ဗဟုသုတ

”မယားကစြန္႔ပစ္ ၁ႏွစ္ လင္စြန္႔ပစ္ ၃ႏွစ္ ၾကာရင္” အလိုလို ကြာရွင္းၿပီးသားျဖစ္သြား ျပီလား…

”မယားကစြန္႔ပစ္ ၁ႏွစ္ လင္စြန္႔ပစ္ ၃ႏွစ္ ၾကာရင္” အလိုလို ကြာရွင္းၿပီးသားျဖစ္သြား ျပီလား…
”မယားကစြန္႔ပစ္ ၁ႏွစ္ လင္စြန္႔ပစ္ ၃ႏွစ္ ၾကာရင္” အလိုလို ကြာရွင္းၿပီးသားျဖစ္သြာျးပီေလ ”ဆိုေသာအရပ္စကားအေပၚ အထင္အျမင္ရွင္းလင္းေစရန္…

လင္မယားကြာရွင္းျခင္းဥပေဒ… လင္မယား အဆက္အသြယ္ အေထာက္အပံ့မရွိလဲ တရားဝင္ မကြာရွင္းေသးသ၍ လင္မယားအရာ မပ်က္ယြင္းပါ။

လင္ျဖစ္သူ ေနအိမ္မွစြန္႔ခြာၿပီး ၃ ႏွစ္တိုင္ေအာင္ အဆက္အသြယ္ အေထာက္အပံ့ မရွိရင္ေသာ္၎ ေနာက္အိမ္ေထာင္ ျပဳ ရင္ေသာ္၎ မယား၏ ကိုယ္စိတ္ႏွစ္ပါး ဆင္းရဲေစရန္ ေန႔စဥ္နဲ႔အမွ် ႏွိပ္စက္ေနရင္ေသာ္၎

မယားအား လက္ေရာက္မႈ တစ္ႀကိမ္ က်ဴ းလြန္ယုံမွ်ျဖင့္၎ (မယားမွ တရား႐ုံးမွာ ကြာရွင္းခြင့္ ေလွ်ာက္ထားႏိုင္ပါသည္)။

က်ိဴ းေၾကာင္းဆီေလ်ာ္မႈမရွိေသာ အေၾကာင္းျပခ်က္နဲ႔ မယားသည္ ေနအိမ္မွစြန္႔ခြာကာ ၁ ႏွစ္တိုင္ အဆက္အသြယ္မလုပ္ / ျပန္ေပါင္းရန္ မႀကိဳ းစားလွ်င္၄င္း အိမ္ေထာင္ေရး ေဖာက္ျပန္လွ်င္ေသာ္၄င္း (လင္ျဖစ္သူဖက္မွ တရား႐ုံးတြင္ ကြာရွင္းခြင့္ ေတာင္းႏိုင္ပါသည္။)

လင္မယားအရာေျမာက္ဖို႔ လက္ထပ္စာခ်ဴပ္လုပ္ရန္/ မဂၤလာဆြမ္းေကြၽး/ မဂၤလာေဆာင္က်င္းပ စတာေတြမလိုဘဲ ပတ္ဝန္းက်င္မွာ လင္မယားလို အထင္အရွား ေပါင္းသင္းေနထိုင္႐ုံနဲ႔ တရားဝင္ လင္မယားအရာ ေျမာက္ပါသည္။

ရပ္/ ေက်း႐ုံး / ေရွ႕ေန စသူတို႔ေရွ႕၌ (ကြာရွင္းျခင္းကတိစာခ်ဳပ္) မဟုတ္ေသာ စာခ်ဴ ပ္လက္မွတ္ေရးထိုး ကြာရွင္းျခင္းသည္ ဥပေဒအရ တရားမဝင္ေသာ္လည္း သက္ေသအျဖစ္ တင္ျပခြင့္ရွိသည္။

သတင္းစာထဲတြင္ တဖက္သတ္ ကြာရွင္းျပတ္စဲေၾကာင္း ေၾကျငာျခင္းမ်ားသည္ ကာယကံရွင္ႏွင့္ ၎တို႔ပတ္ဝန္းက်င္ သိေစရန္မွ်သာျဖစ္ၿပီး ဥပေဒအရ တရားမဝင္ပါ။

viber /messanger/ voice record စတာေတြနဲ႔ အိမ္ေထာင္ေရးေဖာက္ျပန္ေၾကာင္း သက္ေသေတြဟာ သက္ေသခံ တင္ျပခြင့္ရွိေပမယ့္ ခိုင္မာမႈမရွိတဲ့အျပင္ တဖက္မွ ေခ်ပဖို႔ အခြင့္အလမ္းမ်ားစြာ ရွိေနတာကို ဂ႐ုျပဳရပါမယ္။

active ျဖစ္တဲ့ video file သာလွ်င္ မိမိဖက္က အသာစီးရႏိုင္မယ့္ သက္ေသျဖစ္သည္။ ကြာရွင္းၿပီးေသာ လင္မယားတို႔သည္ ျပန္လည္ေပါင္းသင္းပါက လူသိ/ နတ္ၾကား ေပါင္းသင္းရမွာျဖစ္ၿပီး

