၂၀၂၃ ခုနှစ် မှ ၅၀၇၉ ခုနှစ် အထိ အနာဂတ်၏ ကြောက်မက်ဖွယ် ထိတ်လန့်ဖွယ်ဟောကိန်းများ
ထိတ်လန့်ဖွယ် Baba Vanga ရဲ့ ဟောကိန်းများ
၁၉၉၆ တွင် သေဆုံးခဲ့သည့် မျက်မမြင် Vanga အမျိုးသမီးကြီးရဲ့ ထိတ်လန့်ဖွယ် ဟောကိန်းများဟာ မှန်ကန်ခဲ့တာကြောင့် သူမဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
သူမ အသက် သုံးနှစ်အရွယ်ကတည်းကပင် သူမရဲ့ မိဘနှစ်ပါးလုံး သေဆုံးခဲ့ပြီး သူမအသက် ၁၂ နှစ် မှာ မျက်စိကွယ်ခဲ့ပါတယ်။
Vanga ဟာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာမည့် အကြောင်းတွေ၊ ဆိုဗီယက်ယူနိယံကြီး ပြိုကွဲမည့်အကြောင်း၊ အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီ ပူးပေါင်းသွားမည့်အကြောင်း၊ မင်းသမီး ဒိုင်ယာနာ သေဆုံးမည့် အကြောင်းတွေ၊ အင်ဒိုနီးရှားဆူနာမီ ဖြစ်ပေါ်မည့် အကြောင်းတွေ၊
World Trade Center ဖြိုချခံရမည့်အကြောင်း၊ ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပေါ်မည့်အကြောင်း၊ ၄၄ ယောက်မြောက် အမေရိကန်သမ္မတဟာ လူမည်းဖြစ်မည့်အကြောင်း စသည့် ကမ္ဘာ့ထိတ်လန့်ဖွယ် ဖြစ်ရပ်များကို သူမမသေဆုံးမီကပင် မှန်ကန်စွာ ဟောကိန်းထုတ်နိုင်ခဲ့ပါတယ်။
သူမဟာ သူမ သေဆုံးမည့်ရက်နှင့် ကမ္ဘာကျော်တချို့ရဲ့ သေဆုံးမည့်ရက် အတိအကျကိုပင် မှန်ကန်စွာ ဟောကိန်း ထုတ်နိုင်ခဲ့ပါတယ်။
သူမရဲ့ ၂၀၁၆ ဟောစာတန်း ဖြစ်သည့် ISIS အဖွဲ့ ပေါ်ပေါက်လာမည့် အကြောင်း၊ မွတ်စလင်များ ဥရောပကို နေရာယူလာမည့်အကြောင်း၊ တရုတ်နိုင်ငံ အင်အား ကြီးမားလာမည့် အကြောင်းတွေဟာလဲ လတ်တလော မှန်ကန်နေသည့် ဖြစ်ရပ်များပဲ ဖြစ်ပါတယ်။
သူမရဲ့ ရှေးဖြစ်ကိန်းဟော စာတန်းများဟာ ဗုဒ္ဓရဲ့ ဟောကိန်းများဖြင့် ကိုက်ညီမှု ရှိတာကိုလည်း အံ့အားသင့်ဖွယ် တွေ့မြင်ရပါတယ်။
နောက်ဘုရားတစ်ဆူ ပွင့်ပြီးမှ ကမ္ဘာပျက်မည့် အကြောင်းဟာလည်း ဗုဒ္ဓဘာသာတို့ရဲ့ ယုံကြည်မှုတွေ့နဲ့ ကိုက်ညီနေပါတယ်။
