ကိစၥမ်ား ႀကဳံရတတ္ပါတယ္။ ေငြကံသင့္ပါတယ္။ ေလာဘတႀကီး ရလိုမႈ၊ မတရားနည္းနဲ႔ ေငြရလိုမႈေတြကိုေရွာင္းရွားရမဲ့ ကာလပါ။ စပ္တူလုပ္ငန္းမ်ား ရွယ္ယာဝင္တစ္ဦး ႏုတ္ထြက္သြားဖို႔ ရွိေနပါတယ္။ ရပ္ေဝးသြားၿပီး အလုပ္လုပ္ရမဲ့ကံမ်ိဳးလဲ ေတြ႕ရပါတယ္။
အခ်စ္ေရးကံအားေကာင္းေနတဲ့ အခ်ိန္ပါပဲ။အခ်စ္သစ္ေတြ႕မဲ့ ကာလအပိုင္းအျခားပါ။ အိမ္ေထာင္သည္မ်ား အိမ္ေထာင္ေရးအေပၚ စိတ္ကုန္ေနတဲ့ စိတ္ေတြ ျဖစ္ေပၚေနရတတ္ပါတယ္။ က်န္းမာေရးကေတာ့ အေကာင္းဘက္မွာ ရွိေနတတ္တဲ့ အခ်ိန္ပါပဲ။ ဝမ္းပ်က္လြယ္ပါတယ္။ သတိထားဖို႔ပါ၊အက်ိဳးေပးဂဏန္း ၂/၄/၉အထူးေဟာ ကံသင့္ပါတယ္ ယၾတာ ႏွင္းဆီပန္း ၁၀ပြင့္ ဘုရားကပ္လႉပါ
ေသာၾကာ
က်ဆင္းေနတဲ့ စီးပြားေရးမ်ား ျပန္လည္ဦးေမာ့လာပါလိမ့္မယ္။ ေငြေၾကးၾကပ္တည္းမႈေတြ ေျပလည္သြားပါလိမ့္မယ္။ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းမ်ား လဲ ေဖာက္သည္သစ္ေတြ တိုးပြားလာဖို႔ ရွိပါတယ္။ ေငြေၾကးလာဘ္လာဘေတြေပါမ်ားလာပါလိမ့္မယ္။ ကံအျမင့္မားဆုံးအခ်ိန္ပါပဲ။ မိမိလိုအင္ဆႏၵမ်ားလဲ ျပည့္ဝေပ်ာ္႐ႊင္ရပါလိမ့္မယ္။ ေငြေၾကးကံကလဲအထူးေကာင္းေနပါတယ္။ ရစရာရွိတဲ့ ေငြေၾကးမ်ားလဲ ရလာပါလိမ့္မယ္။ ခရီးေတြလဲမ်ားရတတ္ပါတယ္။ ေကာင္းေသာခရီးေတြပါ။
မည္သည့္နယ္ပယ္တြင္မဆို Target သစ္မ်ား ခ်မွတ္အေကာင္အထည္ေဖာ္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရပါလိမ့္မယ္။ က်န္းမာေရးကံေကာင္းေနပါလိမ့္မယ္ဒါေပမဲ့ အလုပ္ပင္ပန္းျခင္း ၊ အလုပ္ကိစၥအျပင္ အျခားဗာဟီရကိစၥေတြလဲ မ်ားေနျခင္းက က်န္းမာေရးကိုထိခိုက္ေစမွာပါ။ မိတ္ေဆြအေပါင္းအသင္းကံအလြန္ေကာင္းပါတယ္။ မိတ္ေဆြေကာင္းေတြရဲ႕ အကကူအညီေတြရလာပါလိမ့္မယ္။
အခ်စ္ေရးမွာေတာ့ မိမိကိုယ္တိုင္ခ်စ္သူကို အခ်ိန္မေပးႏိုင္ျခင္းက ခ်စ္သူရဲ႕ ၿငိဳျငင္ျခင္း ကိုခံရပါလိမ့္မယ္။ ပညာေရးေကာင္းပါတယ္။ မိမိကိုယ္တိုင္ သိလြယ္တတ္လြယ္ေနပါလိမ့္မယ္။ အက်ိဳးေပးဂဏန္း ၃/၆/၄အထူးေဟာ စီးပြားေရးေကာင္းမည္ ယၾတာ သစၥာပန္း ၉ၫြန႔္ ဘုရားကပ္လႉပါ
စေန
ဒီကာလအတြင္း ဖခင္နဲ႔ အတိုက္အခံအလြန္ျဖစ္ရတတ္ပါတယ္။ လုပ္ငန္းခြင္မွာလဲ အထက္လူႀကီးနဲ႔ အဆင္မေျပျဖစ္ရပါလိမ့္မယ္။ ေငြကံကေတာ့ အေကာင္းဘက္မွာရွိပါတယ္။ ေငြဝင္သေလာက္ အကုန္အက်လဲအလြန္မ်ားတတ္တယ္ေပါ့ဗ်။ ကိုယ္ပိုင္စီးပြားမ်ား ဝန္ထမ္းမၿမဲျခင္းမ်ိဳးႀကဳံရတတ္ပါတယ္။ ေငြကံလဲ ျမင့္မားေနပါလိမ့္မယ္။ ရစရာရွိတဲ့ ေငြမ်ား ဆုံးၿပီလို႔ ထင္ထားတဲ့ေငြမ်ား ျပန္လည္ရရွိလာပါလိမ့္မယ္။
အေပ်ာ္ခရီးမ်ား အပန္းေျဖခရီးမ်ားလဲ သြားရတတ္ပါတယ္။ေ႐ႊထြက္တတ္ပါတယ္။ အရာရာအခ်ိန္ေပးၿပီး ေဆာင္႐ြက္မွအဆင္ေျပေခ်ာေမြ႕မွာပါ။ ဒါေၾကာင့္ စိတ္ရွည္ဖို႔ေတာ့ လိုအပ္ပါတယ္။ တနဂၤေႏြသားသမီးေၾကာင့္ စိတ္ညစ္ရတာမ်ိဳးလဲ ႀကဳံ ရဖို႔ရွိပါတယ္။ က်န္းမာေရးကေတာ့ မညံ့ပါဘူး။
အနည္းငယ္ေတာ့ ဂ႐ုစိုက္ဖို႔ လိုတာေပါ့ဗ်။ အထူးသျဖင့္အမ်ိဳးသမီးမ်ား ဓမၼတာနဲ႔ပက္သက္ေသာ ေရာဂါမ်ား ျဖစ္ရပါလိမ့္မယ္။အခ်စ္ေရးကံ ညံ့ေနတတ္ပါတယ္။ ပညာေရးအတြက္ စိတ္ပူစရာမလိုေသးပါဘူး။ ပုံမွန္သာ ႀကိဳးစားသြားပါ။ အက်ိဳးေပးဂဏန္း ၅/၇/၀အထူးေဟာ နည္းနည္းေတာ့ အလုပ္မ်ားရမည္ ယၾတာ က်န္းမာေရးမေကာင္းသူမ်ားကို လူမမာစာမ်ား လက္ေဆာင္ေပးလိုက္ပါ။
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 695 09 44 5555 695