ဆိတ္ကြယ္ရာအရပ္မ်ားတြင္ အလ်ဥ္းသင့္သလို ဆက္ဆံ႐ုံမွ်ျဖင့္ ယခင္ကြာရွင္းထားေသာ စာခ်ဴ ပ္အား အလိုအေလ်ာက္ မပ်က္ျပယ္ႏိုင္ပါ။

(အခ်ဳပ္အားျဖင့္) ျမန္မာ့ထုံးတမ္းအရ ျမန္မာ/ ဗုဒၶဘာသာဝင္မ်ားသည္ လင္မယားကြာရွင္းၾထင္း ကိစၥမ်ား၌ စာခ်ဴ ပ္/ စာတမ္းမလို ကာယကံရွင္ ၂ ဦး၏ လြတ္လပ္ေသာ ဆႏၵသာအဓိကဟု စီရင္ထုံးမ်ားစြာမွာ ေဖာ္ျပထားေသာ္လည္း

စီရင္ထုံးဆိုသည္ကား ျပဌာန္းဥပေဒ မဟုတ္သည့္အတြက္ အျငင္းပြားစရာျဖစ္လာပါက နစ္နာမႈမ်ားစြာ ႀကဳံေတြ႕ရမွာျဖစ္၏။ တလင္တမယားစနစ္ က်င့္သုံးေရး ဥပေဒ တည္ၿမဲေနစဥ္အတြင္း ကြာရွင္းမည္ဆိုပါက တရား႐ုံးမ်ားတြင္သာ စိတ္အခ်ရဆုံးျဖစ္၏။

လင္မယား အတူမေန/မေထာက္ပံ့/အဆက္အသြယ္မလုပ္ပါက ႏွစ္ဘယ္ေလာက္ၾကာရင္ အလိုအေလ်ာက္ ျပတ္စဲပါသလဲ ဟူေသာ အမ်ားစု သိခ်င္သည့္ေမးခြန္းအား ၎လင္မယား ၂ ေယာက္ထဲမွ

တစ္ေယာက္ေယာက္ တမလြန္ခရီး ႏွင္မွသာ အလိုလို ပ်က္စဲမွာျဖစ္ပါေၾကာင္း cb မွ မၾကာခဏ ေမးတတ္လြန္းသူမ်ားအား ေျဖၾကားေပးလိုက္ပါသည္။

Crd; Kinh Win (ဥပေဒစကားဝိုင္း)# မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

”မယားကစွန့်ပစ် ၁နှစ် လင်စွန့်ပစ် ၃နှစ် ကြာရင်” အလိုလို ကွာရှင်းပြီးသားဖြစ်သွား ပြီလား…
”မယားကစွန့်ပစ် ၁နှစ် လင်စွန့်ပစ် ၃နှစ် ကြာရင်” အလိုလို ကွာရှင်းပြီးသားဖြစ်သွာြးပီလေ ”ဆိုသောအရပ်စကားအပေါ် အထင်အမြင်ရှင်းလင်းစေရန်…

လင်မယားကွာရှင်းခြင်းဥပဒေ… လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း

မယားအား လက်ရောက်မှု တစ်ကြိမ် ကျူ းလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။

ကျိူ းကြောင်းဆီလျော်မှုမရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြို းစားလျှင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်လျှင်သော်၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်။)

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ရုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။

ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာချုပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။

သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေးဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှုမရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။

active ဖြစ်တဲ့ video file သာလျှင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။ ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး

ဆိတ်ကွယ်ရာအရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံရုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ။

(အချုပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်းထြင်း ကိစ္စများ၌ စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း

စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှုများစွာ ကြုံတွေ့ရမှာဖြစ်၏။ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေ တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။

လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်စဲပါသလဲ ဟူသော အများစု သိချင်သည့်မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှ

တစ်ယောက်ယောက် တမလွန်ခရီး နှင်မှသာ အလိုလို ပျက်စဲမှာဖြစ်ပါကြောင်း cb မှ မကြာခဏ မေးတတ်လွန်းသူများအား ဖြေကြားပေးလိုက်ပါသည်။

Crd; Kinh Win (ဥပဒေစကားဝိုင်း)# မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။