သူမ ဟောကိန်း ထုတ်ခဲ့စဉ်တုန်းကတော့ လူအများစုဟာ မဖြစ်နိုင်ဖူးပေါကြောင်ကြောင် ဟောကိန်းများဟု လှောင်ပြောင်ခဲ့ကြသော်လည်း ထိုခေတ်အခါက ကမ္ဘာပေါ်တွင် ကြားတောင် မကြားဖူးသည့် ဆူနာမီကဲ့သို့ ဖြစ်ရပ်များဟာ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
သူမရဲ့ ဟောကိန်းတွေအထဲ လတ်တလော စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အာဖရိကန် နွယ်ဖွား အမေရိကန်သမ္မတဟာ အသက်ရှင်သည့် နောက်ဆုံးသမ္မတ ဖြစ်လိမ့်မယ်တဲ့။ ဒီဟောကိန်းဟာ အိုဘာမားကို ဆိုလိုခဲ့တာပါ။ ဒီဟောကိန်း မှန်မမှန်ကတော့ လတ်တလော စောင့်ကြည့်ကြရမှာပါ။
ပြီးခဲ့သောနှစ်က ဟောကိန်း
၂၀၁၆/ အစွန်းရောက် မွတ်စလင်မ် တို့ ဥရောပကို ကျူးကျော်မည်။ ယနေ့ ဥရောပဒေသသည် ဓာတုလက်နက်ဖြင့် စနစ်တကျ လူမျိုးတုံး တိုက်ဖျက်မှုကြောင့် ပျောက်ကွယ် သွားမည် ဖြစ်ပြီး ဘာမှမကျန်တော့သည့် စွန့်ပစ်မြေကဲ့သို့အလား ပျက်သုန်းသွားမည်။
၂၀၁၈/ တရုတ်သည် စူပါအင်အားရှိသော နိုင်ငံကြီး ဖြစ်လာပြီး အမေရိကန်သည် စတင် ယိုယွင်းလာမည်ဖြစ်သည်။
ရှေ့ဆက်ဖြစ်မယ့် ခန့်မှန်းချက်များ
၂၀၂၃/ ကမ္ဘာ့ပတ်လမ်း ပြောင်းလဲသွားမည်။ (ဒါဘာအဓိပ္ပာယ်လဲ ဘယ်သူမှ မသိ)
၂၀၂၅/ ဥရောပ ဒေသ၏ လူဦးရေသည် သုညနားသို့ ကပ်သွားလိမ့်မည်။
၂၀၂၈/ လူသားတို့ ဗီးနပ်စ်ဂြိုလ်ကို စွမ်းအင်ရှာဖွေရေးအတွက် ခရီးထွက်ခွာလိမ့်မည်။
၂၀၃၃/ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲတောင်များ အရည်ပျော်ကာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာလိမ့်မည်။ (ဒါ ဖြစ်ပြီး နေပြီ။)
၂၀၄၃/ ဥရောပဒေသကို အစ္စလာမ် ကာလီဖိတ်ဒေသ အဖြစ် အသွင်ပြောင်းရေးသည် ပြီးပြည့်စုံပြီ ဖြစ်သည်။ ရောမမြို့သည် မြို့တော် ဖြစ်လာမည်။ ကမ္ဘာ့ စီးပွားရေး လှုပ်ရှားမှု အားလုံးကို မွတ်စလင်မ် တို့ ချုပ်ကိုင် အုပ်စိုးမည်။
၂၀၄၆/ ကိုယ်တွင်းအင်္ဂါတွေကို ထုတ်လုပ်လာနိုင်ကာ အလွယ်ကူဆုံးနဲ့ လူကြိုက်အများဆုံး ကုသမှု တွေ့လာလိမ့်မယ်။
၂၀၆၆/ အမေရိကန်တို့ ရာသီဥတုပြောင်းလဲရေး လက်နက်သစ် တစ်မျိုးကို ပထမဆုံး အကြိမ် စတင် ထုတ်သုံးကာ ရောမကို ပြန်တိုက်ယူမည်ဖြစ်ပြီး ခရစ်ယာန်ကို ပြန်လည် အသက်သွင်းလိမ့်မည်။
၂၀၇၆/ ကွန်မြူနစ်ဝါဒသည် ဥရောပနှင့် အခြားသော နေရာများတွင်ပါ ပြန်လည် ဦးမော့ လာမည်။
၂၀၈၄/ သဘာဝတရား ပြန်လည်ရှင်သန်လာမည်။ (ဤအချက်လဲ မည်သူမျှ နားမလည်သေး)
၂၀၈၈/ စက္ကန့်ပိုင်းအတွင်း အရွယ်အိုသွားစေတဲ့ ရောဂါအသစ် ပေါ်လာမယ်။
၂၀၉၇/ ထိုရောဂါကို ကုသနိုင်မယ်။
၂၁၀၀/ လူသားတို့ပြုလုပ်ထားသော “နေအတု” သည် ကမ္ဘာ့ ညအခြမ်းကို တောက်ပစွာ အလင်းပေးနိုင်မည်။ (၂၀၀၈ ကထဲက စတင်နေပြီ ဖြစ်သည်။ နူကလီယား ဖြူးရှင်းစနစ်ဖြင့် လည်ပတ်မည့် နေတုစီမံကိန်း အကြောင်း ရှာဖတ်ပါလေ။)
၂၁၂၃/ နိုင်ငံအငယ်လေးတွေမှာ စစ်ဖြစ်မယ်။ နိုင်ငံကြီးတွေ လုံးဝဝင်မပါ။
၂၁၂၅/ အာကာသမှ ထူးခြားတဲ့ အချက်ပြမှု ဟန်ဂရီမြို့မှာ တွေ့လိမ့်မယ်။
၂၁၃၀/ ဂြိုလ်သားတို့၏ အထောက်အပံ့ဖြင့် လူသားတို့သည် ရေအောက်တွင် နေထိုင်နိုင် မည် ဖြစ်သည်။
၂၁၆၇/ ဘာသာတရားအသစ် ပေါ်မယ်။
၂၁၇၀/ ကမ္ဘာတစ်ခုလုံးအနှံ့ မိုးခေါင်မည်။
၂၁၈၇/ ကမ္ဘာ့အကြီးဆုံး မီးတောင်နှစ်တောင် ပေါက်ကွဲခြင်း လုံးဝရပ်တန့်သွားမည်။
၂၁၉၆/ အာရှသားနဲ့ ဥရောပသား လုံးဝရောထွေးသွားလိမ့်မယ်
၂၂၀၁/ နေ၏ စွမ်းအင် ချက်လုပ်မှု နှေးလာသည်နှင့်အမျှ ကမ္ဘာပေါ်သို့ ကျရောက်သော အပူချိန်သည် လည်း ကျဆင်းလာလိမ့်မည်။
၂၂၂၁/ အပို – ကုန်းအသက်အဘို့ရှာဖွေရေးအတွက် လူသားများက ကြောက်မက်ဖွယ်ရာတခုခုနဲ့ အဆက်အသွယ် ရလိမ့်မယ်။
၂၂၅၆/ အာကာသ ယာဉ်တစင်းမှ ရောဂါအသစ်တခု ကမ္ဘာမြေကို ပါလာလိမ့်မယ်။
၂၂၆၂/ ဂြိုလ်များ ပတ်လမ်း ပြောင်းကုန်ကြပြီး မားစ်ဂြိုလ်သည် ဥက္ကာခဲများ၏ အန္တရာယ်ကို ရင်ဆိုင်ရမည်။
၂၃၆၄/ နေတုပေါ်တွင် ချို့ယွင်းမှုတစ်ခု ဖြစ်သောကြောင့် မိုးပိုခေါင်လာမည်။
၂၂၇၁/ ရူပဗေဒဆိုင်ရာ ဥပဒေများ ပြောင်းကုန်မယ်။
2273/ White, black and yellow races will form 1 new race.
(အဖြူရောင် အနက်ရောင်နဲ့ အဝါရောင် လူမျိုးသစ် ၁ မျိုးနွယ် ဖွဲ့စည်းရန် စပါလိမ့်မယ်)
၂၂၈၈/ အချိန်ခရီးသွားခြင်းနှင့် တပါးအဆက်အသွယ်။
၂၂၉၁/ နေက တဖြည်းဖြည်း အေးလာမယ်။ ကြိုးစားပီးတော့ ပြန်ပူအောင် လုပ်ရမယ်။
၂၂၉၆/ နေဂြိုလ်မှာ ပြင်းထန်တဲ့ပေါက်ကွဲမှု ဖြစ်မယ်။ ဆွဲငင်အားတွေ ပြောင်းကုန်မယ်။ အာကာသယာဉ် အဟောင်းတွေ ပျက်ကျကုန်မယ်။
၂၂၉၉/ ပြင်သစ်မှာ ခုခံလှုပ်ရှားမှုတခု အစ္စလန်ဘာသာ ဆန့်ကျင်ထမြောက်ကြလိမ့်မယ်။
၂၃၀၂/ စကြဝဠာရဲ့အရေးကြီးတဲ့လျှို့ဝှက်ချက်များနဲ့ ဥပဒေ များကိုထုတ်ဖော် ပြသကြမယ်။
၂၃၀၄/ လကမ္ဘာလည်း ထိုနည်း၎င်း
၂၃၄၁/ ကြောက်မက်ဖွယ် အရာတခု ကမ္ဘာကို ချဉ်းကပ်လာလိမ့်မယ်။
၂၃၅၄/ နေကြောင့် မိုးခေါင်လိမ့်မယ်
၂၃၇၁/ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု
၂၄၈၀/ နေတု နှစ်လုံး တိုက်မိသောကြောင့် ကမ္ဘာပေါ်တွင် မှောင်အတိ ဖြစ်သွားမည်။
၃၀၀၅/ မားစ်ပေါ်ရှိ ပဋိပက္ခကြောင့် မားစ်ဂြိုလ်လမ်းကြောင်း ပြောင်းမည်။
၃၀၁၀/ လကို ဥက္ကာခဲ အကြီး တစ်ခု ဝင်တိုက်လိမ့်မည်။ ဥက္ကာခဲ အပိုင်းအစများနှင့် ပြာမှုန့်များ ကမ္ဘာကို အကွင်းလိုက် ဝန်းရံလိမ့်မည်။
၃၇၉၇/ ကမ္ဘာပေါ်ရှိ အရာအားလုံး သေဆုံးသွားတော့မည်။ လူသားမျိုးနွယ်တို့သာ နောက်ထပ် အဆင့်ပိုမြင့်သော ကြယ် အစုအဝေးတစ်ခုသို့ လွန်မြောက်သွားနိုင်လိမ့်မည်။
၃၈၀၃/ ဂြိုလ်အသစ်မှာ လူနဲနဲဖြင့်စနေမယ်။ ရာသီဥတုအသစ် သက်ရှိပေါ်သက်ရောက်မှု – သူတို့ဗီဇ ပြောင်းစေနိုင်တယ်။
၃၈၀၅/ သဃံဇာတ အရင်းအမြစ်အတွက် စစ်ဖြစ်။ ရှိတဲ့လူတဝက်ထက် ပိုမိုသေဆုံးနိုင်။
၃၈၁၅/ စစ်ပြီးဆုံး
၃၈၅၄/ လူမှုယဉ်ကျေးမှု၏ ဖွံ့ဖြိုးတိုးတက်ရေးကို လုံးဝနီးပါး ရပ်လိုက်နိုင်သည်။ လူတွေဟာ တိရစ္ဆာန်တွေလို စုနေထိုင်ကြလိမ့်မယ်။
၃၈၇၁/ ဘုန်းကြီးတပါးက လူတွေကို ဘာသာရေး အကြောင်းတွေ ပြောပြမယ် (ဘုရားတစ်ဆူ ပွင့်မလားတော့ မသိဘူးဗျ)
၄၃၀၂/ မြို့အသစ်တွေ ထူထောင်ပြီး သိပ္ပံပညာအသစ်တွေ နည်းပညာအသစ်တွေ သိမယ်။ ရှိရှိသမျှ ရောဂါအားလုံး ဖြစ်စဉ်တွေကုသမှုတွေ အလုံးစုံသိပြီ။
၄၃၀၈/ လူတွေရဲ့ ဦးနှောက်ဟာသာမန်ထက် 34 %ပိုပြီး ထက်မြက်လာမယ်။ မကောင်းသောစိတ်များ အငြိုးထားသောစိတ် အယူအဆများပျောက်ကွယ်သွားမယ်။
၄၅၀၉/ နောက်ဆုံးတွင် ဘုရားသခင်နှင့် ပြောဆို ဆက်သွယ်နိုင်စွမ်း ဖွံ့ဖြိုးတိုးတက်သော အဆင့်ထိ ရောက်မယ်။
၄၅၉၉/ လူတွေ မသေတော့ဘူး။
၅၀၇၉/ ကမ္ဘာကြီး အဆုံးသတ်မည်။
𝓒𝓻𝓮𝓭𝓲𝓽 𝓣𝓸 𝓞𝓻𝓲𝓰𝓲𝓷𝓪𝓵 𝓤𝓹𝓵𝓸𝓪𝓭𝓮𝓻
အာကာသနှင့်သိပ္ပံနည်းပညာ